17/08/2024
ပေါ်လစ်အကြောင်း တစ်စေ့တစ်စောင်း
__________ _________ _________
ကျွန်းပါကေး ခင်းပြီးရင်တော့ ပေါ်လစ်ဆေးသုတ်ပေးရပါတယ်✅️
(Polish)ပေါ်လစ်ပုံးတွေရဲ့အောက်ခြေမှာ စာတွေရေးထားတာကိုတွေ့ပါလိမ့်မယ်/အမျိုးအစားတူမှသာအသုံးပြုရတာ လွယ်ကူပြီ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
နိုင်ငံခြားပေါ်လစ်ဆေးတွေမှာတော့ လုပ်ငန်း(၃)ရပ်ရှိပါတယ်လို့လေ့လာမိပါတယ်✅️
သို့သော်လည်း ပထမဦးဆုံးအနေနဲ့ ပေါ်လစ်မသုတ်မှီ
(Easy Bleach) သစ်အရောင်ညှိဆေး သုတ်ပေးရပါတယ်
သစ်အရောင်ညှိဆေး ဆိုပေ့မယ် သစ်သားဂျေးချွတ်ဆေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။
သူ့ကိုတော့ရေနဲ့ရောသုတ်ရပါတယ်။
သူမပါရင်တော့ ပေါလစ်အရောင်က မလှတော့ပါဘူး။
1️⃣ဖီလာ(Filler)
ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်များစွာရှိပါတယ် ကိုယ်လိုချင်တဲ့အရောင်အသုံးပြုနိုင်ပါတယ်/ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ(Tinner)နဲ့ဖျော်စပ်ရပါတယ်။
2️⃣ ဆီလာ(Sealer)
ဆီလာမှာလည်း အများကြီး သိဖို့တော့မလိုပါဘူး လေးမျိုးလောက်သိထားရင် အဆင်ပြေနေပါပြီ။
💥NC/ဆီလာနဲ့ PCဆီလာ
________ ________ _______
ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွာလှပါဘူး
NC/PC ၁ဆ+တင်နာ၂ဆဖျော်စပ်သုတ်ပေးရင်အဆင်ပြေပါတယ်။
သစ်ကြောပိတ်တာ မပိတ်တာကိုကြတော့ သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ
အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာပါဝင်ပါတယ်။
ACဆီလာ
_________
AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်တာကြောင့် ရုပ်ထွက်ကောင်းတယ် ကြည်လင်တယ်အလယ်လတ်တန်းစား ဆီးလာလို့သိထားရင် ရပါပြီ။
AC ဆီလာမှာတော့ (Hardener)ဟာဒနာ ပါဝင်လာပါတယ်
ဆီလာမှာတော့ သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်
ဒါပေမယ့် ဒီမှာ အချိုးစားအများကြီး မသုံးထားပါဘူး
ဆီလာ ၁၀ဆ+ဟာဒနာ ၁ဆ+တင်နာ ၅ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာအတွဲတွေပါ ပရိဘောဂတွေ ကြမ်းခင်းပိုင်းတွေ အတွက်အသုံးပြုရတာ ပိုအဆင်ပြေပါတယ်✅️
PUဆီလာ
_________
PU ဆီလာက သစ်ဆီးအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်
ဆီလာသားနည်းနည်းနောက်တယ်
အိတယ်
ချောမွေ့တယ်
ပြောင်တင်းတယ်
ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း
လှေခါးပိုင်းလို့ အနင်းပိုင်းတွေအတွက်အထူးသင့်တော်ပါတယ်။
စျေးလည်း မြင့်ပါတယ်။ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြုမှုပိုများလာပါတယ်။
PUဆီလာ ၁၀ဆ+PU ဟာဒနာ ၅ဆ+PUတင်နာ ၅ဆ
သုံးမျိုးပဲ ပေါင်းစပ်အသုံးပြုရပါတယ်။
3️⃣Lacquer နဲ့ Topcoat
တတိယ လုပ်ငန်းဖြစ်တဲ့... Lcaနဲ့ Topရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးပေါ့
Lacquer လိုက်ကာတွေဟာ NC/PC(ဆီလာ)နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။သူ့ကို တင်နာနဲ့ ပေါင်းစပ်ပြီး နှစ်မျိုးတည်း သုံးပါတယ်။
ဒါပေမယ့် 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UTလို့ရေးထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။
ခြောက်ချိန်နှေးမယ်၊ တင်နာအမျိုးစားရွေးတယ်၊ကြည်လင်တယ်၊ အသန့်ကြိုက်တယ်ပေါ့၊ရုပ်ထွက်အလွန်ကောင်းပါတယ်၊% ရာခိုင်နုန်းအနေနဲ့ပြောရရင် 90%လောက်ထိ ကြည်လင်ပြီ ပြောင်ပါတယ်။
T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ တင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိပါတယ်။
ဒီအမျိုးအစားတွေထဲမှာ အမှိန်တွေ လာလည်ပါတယ်
ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာအပိုင်းဖြစ်ပါတယ်။
♦️Topcoat ကိုတော့ ဆီလာတွေနဲ့ တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ နားလည်ထားပါတယ်။
NC/PC Topcoat
AC/ Topcoat
PU/ Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုးအစားအတိုင်း အသုံးပြုပေးရမှာ ဖြစ်ပါတယ်
နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ်အသုံးပြုလို့ ရပါတယ်ခင်ဗျာ
Crd