Ko Aung Delivery

Ko Aung Delivery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Aung Delivery, မှော်ဘီမြိုင်သာယာစီ၄လမ်း, Yangon.

ကားအငှားလိုက်သည်မြိုင်သာယာအထိုင်09425888769
13/12/2025

ကားအငှားလိုက်သည်
မြိုင်သာယာအထိုင်
09425888769

11/04/2024

ကိုအောင်အငှားကားလေးပြန်ထွက်ပါပြီနော်မိတ်ဆွေတို့ရေ
ဘုရားဖူးမလား၊အဆောင်ပြောင်း၊စျေးဝယ်မလား၊သွားချင်ရာသွား
၁၁ယောက်ဆန့်ကားလေးရှိပါတယ်
အထည်ချုပ်စက်ရုံနားရက်လေးသူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးသွားမလား💛❓
ရန်ကုန်ဘုရားစုံဖူးမလား💜❓
ရပါတယ်နော်
☎09425888769

11/04/2024

ကားအငှားလိုက်သည်

31/07/2021

မနက်ဖန် ၁.၈.၂၀၂၁မှစ၍
Ko Aung deliကားပြန်ထွက်
ပါပြီ၊မိတ်ဟောင်းမိတ်သစ်များကိုဗစ်ကင်းဝေးပြီးကျန်းမာချမ်းသာကြပါစေ၊။

အိမ်တွင်း အဝတ်လှန်းစင် ပြုလုပ်နည်းလေးပါဟိုလူလာမှ ဒီလူလာမှ ဟိုလူရှိမှ ဒီလူရှိမှ လုပ်လို့ဖြစ်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ဟာကိုအ...
30/05/2021

အိမ်တွင်း အဝတ်လှန်းစင် ပြုလုပ်နည်းလေးပါ

ဟိုလူလာမှ ဒီလူလာမှ ဟိုလူရှိမှ ဒီလူရှိမှ လုပ်လို့ဖြစ်တဲ့အရာမဟုတ်ပါဘူး
ကိုယ့်ဟာကိုအလွယ်တကူလုပ်လို့ရပါတယ်
လက်ကြောတင်းတင်းအလုပ်လုပ်ချင်တဲ့စိတ်လေးရှိဖို့တော့လိုပါတယ်

လိုအပ်တဲ့ပစ္စည်းတွေနဲ့ လုပ်နည်းတွေကို ဓါတ်ပုံနှင့်အတူ တင်ပေးလိုက်ပါတယ်…

( ပိုက်ဆက်ကော်ဘူး မပါသေးဘူး ကော်ဘူးပါ ဝယ်ရပါမည်)

ဘယ်လိုလုပ်ပါ ညာလိုလုပ်ပါ ညွှန်ပြနေစရာကို မလိုဘူး ဝယ်ပြီး ကောက်တပ်လိုက်ရုံပဲ

ဒီဇိုင်းကတော့ မိမိ ဉာဏ်ရှိသလို အမျိုးမျိုး ချဲ့ထွင် ဆန်းသစ်နိုင်ပါသည်

စေတနာများစွာဖြင့်
စိုင်းလုံ

11/05/2021

ယနေ့ စက်သုံးဆီစျေး
92-975ks

10/05/2021

Mobile ဖုန်းကို ကျွမ်းကျင်စွာ အသုံးပြံတက်စေဖို့

(လိုတဲ့အချိန်သုံးရအောင် ဖတ်ပီးရှဲထားနော်)

* #0011 # ဒါလေးကို ရိုက်ထည့်လိုက် ပြီးရင် ဖုန်းကို wifi ပြန်ဖွင့်ပေးပီးစစ်ကြည့်လိုက်ပါ။
ဆွဲအားတက်လာပါ လိမ့်မယ်။

လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။

ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။

ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန်

Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။

ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက် ရှာမှာဖြစ် ပါတယ်။

ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

့(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370 # ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။
ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

့(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။

အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။

မိမိရဲ့ ဖုန်းကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲအဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

့(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု

ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။

ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ * #06 # ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။

အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။

ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ တယ်။

တကယ်လို့ ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။

ဒါပေမဲ့Nokia ဖုန်း အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ * #06 # ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် * #67705646 # ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။

ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ * #0000 # ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။

Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် * #2820 # ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။

ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ * #92702689 # ကို ရိုက်နှိပ်နိုင်ပါတယ်။

မှတ်သားထားသော ဖုန်းနံပါတ်များကိ ု ချေဖျက် ချင်ပါက * # 3925538 # ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့* #737092 5538 # ကိုနှိပ်ပြီး ဖုန်းကို reset lockလုပ်နိုင်ပါတယ်။

ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်

Mi device များကို အစစ် အတု အကြမ်းဖျင်း ခွဲနည်း

* #* #64663 #* #* ဆိုတဲ့ code ကို ရိုက်လိုက်လို့ hardware test ပေါ်ရင် အစစ်ဖြစ်ဖို့များတယ် ... cross-check အနေနဲ့ ဖုန်းနဲ့ ဘူးခွံ imei တိုက်စစ် ...

ပီးရင် www.order.mi.com/imei/service မှာ imei နဲ့ S/N ရိုက်ပီး စစ်ပါ ... နောက်ဆုံးအနေနဲ့ firmware update လုပ်လို့ရရင် အစစ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ...

အနှစ်ချုပ်အနေနဲ့ ပြောရရင် hardware test ကိုစစ် ... imei ကို cross-check တိုက်စစ်လို့ တူရင် အစစ်လို့ ကောက်ချက်ချလို့ရပါပီ ...

ပိုသေချာချင်ရင် online ကလည်းစစ် ... ဒီ့ထက်ကို ထပ်ပီး သေချာစေချင်သေးရင် firmware ပါ မြှင့်ခိုင်းလိုက်ပါ

တစ်ဆင့်ပြန်လည်မျှဝြေခင်းဖြစ်ပါတယ်
မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပါစေ

credit
လူကြီးလူငယ်တိုင်း အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို ဦးစားပေးပြီး တင်ပြပေးနေတဲ့ ပေ့ထဲကို ၀င်ရောက်လေ့လာပြီး နှစ်သက်တယ်ဆိုရင် အသစ်တင်သမျှ ပို့တိုင်း အရင်ဆုံးတွေ့မြင်နိုင်ဖို့ ★See First★ လုပ်ထားလိုက်နော်..။

https://www.facebook.com/ApannPyay
အားပေးခြင်းကို လေးလေးစားစား ကျေးဇူးတင်ရှိပါသည်။
#ဗဟုသုတပြတိုက်

09/05/2021

Ko Aung deliကားလေးဒီနေ့
Order ပြည့်သွားပါပြီ၊မနက်ဖန်အတွက်ကြိုတင်စာရင်း
ပေးလို့ရပါပြီ၊
ဒီနေ့wayတွေကတော့အင်းစိန်လှည်းကူး၊
အင်းစိန်မှော်ဘီအသွားအပြန်၊
အောင်မင်္ဂလာအဝေးပြေး👉မြောက်ဥက္ကလာ
👉၁၀မိုင်👉လှိုင်သာယာတို့ဖြစ်ပါတယ်ယုံကြည်စွာနဲ့deliအပ်ပေးတဲ့အယောက်စီ
တိုင်းကိုကျေးဇူးတင်ပါတယ်။

Ko Aung deliကားလေးပြန်ထွက်ပါပြီ၊မိတ်ဟောင်းမိတ်သစ်များအားပြန်လည်ကြိုဆိုပါတယ်ခင်ဗျာ
07/05/2021

Ko Aung deliကားလေးပြန်ထွက်ပါပြီ၊မိတ်ဟောင်းမိတ်သစ်များအားပြန်လည်ကြိုဆို
ပါတယ်ခင်ဗျာ

မီတာခ သက်သာအောင် အဲယားကွန်းဖွင့်နည်း ---အဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံး ဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလ...
30/04/2021

မီတာခ သက်သာအောင် အဲယားကွန်းဖွင့်နည်း ---

အဲကွန်း Remote Control ကနေ အပူချိန်ကို
အနိမ့်ဆုံး ဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက်
ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့
လေတွေ ထွက်လာမယ်၊ အခန်းလည်း
မြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။

အမှန်က လုံးဝ မဟုတ်ပါဘူး။

အဲကွန်းက ထွက်လာတဲ့ လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့ မဆိုင်ဘဲ တစ်သမတ်တည်းပါ။

ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။

လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီး အလွယ်ပဲ ပြောလိုက်ပါတော့မယ်။

ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့
Split Type Air Conditioner တွေမှာ
Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်းပါ၀င်ပါတယ်။

အဓိက အနေနဲ့ Indoor Unit မှာ Evaporator
နဲ့ Outdoor Unit မှာ Compressor နဲ့
Condenser တွေ ပါဝင်ပါတယ်။

Evaporator ဟာ လေထုထဲက ရေငွေ့တွေကို
ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက
လေထဲက အပူတွေကို ဖယ်ရှားပြီး လေကို ေ
အးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။

အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက
လေကို စုပ်ယူလိုက်ပါတယ်။
အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို
Evaporator လို့ခေါ်တဲ့ ကိရိယာနဲ့ ဖယ်ရှားပြီး
အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ
အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက
ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို
Compressor နဲ့ Condenser တွေကို
ဖြတ်သန်စေပြီး အေးမြခြောက်သွေ့တဲ့ လေကို
ပြန်မှုတ်သွင်းလိုက်ပါတယ်။

ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ
အဲကွန်းကို ၂၅ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင်
၂၅ ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာ ရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့
အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို
ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို
တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။

ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ
သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့
အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။

စက်ရပ်တာ ကြာလာလို့ အခန်းတွင်း အပူချိန်က
၂၅ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက
အလုပ် ပြန်လုပ်ပါတယ်။

ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို
ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင်
၂၅ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ
ဓာတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။

အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ
ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။

အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း
အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက်
မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ
(ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။

ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့
ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့
ပြန်သုံးသပ်သင့်ပါတယ်။

လူ့အရေပြားဟာ အပူချိန် ၂၅ ဒီဂရီလောက်အထိ သက်သောင့်သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို
၂၅ ဒီဂရီမှာ ဆက်တင်လုပ်ထားခြင်းဟာ ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာ သက်သာစေသလို...

ပြင်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာ
အသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက်
ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင်
အတွင်း အပြင် အပူ အအေး ကွာခြားလွန်းလို့
အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။

လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့် ပန်ကာလည်ပတ်နှုန်း များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။

ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့
စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင် တင်ပြီး
အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန်ချထားခြင်းဟာလည်း
ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။

ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊ အာရွက ဂ်ပန္တို့ ကိုရီးယားတို့ဟာ
အလွန်အေးတဲ့ နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။
ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊
ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင်
အဲကွန်းကို အပူချိန် ၂၅ ဒီဂရီလောက်မှာပဲ
ချိန်ထား လုပ်ထားပါတယ်။

ရုံးခန်းတွေ အိမ်တွေမှာလည်း အဲကွန်းကို ၁၆ ဒီဂရီအထိ အနိမ့်ဆုံးထားပြီး တောင်ကြီး ကလော ရာသီဥတုမျိုးကို ဖန်တီးထားကြပါတယ်။

အမေရိကားရောက် သူငယ်ချင်းတစ်ယောက်က
လှမ်းပြောပါတယ်။ သူတို့ဆီမှာက ပူလို့ အေးလို့
ဆိုပြီး တော်တန်ရုံ အဲကွန်းကို မသုံးကြဘဲ မီတာခကို
ချွေတာကြတယ်တဲ့။

ဖွံ့ဖြိုးပြီး နိုင်ငံတွေကို အရာရာ နတ်ဘုံနတ်နန်းလို့
ထင်နေပေမဲ့ တကယ်က မဟုတ်ပါဘူး။
သူတို့မှာလည်း သူတို့ရတဲ့ လခနဲ့
လူနေမှု စရိတ်ကြီးမြင့်ခြင်း ဒဏ်ကို ခံနိုင်အောင်
စစ်စစ်စီစီ ချွေချွေတာတာ သုံးကြရတာပါ။

အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ ဒီဂရီ စင်တီဂရိတ်
ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။

ဒီတော့ အဲကွန်းကို ဖွင့်တဲ့အခါမှာ ၂၅ ဒီဂရီမှာ
အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ
မီတာခ အရမ်းသက်သာသွားသလို
ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။

----------------------------

အဲကွန်းကို တောက်လျှောက်သုံးပြီး မီတာခကို
ဒီထက် လျှော့ချချင်သေးတယ် ဆိုရင်လည်း ရပါသေးတယ်။

ဒီနေရာမှာ အဲကွန်းရဲ့ လုပ်ဆောင်ချက် နှစ်ခုထဲမှာ...

Compressor နဲ့ Condenser တွေဟာ လေရဲ့
ပကတိ အပူချိန်ကို ဖယ်ရှားပြီး အေးမြအောင် လုပ်ပေးသလို

Evaporator က လေထုထဲက ရေငွေ့ကို
ဖယ်ရှားပြီး အခန်းထဲကဘအပူတွေကို ဖယ်ပေးတာပါ.

အခုခေတ် အဲကွန်းတွေမှာ Cool Mode သာမက
Dry Mode ဆိုတာပါ ပါပါတယ်။

Cool Mode မှာ Evaporator Compressor နဲ့
Condenser တွေ အားလုံး အလုပ်လုပ်ပြီး
အခန်းတွင်းက လေကို အေးမြစေပါတယ်။

Dry Mode မှာတော့ လေထုထဲက ရေငွေ့ကို ဖယ်ရှားပေးဖို့ Evaporator သာ အလုပ်လုပ်တဲ့အတွက် ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။

ဒီတော့ အခုလို အပူချိန် သိပ်မမြင့်လှသော်လည်း
ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီမှာ အဲကွန်းကို
Cool Mode နဲ့ မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီလောက်မှာ ထားပြီး Fan Speed ကိုလည်း လျှော့ပြီး သုံးမယ် ဆိုရင်...

အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက် အခန်းတွင်းမှာ မှိုမတက်ခြင်း၊ ရောဂါပိုးမွှားတွေ
မပေါက်ပွါးနိုင်ခြင်း

ရေငွေ့နည်းပြီး ခြောက်သွေ့သွားတဲ့လေဟာ
လူ့အရေပြားက ချွေးတွေကို အလွယ်တကူ
အငွေ့ပြန်စေလို့ အေးမြမှုကို Cool Mode နဲ့
အအေးခံထားသည့်အလား ခံစားရစေခြင်း

၂၅ ဒီဂရီလည်း ဖြစ်ပြန် Dry Mode လည်း ဖြစ်ပြန်လို့ မီတာခ သက်သာခြင်း စတဲ့ အကျိုးတွေကို ခံစားရမှာ ဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် စမ်းသပ်နိုင်စေဖို့ စိုးလျှပ်စစ်မှ မျှဝေလိုက်ရပါတယ်.

အဲယားကွန်းကို 16 မှာထားတာရင်လဲ ဒီလေပဲ
30 မှာထားလဲ ဒီလေပဲထွက်ပါတယ်နော်.
အလုပ်လုပ်ချိန်ပိုကြာသွားလို့ ပိုအေးတာပါ.

အခြားသော လျှပ်စစ်ပစ္စည်းတွေကိုလည်း အထာသိပြီး
သတိထား အသုံးပြုရင် လျှပ်စစ်ကို ချွေတာနိုင်ပါလိမ့်မယ်။

အသေအချာ ရှင်းပြပေးတဲ့ ကိုရွှေယုကို ကျေးဇူးတင်ပါတယ်.

Crd ; SOE Electronic

Academy
English & Computer Learning Centre
Myitkyina

ခေါင်းဆောင်စိတ်~~~~~~~~~~~~"ဆရာရေ.ကျနော်တို့ ဖမ်းမိတဲ့ထဲမှာရှင်ဘုရင်လည်းပါလာတယ်ဓားပြခေါင်းဆောင်ဟာပြုံးပြီး ...ရှင်ဘုရင်က...
30/04/2021

ခေါင်းဆောင်စိတ်
~~~~~~~~~~~~
"ဆရာရေ.ကျနော်တို့ ဖမ်းမိတဲ့ထဲမှာ
ရှင်ဘုရင်လည်းပါလာတယ်

ဓားပြခေါင်းဆောင်ဟာပြုံးပြီး ...
ရှင်ဘုရင်ကို ကြည့်တယ်

"မင်းကောင်း မင်းမြတ်ကြီးပါလား
အရပ်ဝတ်ကြီးနဲ့ဆိုတော့ ရုပ်ဖျက်ပြီး
တိုင်းခန်းလှည့်လည်တယ်ထင်ပါ့

ဘုရင်ဆိုသူကပြုံးပြီးခေါင်းငြိမ့်ပြသည်။

ဘုရင်နှင့်အတူမိလာသောသူများကလည်း
သူတို့နဲ့အတူအဖမ်းခံထားရသည်မှာ
ဘုရင်ဆိုတော့ အံ့အားသင့်နေပုံရသည်။

"ဒီဘုရင်ကကျုပ်တို့ကိုဒုက္ခပေးမယ့်ဘုရင်ပဲ
သတ်ပစ်လိုက်မလားဆရာ

"အေး.. သတ်တာတော့သတ်တာပေါ့ကွာ
ဒါပေမယ့် မသတ်ခင်လေး .ရှင်ဘုရင်က
ဦးညွှတ်တာလေးတော့လိုချင်မိသားကွ
အဟေးဟေး

"မောင်မင်းတို့ ...ကျုပ်ကိုပဲ သတ်လို့ရမယ်
ဘုရင်ဆိုတဲ့နေရာကို သတ်လို့မရဘူး
ကျုပ်သေသွားလည်း ဘုရင်ဆိုတဲ့နေရာကို
တစ်ယောက်ယောက် ကဝင်ယူဦးမှာပဲ ...

အဲ့ဒီအခါကျရင်ဘုရင်ကိုတောင်သတ်တဲ့
ဓားပြရယ်လို့ မောင်မင်းတို့ကိုပိုငြိုးကြ
လိမ့်မယ်

ဓားပြခေါင်းဆောင်တွေဝေသွားတယ်...

"ဒါဆိုရင်တော့ ...ခင်ဗျားကို လွှတ်ပေးမယ်
ဒါပေမယ့်....လွှတ်ပေးစေချင်ရင်ခင်ဗျား
ကျုပ်ကို အရိုအသေပေးသွားရမယ်

"ကျုပ်အသေခံမယ်အသက်သေမှာ
ကြောက်လို့ ဦးညွတ်သွားတဲ့ ဘုရင်ဘဝကို
ကျုပ်အရောက်မခံနိုင်ဘူး

တိုင်းသူပြည်သားတွေရဲ့လေးစားဂါရဝကို
ခံယူပြီးပြီ ဖြစ်တဲ့အတွက်လေးစားခံ
ထိုက်အောင်နေပေးဖို့ ကျုပ်တာဝန်ပဲ

"ခင်ဗျားက...တော်တော်ကြီးကျယ်တဲ့ ဘုရင်ပဲ
ခင်ဗျားကျုပ်တို့ကို ဦးမညွှတ်ရင် ဒီလူတွေကို
ကျုပ်ကသတ်မှာ

ဘုရင်ဟာ ဘာမှ စောဒက.မတက်တော့ဘဲ
ဝုန်းကနဲ ဒူးထောက်ချလိုက်ပြီးဓားပြများကို
အရိုအသေပြုလေတော့သည်

အရိုအသေပြုခံရသောဓားပြဗိုလ်ဟာ
ကျောထဲစိမ့်ကနဲ ချမ်းသွားတယ်

ဘယ်လိုဘုရင်လဲ......?
သူ့ကိုသတ်မယ်ဆိုတုန်းကအသက်ကိုတောင်
မငဲ့ကွက်ဘဲ ရာဇဂုဏ်အတွက် ဒူးမထောက်
လိုသူကအခုတော့...
မြေပြင်မှာ ပြားပြားမှောက် ဝပ်လို့

ဒါ...ဘုရင်အစစ် ...

ဒါမှ .... ဘုရင်အစစ် ...

ဘုရင့်သိက္ခာကို ..မိမိအသက်ထက်
ပိုတန်ဖိုးထားတဲ့ဘုရင်တိုင်းသူပြည်သား
တွေရဲ့အသက်ကို ...ဘုရင့်သိက္ခာထက်
ပိုတန်ဖိုးထားတဲ့ဘုရင်

ဓားပြဗိုလ်ဖြစ်သူမျက်ရည်များဝဲတက်
လာသည်ဓားစာခံပြည်သူများကိုကြည့်
တော့လည်း ဒူးထောက်နေသောပြည့်ရှင်
မင်းကိုကြည့်ကာလေးစားချစ်ခင်မှု ဝမ်းနည်း
ကြေကွဲမှုများ ယှက်ထွေးလျက် မျက်ရည်များ
ဝေနေကြလေသည်။

ဓားပြဗိုလ်ဖြစ်သူသည်ဘုရင့်ရှေ့ ...
ဒူးထောက်ချလိုက်ပြီး ..

"ထပါ မြတ်သောမင်းကြီး

ကျနော့် ကို ခွင့်လွှတ်ပါ
မင်းကောင်းမင်းမြတ်ကိုအသက်ရှင်လျက်
မြင်တွေ့ခွင့်ရခဲ့ခြင်းဟာ.သေရင်တောင်
ထိုက်တန်ပါတယ်

လက်နက်နဲ့ ဓားပြများကို....
မေတ္တာဖြင့် ဆုံးမတတ်သောမင်းကြီး
ခန္တီတရားဖြင့်ဆုံးမတတ်သောမင်းကြီး
ခေါင်းဆောင်ကောင်းတစ်ယောက်၏
စွန့်လွှတ်အနစ်နာခံမှု တာဝန်ခံမှုများကို
လမ်းပြသောမင်းကြီးကိုကျွန်တော် ....
အတိုင်းအဆမဲ့ ကြည်ညိုပါတယ်

ကျနော်လည်း ခေါင်းဆောင်တစ်ယောက်မို့ .
ကျနော့်အပြစ်အတွက်တာဝန်ခံပါရစေ ..

ကျနော့်နောက်လိုက်များကို အပြစ်မှ
လွှတ်ပေးပါကျနော့်ကို အပြစ်သားအဖြစ်
ဖမ်းဆီးခေါ်ဆောင်သွားပါချမှတ်လိုသော
ပြစ်ဒဏ်ကို ချမှတ်ပါ

ခေါင်းဆောင်ကောင်းပီသခဲ့သော
ဓားပြဗိုလ်ကို..လေးစားရင်းအခံရှိသော
နောက်လိုက်ဓားပြများကလည်း.
သူတို့ခေါင်းဆောင်နည်းတူဒူးထောက်၍ .
ရှင်ဘုရင်ကို အရိုသေပြုကြလေသည်။

ရပ်နေသောပြည်သူများလည်းသူတို့အတွက် .
ရပ်တည်ပေးခဲ့သော ရှင်ဘုရင်ကို
ဒူးထောက်ခစားလေတော့သည်

မင်းကြီးက ဒူးထောက်နေရာမှထ၍
ဓားပြဗိုလ်ကိုထူကာ ...

"မောင်မင်းက ဓားပြအဖြစ်ဆိုးသွမ်းပေမယ့်..
ခေါင်းဆောင်အဖြစ်လေးစားစရာ
ကောင်းတယ်ဒီလက်စွပ်ကိုယူပါ

ဒါအဖိုးနည်းလက်စွပ်ဆိုပေမယ့်
ကျုပ်ရဲ့ အမှတ်အသားပါ

ကျုပ်ကိုယုံရင် ဒီလက်စွပ်ကိုယူပြီး
နန်းတော်ကိုလာပါဒီနေ့ရသင့်တဲ့
ငွေပမာဏရဲ့ သုံးဆကို ဆုအဖြစ်လာ
ထုတ်ယူလှည့်ပါ

ပြည်သူများရဲ့ ငွေကို ပြန်ပေး ပေးပါ
တိုင်းပြည်အတွက် စစ်မှုထမ်းလိုပါက
သားမယားများနဲ့ တိုင်ပင်ပြီး
နန်းတော်ကိုလာခဲ့ပါ

ရာဇဣနြေ္ဒ အပြည့်ဖြင့်ထွက်ခွာသွားသော
မင်းကြီး၏ကျောပြင်ကို ဓားပြများနှင့်
ပြည်သူများက ငေးမော၍
ကြည့်နေလေတော့သည်

Mr.Credit

Address

မှော်ဘီမြိုင်သာယာစီ၄လမ်း
Yangon
11011

Telephone

+959425888769

Website

Alerts

Be the first to know and let us send you an email when Ko Aung Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share