11/06/2025
ရှန်ဟိုင်းရှိ ၇,၅၀၀ တန်အလေးချိန်ရှိပြီး နှစ်တစ်ရာသက်တမ်းရှိသော ရှီကူမန် (Shikumen) အဆောက်အအုံအစုကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်းနှင့် ခေတ်မီအင်ဂျင်နီယာပညာရပ်တို့ကို ပေါင်းစပ်ကာ ထူးခြားသော ထိန်းသိမ်းဆောင်ရွက်မှုပြုလုပ်ခဲ့သည်။ ကျန်းဥယျာဉ်(Zhang's Garden) ကို ပြန်လည်အသက်သွင်းရန်နှင့် မြေအောက်စီးပွားရေးဇုန် တည်ဆောက်နိုင်ရန်အတွက် အဆိုပါ အဆောက်အအုံကို ခေတ္တမျှနေရာရွှေ့ပြောင်းခဲ့ပြီးနောက် ယခုအခါ မူလနေရာသို့ လမ်းလျှောက်စက်ရုပ် ၄၃၂ ရုပ် အကူအညီဖြင့် တစ်ရက်လျှင် ပျမ်းမျှ ၁၀ မီတာနှုန်းနှင့် ပြန်လည်ရွှေ့ပြောင်းနေခြင်းဖြစ်လေသည်။
In a remarkable blend of heritage preservation and cutting-edge engineering, a 7,500-tonne, century-old Shikumen complex in Shanghai, which had been relocated to facilitate the construction of an underground commercial complex to revitalize the landmark Zhang's Garden, is now being moved back to its original site with the assistance of 432 walking robots, progressing at an average pace of 10 meters per day.