Nara House

Nara House Nara House, 建築資材, Nara-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Padaukパダウ
03/05/2026

Padauk
パダウ

31/03/2026
31/03/2026

春が来た。
Spring has come.
နွေဦးရောက်ပြီ။

နွေဦးပန်းများပွင့်လန်းချိန်ကံ့ကော် ပိတောက်မနက်ခင်းအိမ်တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ တိုးဝင်လာတဲ့မွှေးရနံ့တွေကသင်းပျံ့ကြိုင်...
31/03/2026

နွေဦးပန်းများပွင့်လန်းချိန်

ကံ့ကော် ပိတောက်
မနက်ခင်းအိမ်တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ တိုးဝင်လာတဲ့မွှေးရနံ့တွေကသင်းပျံ့ကြိုင်လှိုင်နေတော့တာ။ အပျော်တွေကလည်းရင်ထဲမှာတလှပ်လှပ်။ တဆက်တည်းမှာပဲ စိတ်ကူးထဲမှာ ခူးရမယ်၊ ဘုရားကိုကပ်လှူမယ်၊ ဧည့်ခန်းမှာပန်းတအိုးအလှထိုးမယ်၊ ထမင်းစားပွဲပေါ်မှာပန်းတအိုးထားမယ်၊ ဓါတ်ပုံရိုက်မယ်၊ မှတ်တမ်းတင်ထားမယ်၊ အနီးအဝေးသူငယ်ချင်းတွေအားလုံးမြင်အောင် Facebook ပေါ်မှာတင်မယ် ဆိုတဲ့အတွေးတွေနဲ့လုပ်စရာအလုပ်တွေတပုံတပင်ကြီးတန်းစီများပြားသွားပြီးစိတ်တွေလှုပ်ရှားနေတော့တာ။ တက်ကြွခြင်း ပျော်ရွင်ခြင်း နှစ်သက်ခြင်း ကြည်နူးခြင်း စိတ်လှုပ်ရှားခြင်းတွေနဲ့ရသအစုံပေးတယ်။ နေ့တဝက်လောက်ကတော့တခြားဘာအလုပ်မှစိတ်မဝင်စားတော့ဘဲသူတို့နဲ့ဘဲအချိန်ကုန်နေရတော့တာပါပဲ။ ပန်းတွေပွင့်တဲ့ရက်များပြီးဆုံးမှဘဲ ကဲ .. ပြီးပါပြီ ဆိုတဲ့စိတ်နဲ့ကိုယ်ရောစိတ်ပါ ဣိဒ္ဒြေရတော့တယ်။

Sakura ချယ်ရီပန်းလေးတွေ
တနေ့တနေ့သစ်လွင်ရင့်သန်လာတဲ့အဖူးလေးတွေကိုနေ့တိုင်းအရိပ်တကြည့်ကြည့်နဲ့မထိရက်မတို့ရက်တမော့မော့မျှော်စောင့်ခဲ့ရတယ်။ ပင်လုံးကျွတ်ပွင့်ကြတဲ့အလှဆုံးအချိန်မှာ သူတို့ကိုတစိမ့်စိမ့်ကြည့်ပြီးကြည်နူးဝမ်းမြောက်ရတဲ့အင်မတန်ငြိမ်သက်အေးချမ်းတဲ့ရသကိုပေးကြတယ်။
သက်တမ်းကသိပ်မကြာတာမို့တပါတ်လောက်အနေမှာကြွေကာကျပြန်တော့လည်း ပန်းနုရောင်ပန်းဖတ်ကလေးတွေနဲ့ပန်းမြေပြင် ပန်းရေပြင် ပန်းခင်းတဲ့လမ်းနေရာအနှံ့ကဗျာလေးတွေပေါ့။

ချယ်ရီပင်အောက်မှာ ပိတောက်နဲ့ကံ့ကော်ကိုသတိရခြင်းပါ။

Ohina-sama dolls display for HINAMATSURI on March 3.
11/02/2026

Ohina-sama dolls display for HINAMATSURI on March 3.

Sunset
07/02/2026

Sunset

မနက်အာရုဏ်တက်ကာနီးအချိန်မှာ လကွေးကွေးလေးသာနေပုံဟာချစ်စရာ လွမ်းစရာ ကြည်နူးစရာ။ ကြယ်သေးသေးတောက်တောက်ကလေးတွေကလည်းတန်းလို့စီ...
07/02/2026

မနက်အာရုဏ်တက်ကာနီးအချိန်မှာ လကွေးကွေးလေးသာနေပုံဟာချစ်စရာ လွမ်းစရာ ကြည်နူးစရာ။ ကြယ်သေးသေးတောက်တောက်ကလေးတွေကလည်းတန်းလို့စီလို့။ အလင်းရောင်လာတော့သူတို့လည်းပျောက်သွားတော့မှာပေါ့။ နှမြောသလိုလို ဝမ်းနည်းစရာလိုလို သို့သော်နေဝင်ပြီးတော့သူတို့တတွေပြန်ပေါ်လာဦးမှာမဟုတ်လား။ ဝမ်းနည်းခြင်းနဲ့ခွင့်လွှတ်ခြင်းဆိုတာလည်းအမြဲဒွန်တွဲလျှက်ပဲလို့တွေးမိတဲ့အခါ ဝမ်းနည်းစိတ်နဲ့ခွင့်လွှတ်ခဲ့တဲ့အရာတွေကအစီအရီပေါ်လာတယ်။

2026/February/6ကိုယ်တို့ငယ်ငယ်ကလမ်းလျှောက်စျေးသည်တွေထဲထူးထူးခြားခြားတစ်ယောက်ရှိတယ်။ သူရောင်းတာက ဟာသ။ သူ့အသံက အနိမ့်အမြင်...
06/02/2026

2026/February/6

ကိုယ်တို့ငယ်ငယ်ကလမ်းလျှောက်စျေးသည်တွေထဲထူးထူးခြားခြားတစ်ယောက်ရှိတယ်။ သူရောင်းတာက ဟာသ။ သူ့အသံက အနိမ့်အမြင့်အတက်အကျမရှိတဲ့ဝတ်ကျေတန်းကျေအသံ။
“ဟာသတွေဆယ့်ငါးပြား၊ ဟာသတွေဆယ့်ငါးပြား” ၃ စက္ကန့်လောက်မှာတခါ ဒါကိုဘဲထပ်တလဲလဲမငြီးမငွေ့အော်တယ်။ ငယ်ဘဝမှာ ကာတွန်းဦးဘဂျမ်း၊ ကာတွန်းမောင်ဝဏ္ဏ၊ ကာတွန်းငွေကြည်၊ ကြီးလာတော့ ကာတွန်းအော်ပီကျယ် ဒီလိုတွေနဲ့ကြီးပြင်းလာခဲ့ရတော့ ကိုယ်တို့အတွက်ကတော်ရုံဟာသမတိုးချေ။
ဒီနေ့ခေတ်မှာတော့ ဆယ့်ငါးပြားပေးဝယ်စရာမလိုဘဲ ဟာသတွေပေါပေါပဲပဲတွေ့နေရပါပြီ။ တချို့ဟာသတွေဆိုဝတ်ရုံကြီးတွေခြုံလို့။ မရယ်ရလို့ရယ်လိုက်ရတာ။
🤭🤭🤭

ပုံကတော့ Royal Match က ကိုယ့်ကိုဆုချီးမြှင့်တာ။ ကိုယ်ဟာ Level 5000 ကိုအောင်မြင်သွားတဲ့ PhD ပါ။

Khin Kawasome
2026/February/06

“အမှတ်တရ လမ်းကလေးအေဒီ” AD လမ်းဆိုတာ ငယ်စဉ်ဘဝမှာကိုယ်တို့ခြေရာတွေချည်းသာ။  စီးပွါးရေးတက္ကသိုလ်တက်တော့ လှိုင်နယ်မြေမှာ ၂ န...
06/12/2025

“အမှတ်တရ လမ်းကလေးအေဒီ”
AD လမ်းဆိုတာ ငယ်စဉ်ဘဝမှာကိုယ်တို့ခြေရာတွေချည်းသာ။ စီးပွါးရေးတက္ကသိုလ်တက်တော့ လှိုင်နယ်မြေမှာ ၂ နှစ်၊ မိန်းထဲမှာ ၂ နှစ်။ ပထမနှစ်နဲ့ဒုတိယနှစ် လှိုင်နယ်မြေ မှာတက်ခဲ့ရတဲ့ ၂ နှစ်ကို အသွားအပြန်လမ်းလျှောက်ပြီးတက်ခဲ့တာ။
အခုအချိန်ကတော့သမီးကိုနေ့စဉ်ကျောင်းပို့ကျောင်းကြိုလုပ်နေတာဆိုတော့ ခြေရာတွေမဟုတ်တော့ဘဲ ကားဘီးရာတွေချည်းဖြစ်သွားပါပြီ။
ဒီလမ်းကလေးပေါ်ကငယ်ဘဝအမှတ်တရလေးတွေ MV အဖြစ်နဲ့မှတ်တမ်းတင်ထားပါတယ်။ သီချင်းလေးကချစ်စရာလေးပါ။ ရိုက်ထားတာလေးကလည်းချစ်စရာ လွမ်းစရာ တော်တော်လေးကောင်းပါတယ်။

“လမ်းကလေးအေဒီ ၂”

တေးဆို - မောင်သိန်းဝင်း ၊ ချိုသံသာ
စာသား၊သံစဉ် - ရွှေအသစ်
ဂီတမှူး - မြတ်စိုး
Mixing - မောင်မောင်Zephyr

သရုပ်ဆောင် - အာကာလတ် ၊ သွန်းမြတ်စန္ဒီ
Directing - သျှိုကြီး ၊ အာကာလတ်
Cover Art - အာကာလတ်

ဒီရက်အတွင်း ဒီစာအုပ်ကလေးကိုဖတ်ကြည့်နေပါတယ်။ နေ့သစ် နှစ်သစ်မှာ လူသစ်စိတ်သစ် အရာရာအသစ်တွေနဲ့အစပြုဘို့အတွေးသစ်တွေကိုပေးတဲ့စ...
29/11/2025

ဒီရက်အတွင်း ဒီစာအုပ်ကလေးကိုဖတ်ကြည့်နေပါတယ်။ နေ့သစ် နှစ်သစ်မှာ လူသစ်စိတ်သစ် အရာရာအသစ်တွေနဲ့အစပြုဘို့အတွေးသစ်တွေကိုပေးတဲ့စာအုပ်ကလေးပါ။

“Walking away with integrity will always be worth more than staying with suspicion.” ဆိုတဲ့စာကြောင်းလေးကိုလည်းမှတ်မှတ်ထင်ထင်ဖတ်လိုက်ရပါတယ်။

စာရေးဆရာမ MON HALSEY ရဲ့ ၃၀ အုပ်မြောက်အမှတ်တရစာအုပ်

RE-ADJUST
REFOCUS

住所

Nara-shi, Nara
6310003

電話番号

+819024763989

ウェブサイト

アラート

Nara Houseがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Nara Houseにメッセージを送信:

共有する

カテゴリー