Double Rhinos Ready Mixed Concrete

Double Rhinos Ready Mixed Concrete Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Double Rhinos Ready Mixed Concrete, Building Materials, Mandalay Head Office No. (E-1 to 10) , 107th Street, Between 64th and 65th street, Mandalay.

နိုင်ငံတကာအဆင့်မီ ခေတ်မီ နည်းပညာများဖြင့် ထုတ်လုပ်ထားသော အရည်အသွေး သာလွန်ကောင်းမွန်တဲ့ DR RMC ✅👍🏻

☎️အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက-

အထက်မြန်မာပြည်ရုံးချုပ် - 09-882299923
အောက်မြန်မာပြည်ရုံးခွဲ - 09-799811169

"𝐑𝐞𝐚𝐝𝐲 𝐌𝐢𝐱𝐞𝐝 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 သုံးတာက တကယ်ပဲ ဈေးပိုကြီးသလား?" 🤔💸အပေါ်ယံကြည့်ရင်တော့ လူနဲ့ဖျော်တာက ပိုသက်သာသလို ထင်ရပေမဲ့ တကယ်တမ်...
14/05/2026

"𝐑𝐞𝐚𝐝𝐲 𝐌𝐢𝐱𝐞𝐝 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 သုံးတာက တကယ်ပဲ ဈေးပိုကြီးသလား?" 🤔💸

အပေါ်ယံကြည့်ရင်တော့ လူနဲ့ဖျော်တာက ပိုသက်သာသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ 𝐑𝐞𝐚𝐝𝐲 𝐌𝐢𝐱𝐞𝐝 က ပိုပြီး "တွက်ခြေကိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု" ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့...

၁။ အလေအလွင့် မရှိခြင်း 📉 - ကိုယ်တိုင်ဖျော်စပ်ရင် ပစ္စည်းအလေအလွင့် ၅% ကနေ ၁၀% အထိ ရှိတတ်ပါတယ်။ 𝐑𝐞𝐚𝐝𝐲 𝐌𝐢𝐱𝐞𝐝 ကတော့ လိုအပ်တဲ့ ပမာဏအတိအကျကို စက်ရုံက စနစ်တကျ ဖျော်ပေးတာမို့ ပစ္စည်းဖိတ်စင်မှုအတွက် ပိုပေးစရာ မလိုတော့ပါဘူး။

၂။ လုပ်အားခနဲ့ အချိန်ကို ချွေတာခြင်း ⏳ - လူအင်အားနဲ့ တစ်နေကုန် လောင်းရမယ့်အလုပ်ကို နာရီပိုင်းအတွင်း ပြီးစီးစေပါတယ်။ ဒါဟာ လုပ်သားခကို လျှော့ချပေးရုံတင်မကဘဲ စီမံကိန်းကာလကိုပါ မြန်ဆန်စေပါတယ်။

၃။ ရေရှည်ပြုပြင်စရိတ်🛡️ - အချိုးအစားမမှန်လို့ နောက်ပိုင်းမှာဖြစ်လာမယ့် အက်ကြောင်းထတာနဲ့ ရေစိမ့်တဲ့ပြဿနာတွေကို အစကတည်းက တားဆီးပေးပါတယ်။

ဒါကြောင့် အိမ်ဆောက်တော့မယ်ဆိုရင် ဈေးနှုန်းတစ်ခုတည်းကို မကြည့်ဘဲ ရေရှည်အတွက်ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

လူကြီးမင်းတို့ရော အိမ်ဆောက်တဲ့အခါ ဘယ်အချက်ကို အဓိကထားပြီး စဉ်းစားလေ့ရှိကြလဲ? 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ဝေမျှပေးသွားပါဦးနော်။👇🏻

#ဆောက်လုပ်ရေးဗဟုသုတ

အဆောက်အဦးတစ်ခု ခိုင်ခံ့ဖို့ အုတ်မြစ်ကောင်းဖို့ လိုအပ်သလို၊ လူတစ်ယောက်ရဲ့ဘဝ ခိုင်မာဖို့ဆိုတာကလည်း မိခင်ရဲ့မေတ္တာဆိုတဲ့ အခ...
10/05/2026

အဆောက်အဦးတစ်ခု ခိုင်ခံ့ဖို့ အုတ်မြစ်ကောင်းဖို့ လိုအပ်သလို၊ လူတစ်ယောက်ရဲ့ဘဝ ခိုင်မာဖို့ဆိုတာကလည်း မိခင်ရဲ့မေတ္တာဆိုတဲ့ အခြေခံအုတ်မြစ် ကောင်းမွန်ခဲ့လို့ပါပဲ။ ကိုးလလွယ် ဆယ်လဖွား မေတ္တာတရားဟာ ဘယ်တော့မှ မပြိုလဲနိုင်တဲ့ အခိုင်မာဆုံးသော အားအင်တစ်ခုပါ✨

ဒီကနေ့မှာ ကျရောက်တဲ့ Happy Mother's Day မှာ မေတ္တာတရားနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ထာဝရပြုံးပျော်နိုင်ကြပါစေ။ ခိုင်မာတဲ့ အရည်အသွေးကို ရှေးရှုတဲ့ Double Rhinos Ready Mixed Concrete မှ အမေများအားလုံးကို လေးစားစွာဖြင့် ဂါရဝပြု ဆုတောင်းပေးလိုက်ပါတယ် 🙇‍♂️✨💐💖

"Project တစ်ခုကို သတ်မှတ်ထားတဲ့ Deadline အမီ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ဖို့ဆိုတာ လုပ်ငန်းရှင်တိုင်းအတွက်အကြီးမားဆု...
08/05/2026

"Project တစ်ခုကို သတ်မှတ်ထားတဲ့ Deadline အမီ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ဖို့ဆိုတာ လုပ်ငန်းရှင်တိုင်းအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါ။"

လက်တွေ့လုပ်ငန်းခွင်မှာ ကြုံရတတ်တဲ့ အနှောင့်အယှက်တွေကို ကြိုတင်တွက်ဆထားနိုင်မှသာ အချိန်ကုန်၊ လူပင်ပန်း သက်သာမှာဖြစ်ပြီး အလုပ်တွေ ကြန့်ကြာမသွားအောင် ဘယ်လို အချက်တွေကို သတိထားရမလဲ၊ ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲဆိုတာကြည့်လိုက်ရအောင်👇

✅ ကုန်ကြမ်းပြဿနာ
ပစ္စည်းကို အလုပ်စမှ မှာတာမျိုးမဟုတ်ဘဲ ကြိုတင်မှာယူထားသင့်ပါတယ်။ ပစ္စည်းမရောက်လို့ လုပ်ငန်းခွင် နားနေရတာမျိုး မဖြစ်ပါစေဖို့ Supplier တစ်ဦးထက်ပိုပြီး ချိတ်ဆက်ထားတာက အန္တရာယ်အကင်းဆုံးပါ။

✅ စီမံခန့်ခွဲမှု
အလုပ်သမား ရှိရုံနဲ့မရပဲ သေချာကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ကျွမ်းကျင်လုပ်သား မလုံလောက်ရင် အလုပ်ကြန့်ကြာပါတယ်။ လူအင်အားကို သေချာတွက်ချက်ပြီး တာဝန်တွေကို တိတိကျကျ ခွဲဝေပေးဖို့ကအရေးကြီးဆုံးပါ။

✅ ရာသီဥတု
မိုးရွာလို့ အလုပ်နားရမှာကို ကြိုတွက်ထားပါ။ ရာသီဥတုဒဏ် ခံနိုင်မယ့် အစီအစဉ်မျိုး ရှိထားရင် Project မပြတ်တောက်တော့ပါဘူး။

Project တစ်ခု နှောင့်နှေးမှုကို ရှောင်ရှားဖို့ဆိုတာ "ကြိုတင်ပြင်ဆင်မှု" ကောင်းဖို့ပဲ လိုပါတယ်။ ဒီအချက်တွေကို သေချာပြင်ဆင်ထားမယ်ဆိုရင် လူကြီးမင်းတို့ရဲ့ Project ဟာ သတ်မှတ်ရက်အတွင်း အောင်မြင်စွာ ပြီးမြောက်မှာ အသေအချာပါပဲ။

📞 အသေးစိတ် ဆက်သွယ်မေးမြန်းရန် -
📍 အထက်မြန်မာပြည်ရုံးချုပ် - 09-965194266
📍 အောက်မြန်မာပြည်ရုံးခွဲ - 09-799811167 / 09-799811169

#အသင့်ဖျော်ဘိလပ်မြေ

𝐏𝐫𝐨𝐣𝐞𝐜𝐭 ကြီးတွေအတွက်ဆို စိတ်ပူစရာမလိုတဲ့ "ကြံ့နှစ်ကောင် 𝐑𝐞𝐚𝐝𝐲 𝐌𝐢𝐱𝐞𝐝 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞" 🦏✨အဆောက်အအုံတစ်ခုရဲ့ ခိုင်ခံ့မှု နဲ့ကြာရှည...
07/05/2026

𝐏𝐫𝐨𝐣𝐞𝐜𝐭 ကြီးတွေအတွက်ဆို စိတ်ပူစရာမလိုတဲ့ "ကြံ့နှစ်ကောင် 𝐑𝐞𝐚𝐝𝐲 𝐌𝐢𝐱𝐞𝐝 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞" 🦏✨

အဆောက်အအုံတစ်ခုရဲ့ ခိုင်ခံ့မှု နဲ့ကြာရှည်ခံမှုတွေဟာ အောက်ခြေကုတ်တဲ့ ကွန်ကရစ်သားပေါ်မှာ မူတည်နေတာပါ။ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကြီးလေ၊ အသေးစိတ်ကအစ စိတ်မချရတာမျိုး အဖြစ်မခံနိုင်လေပါပဲ။ အဲ့ဒီလို "စိုးရိမ်မှု" တွေကို "ယုံကြည်မှု" အဖြစ် ပြောင်းလဲပေးဖို့ ကြံ့နှစ်ကောင် (𝐃𝐨𝐮𝐛𝐥𝐞 𝐑𝐡𝐢𝐧𝐨𝐬) က ရှိနေပါတယ်။

ကြံ့နှစ်ကောင် 𝐑𝐞𝐚𝐝𝐲 𝐌𝐢𝐱𝐞𝐝 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 ဟာဆိုရင် 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကြီးတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ -

✅ တစ်သမတ်တည်းရှိတဲ့ အရည်အသွေး (𝐂𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲)
✅ ရေရှည်ခိုင်ခံ့မှု နဲ့ (𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡) နဲ့
✅ အချိန်မီရောက်ရှိမှု (𝐑𝐞𝐥𝐢𝐚𝐛𝐢𝐥𝐢𝐭𝐲)

ဒါတွေကို အာမခံထားတာမို့ လူကြီးမင်းတို့ရဲ့ စီမံကိန်းတွေမှာ ကွန်ကရစ်အတွက် ခေါင်းခဲနေစရာ မလိုတော့ပါဘူး။

ဒါကြောင့် အဆောက်အဦးတိုင်းရဲ့ ခိုင်ခံ့မှုအပိုင်းကို ကြံ့နှစ်ကောင်နဲ့ စိတ်ချလက်ချ လွှဲထားလိုက်ပါ။ 🤝✨

☎️အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက-

အထက်မြန်မာပြည်ရုံးချုပ် - 09-965194266
အောက်မြန်မာပြည်ရုံးခွဲ - 09-799811167 / 09-799811169 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ🙏

#ကြံ့နှစ်ကောင်

"အဆောက်အအုံတိုင်းရဲ့ ခိုင်ခံ့မှုနောက်ကွယ်မှာ... တန်ဖိုးမဖြတ်နိုင်တဲ့ လုပ်အားတွေရှိပါတယ်။ 🏗️👷‍♂️ကွန်ကရစ်ထုတွေခိုင်မာဖို့တ...
01/05/2026

"အဆောက်အအုံတိုင်းရဲ့ ခိုင်ခံ့မှုနောက်ကွယ်မှာ... တန်ဖိုးမဖြတ်နိုင်တဲ့ လုပ်အားတွေရှိပါတယ်။ 🏗️👷‍♂️

ကွန်ကရစ်ထုတွေခိုင်မာဖို့တင်မကဘဲ နိုင်ငံတော်ရဲ့ အနာဂတ်တွေ လှပဖို့အတွက် နေပူမရှောင်၊ မိုးရွာမရှောင် ကြိုးစားအားထုတ်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးဟာ အားလုံးရဲ့ 'သူရဲကောင်းများ' တွေ ဖြစ်ကြပါတယ်။

ယနေ့ကျရောက်တဲ့ မေလ (၁) ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်သားပြည်သူများအားလုံး အပင်ပန်းများပြေပျောက်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝအခွင့်အလမ်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Double Rhinos Ready Mixed Concrete (RMC) မိသားစုမှ ဂုဏ်ယူစွာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨💪"

#အသင့်ဖျော်ဘိလပ်မြေ

"ဖွား၊ ပွင့်၊ ဟော၊ စံ - လေးတန်ထူးမြတ် ဗုဒ္ဓနေ့မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ✨🧱ဖြူစင်ထက်သန်တဲ့ သဒ္ဓါတရားတွေနဲ့အတူ...
30/04/2026

"ဖွား၊ ပွင့်၊ ဟော၊ စံ - လေးတန်ထူးမြတ် ဗုဒ္ဓနေ့မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ✨🧱

ဖြူစင်ထက်သန်တဲ့ သဒ္ဓါတရားတွေနဲ့အတူ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်း ပူဇော်ပြီး ကုသိုလ်တရားများ တိုးပွားရင်း မိသားစုတိုင်း ဘေးအန္တရာယ်ကင်းစင်ကာ အေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Double Rhinos Ready Mixed Concrete မှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်...။

ဘဝအုတ်မြစ်တွေ ခိုင်ခံ့ဖို့တင်မကဘဲ စိတ်နှလုံးတွေပါ အေးမြစေဖို့အတွက် ကုသိုလ်တရားတွေကို အကောင်းဆုံး ပေါင်းစပ်တည်ဆောက်နိုင်ကြပါစေခင်ဗျာ

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့ #အသင့်ဖျော်ဘိလပ်မြေ

🏗️ ၂၀၂၆ အောင်မြင်မှုခြေလှမ်းတိုင်းမှာ "ကြံ့နှစ်ကောင်" ပါဝင်ပါရစေ၂၀၂၆ နှစ်သစ်မှာ လုပ်ငန်းသစ်တွေ စတင်ဖို့ ပြင်ဆင်နေပြီလား?...
25/04/2026

🏗️ ၂၀၂၆ အောင်မြင်မှုခြေလှမ်းတိုင်းမှာ "ကြံ့နှစ်ကောင်" ပါဝင်ပါရစေ

၂၀၂၆ နှစ်သစ်မှာ လုပ်ငန်းသစ်တွေ စတင်ဖို့ ပြင်ဆင်နေပြီလား? လူကြီးမင်းတို့ တည်ဆောက်မယ့် အနာဂတ်အတွက် အခြေခံအုတ်မြစ်က ခိုင်ခံ့နေဖို့ဆိုရင် Double Rhinos Ready Mixed Concrete ရှိပါတယ်။

မိသားစုအတွက် နွေးထွေးတဲ့ အိမ်ဂေဟာပဲဖြစ်ဖြစ်၊ ရေရှည်ခိုင်ခံ့ရမယ့် လုပ်ငန်းသုံး အဆောက်အဦးပဲဖြစ်ဖြစ် Quality နဲ့ Strength ပိုင်းမှာ စိတ်ချရဖို့ ကြံ့နှစ်ကောင်က အသင့်ရှိနေမှာပါ။ 🛡️

🧱 Double Rhinos ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

✅ ယုံကြည်စိတ်ချရမှု: ကွန်ပြူတာစနစ်ဖြင့် စနစ်တကျ အချိုးကျဖျော်စပ်ထားလို့ Concrete Strength တိကျခိုင်ခံ့ခြင်း။

✅ ကုန်ကျစရိတ်သက်သာမှု: လုပ်ငန်းခွင်မှာ ကိုယ်တိုင်ဖျော်စပ်စရာမလိုလို့ အချိန်ကုန်သက်သာပြီး လုပ်အားခစရိတ်ကို ထိရောက်စွာ လျှော့ချနိုင်ခြင်း။

✅ စိတ်ကြိုက်မှာယူနိုင်မှု: မိမိအဆောက်အဦးရဲ့ လိုအပ်ချက်အလိုက် Concrete Strength အမျိုးမျိုးကို လွယ်လွယ်ကူကူ မှာယူနိုင်ခြင်း။

💪 နှစ်သစ်ရဲ့ စိန်ခေါ်မှုတိုင်းကို ကြံ့နှစ်ကောင် ရဲ့ အားအင်တွေနဲ့အတူ အောင်မြင်စွာ ဖြတ်ကျော်လိုက်ကြရအောင်!

"လူကြီးမင်းတို့ရဲ့ ၂၀၂၆ နှစ်သစ်မှာ ဆောက်လုပ်ဖို့ ရည်မှန်းထားတဲ့ အိမ်လေးက ဘယ်နှစ်ထပ်အိမ်လေး ဖြစ်မလဲဆိုတာလဲ ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးခင်ဗျာ။ 👇"

☎️ အသေးစိတ် ဆက်သွယ်မေးမြန်းရန် -
📍 အထက်မြန်မာပြည်ရုံးချုပ် - 09-965194266
📍 အောက်မြန်မာပြည်ရုံးခွဲ - 09-799811167 / 09-799811169

#အသင့်ဖျော်ဘိလပ်မြေ

Ready Mixed ကားရောက်တာနဲ့ လောင်းချဖို့ပဲ စဉ်းစားနေပြီလား? ခိုင်ခံ့တဲ့ အဆောက်အဦးတစ်ခုဖြစ်ဖို့ဆိုရင် ဒါတွေကို အရင်ဆုံး စစ်...
25/04/2026

Ready Mixed ကားရောက်တာနဲ့ လောင်းချဖို့ပဲ စဉ်းစားနေပြီလား? ခိုင်ခံ့တဲ့ အဆောက်အဦးတစ်ခုဖြစ်ဖို့ဆိုရင် ဒါတွေကို အရင်ဆုံး စစ်ဆေးဖို့ မမေ့ပါနဲ့! 🏗️🛡️

မိမိရဲ့ တစ်သက်တာ အိမ်ဂေဟာနဲ့ အဆောက်အဦးတွေ ရေရှည်တည်တံ့ဖို့ဆိုတာ အခြေခံအုတ်မြစ်ဖြစ်တဲ့ ကွန်ကရစ် အရည်အသွေး ပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒါကြောင့် Double Rhinos ကားတစ်စီး လုပ်ငန်းခွင်ရောက်လာရင်...

✅ Delivery Ticket
အော်ဒါမှာထားတဲ့ Concrete Strength (Grade) ဟုတ်မဟုတ်နဲ့ ထွက်ခွာလာတဲ့အချိန်ကို အရင်စစ်ပါ။

✅ Slump Test
ကွန်ကရစ်ရဲ့ ပျစ်ခြင်း/ကျဲခြင်း အခြေအနေက လုပ်ငန်းခွင်အတွက် ကိုက်ညီမှုရှိရဲ့လားဆိုတာ သေချာစစ်ဆေးပါ။

✅ ရေရောနှောမှု ရှိ/မရှိ
အရည်အသွေး မကျဆင်းစေဖို့အတွက် အပြင်ကနေ ရေထပ်ရောတာမျိုးကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

Double Rhinos Ready Mixed Concrete ကို ဘာကြောင့် ယုံကြည်သင့်သလဲ? 🦏🦏
ကျွန်တော်တို့ဆီမှာ ကွန်ပျူတာစနစ်သုံးပြီး အချိုးအစား တိကျစွာ ဖျော်စပ်ပေးတာကြောင့် လူကိုယ်တိုင်ဖျော်စပ်သလို အချိုးအစား လွဲမှားမှာကို ပူစရာမလိုတော့ပါဘူး။

⏱️ အချိန်ကုန်သက်သာမယ်။
👷 လုပ်အားခစရိတ် သက်သာမယ်။
💪 Standard တိကျတဲ့ ခိုင်ခံ့မှုကို ရရှိမယ်။

၂၀၂၆ ခုနှစ်ရဲ့ သင့်အိပ်မက်တွေကို "ကြံ့နှစ်ကောင်" နဲ့အတူ အခိုင်မာဆုံး တည်ဆောက်လိုက်ပါ။

💬 မေးခွန်းလေးတစ်ခုလောက် မေးပါရစေ...
လူကြီးမင်းတို့ အခုလက်ရှိ ဆောက်လုပ်နေတဲ့ (ဒါမှမဟုတ်) ဆောက်ဖို့ ရည်မှန်းထားတဲ့ အိမ်လေးက ဘယ်နှစ်ထပ် အဆောက်အဦးမျိုး ဖြစ်မလဲခင်ဗျာ? Comment မှာ တိုင်ပင်ဆွေးနွေးသွားလို့ ရပါတယ်! 👇

📞 အသေးစိတ် ဆက်သွယ်မေးမြန်းရန် -
📍 အထက်မြန်မာပြည်ရုံးချုပ် - 09-965194266
📍 အောက်မြန်မာပြည်ရုံးခွဲ - 09-799811167 / 09-799811169

#အသင့်ဖျော်ဘိလပ်မြေ

"ပြန်ပြင်ရတဲ့စရိတ်တွေ သက်သာဖို့... 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ပြည့်မီတဲ့ ကြံ့နှစ်ကောင် ကွန်ကရစ်ကို သုံးပါ"💯လက်ဖျော်ကွန်ကရစ်တွေက အစပိုင်းမှ...
23/04/2026

"ပြန်ပြင်ရတဲ့စရိတ်တွေ သက်သာဖို့... 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ပြည့်မီတဲ့ ကြံ့နှစ်ကောင် ကွန်ကရစ်ကို သုံးပါ"💯

လက်ဖျော်ကွန်ကရစ်တွေက အစပိုင်းမှာ ငွေကုန်သက်သာတယ်လို့ ထင်ရပေမယ့် အချိုးအစားမမှန်တာတွေ၊ ကျောက်၊ သဲ မသန့်တာတွေကြောင့် အချိန်ကြာလာတဲ့အခါ ခိုင်ခံ့မှုမရှိဘဲ အက်ကြောင်းထတာတွေ ရေစိမ့်တာတွေက အိမ်ရှင်တွေကို ဒုက္ခပေးလာနိုင်ပါတယ်…🚨

တကယ်တော့... ကွန်ကရစ်ဆိုတာ တစ်ခါလောင်းပြီးရင် ပြန်ပြင်ဖို့ဆိုတာ မလွယ်ကူသလို၊ ကုန်ကျစရိတ်ကလည်း အသစ်လောင်းတာထက် ပိုများတတ်ပါတယ်။❗

ကျွန်တော်တို့ ကြံ့နှစ်ကောင် 𝐑𝐞𝐚𝐝𝐲-𝐌𝐢𝐱𝐞𝐝 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 ဟာဆိုရင်🦏🏗️ - 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫𝐢𝐳𝐞𝐝 𝐒𝐲𝐬𝐭𝐞𝐦 နဲ့ ဖျော်စပ်ထားလို့ အချိုးအစား လွဲချော်မှာ မပူရတဲ့အပြင်
စံချိန်မီ အရည်အသွေးရှိတဲ့အတွက် အက်ကြောင်းထမှာကို စိုးရိမ်စရာမလိုတော့တာကြောင့် ရေရှည်အတွက် ပြုပြင်ထိန်းသိမ်းစရိတ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။✅

ဒါကြောင့် စစချင်းမှာတင် မှန်ကန်တဲ့ ရွေးချယ်မှုပြုလုပ်ပြီး စိတ်ချရတဲ့ တစ်သက်စာ ခိုင်ခံ့မှုကို ကြံ့နှစ်ကောင်နဲ့အတူ တည်ဆောက်လိုက်ပါ။ 💪🏻✨

☎️အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက-

အထက်မြန်မာပြည်ရုံးချုပ် - 09-965194266
အောက်မြန်မာပြည်ရုံးခွဲ - 09-799811167 / 09-799811169 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ🙏

#ကြံ့နှစ်ကောင် #အသင့်ဖျော်ကွန်ကရစ်

Address

Mandalay Head Office No. (E-1 To 10) , 107th Street, Between 64th And 65th Street
Mandalay
05041

Alerts

Be the first to know and let us send you an email when Double Rhinos Ready Mixed Concrete posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Double Rhinos Ready Mixed Concrete:

Share