04/11/2022
🤔ကွန်ပြူတာတစ်လုံးဘယ်လိုဝယ်မလဲ 🤔
အခြေခံအချက်များ
* 💻 Laptop ဖြစ်ဖြစ်၊ 🖥 Desktop(PC) ဖြစ်ဖြစ် အသစ်ဝယ်ချင်တဲ့အခါ ဘာကိုကြည့်ပြီး ဘယ်လိုဝယ်ရမလဲ။
* 💲 ငွေပမာဏ ဘယ်လောက်သုံးရင် ကိုယ့်အတွက် အံကိုက်ဖြစ်မလဲ။
💭 သင်ဒါတွေကို စဉ်းစားနေပြီဆိုရင်တော့ ဒီအချက်တွေ အရင်ဆုံး ပြုလုပ်ရပါမယ်
1️⃣ ကွန်ပြူတာတစ်လုံးကို သင်ဘယ်လို အသုံးချချင်ပါသလဲစဉ်းစားထားပါ။
− စာစီစာရိုက်အတွက်လား
− သာမန် ဂိမ်းလေးတွေ ဆော့ချင်တာလား
− Engineering Software တွေ သုံးချင်တာလား
− Photo & Video Editing အတွက် အသုံးချချင်တာလား − စသည်ဖြင့်ပေါ့။
2️⃣ သင် ငွေပမာဏ ဘယ်လောက်သုံးချင်သလဲ ချင့်ချိန်ပါ။
− ကိုယ်သုံးနိုင်တဲ့ ငွေက ၄ သိန်း ထိပဲ
− ၆ သိန်းလောက်နဲ့ရမလား
− ၈ သိန်းလောက်တော့ ခံနိုင်ပါတယ်
− လိုအပ်သလောက် သုံးပါမယ် (ဘောစိ)
3️⃣ ကွန်ပြူတာတစ်လုံးမှာ ပါဝင်တဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းတွေကို အခြေခံနားလည်ထားရပါမယ်။ ဒီအချက်နဲ့ပဲ အပေါ်က အချက် ၂ ချက်ကို ပြန်ပြီး သုံးသပ်ရပါမယ်။
ပြောပါဦး အရေးကြီးတာတွေ −
၁။ RAM(Memory)
၂။ Processor (CPU)
၃။ Display (Graphic Card)
၄။ Hard Disk (Storage)
သင် ကြားတော့ကြားဖူးတယ်။ နည်းနည်းပါးပါးလည်း သိမယ်။ နောက်ပြီး သင်မေးချင်မယ် ဒါတွေ အကုန်မြင့်ရင် မကောင်းဘူးလား။
ဟင့်အင်း မကောင်းဘူး။
ပိုက်ဆံမဖြုန်းပါနဲ့။ အကြောင်းအရာ တစ်ခုချင်းစီကို အခြေခံလေးရှင်းပြရင်း ဘယ်လိုဝယ်သင့်သလဲ အကြံပြုပါရစေ။
👉1️⃣ RAM
Random Access Memory ဆိုပြီး အရှည်ခေါ်ပါတယ်။
❔သူကဘာလည်း❔
Program တစ်ခု စပြီးပွင့်တာနဲ့ RAM ပေါ် အရင်တင်တာပါ။ အဲ့ဒီ Program ကိုအသုံးပြုနေသမျှ Data တွေကို RAM ပေါ်တင်ထားတာပါ။ Video ဖွင့်လိုက်လည်း RAM ပေါ်တင်လိုက်ပါတယ်။ Progressive Data (ဆင့်ပွားအချက်အလက်) များတဲ့ ဆော့ဝဲလ်တွေ သုံးမယ်။ ဘယ်လိုမျိုးလည်းဆိုတော့ Auto Cad၊ Photoshop၊ Video Editing စတဲ့ Software မျိုးတွေပေါ့။ Photoshop မှာ မျဉ်းတစ်ကြောင်းစဆွဲပြီ ဆိုတာနဲ့ RAM ပေါ်ကို စတင်ပါပြီ။ ကိုယ့်ရဲ့ပုံက ကြီးလာလေလေ RAM ပေါ်သိမ်းရတဲ့ Data များလာလေလေပါပဲ။
အခုခေတ် မှာ Laptop ဖြစ်ဖြစ် PC ဖြစ်ဖြစ် အနည်းဆုံး 2GB လောက်ကို ပါလာပါတယ်။ အဲ့တော့ GB များတော့ ဘာဖြစ်လည်း။ GB များတာနဲ့ အမျှ တစ်ချိန်တည်းမှာ Program အများကြီး ဖွင့်ထားနိုင်ပါတယ်။ ဘယ်လောက်ကြီးမားတဲ့ Project ဖြစ်ဖြစ် သက်တောင့်သက်သာ လုပ်နိုင်ပါတယ်။
အဲ့တော့ RAM ပမာဏကို ဘယ်လောက် ထည့်သင့်သလဲ
👇ဒီလိုလေးတွေ အကြံပြုချင်ပါတယ်👇
- စာစီစာရိုက် သီးသန့် - အနည်းဆုံး 2GB 📈 အကောင်းဆုံး 4GB
- Photo Editing၊ သာမန် 2D၊ 3D ဂိမ်းတွေပါဆော့မယ် − အနည်းဆုံး 4GB 📈 အကောင်းဆုံး 8GB
- Video Editing၊ Engineering Softwares၊ နောက်ဆုံးပေါ် 3D Games တွေဆော့မယ် − အနည်းဆုံး 8GB 📈 အကောင်းဆုံး 16,32,64 GB
💰ဘယ်လောက်ကျလဲ💰
2GB - ခန့်မှန်း 15,000 MMK
4GB - ခန့်မှန်း 30,000 MMK
8GB - ခန့်မှန်း 70,000 MMK
16GB - ခန့်မှန်း 150,000 MMK
32GB - ခန့်မှန်း 350,000 MMK
⚠️ဘာကိုသတိပြုဝယ်ရမလဲ⚠️
- ကိုယ့်မှာရှိတဲ့ Mother Board နဲ့ကိုက်မကိုက်
- ကိုယ့်ဆီမှာ 4GB ရှိလို့ 8GB ထိ ထပ်တိုးချင်ရင်၊ ရှိပြီးသား 4GB ရဲ့ Clock Speed, DDR Version အတိုင်း ဝယ်ရပါမယ်။
- ဘယ်တော့မှ 6GB, 10GB, 9GB ဒီလိုမျိုးမစိုက်ပါနဲ့။ အပင်မပေါက်ပါဘူး။ 1 ကနေစပြီး အားလုံး ၂ဆ သွားတာပါ။
- OS(Windows) ကို 64Bit သုံးထားမှ RAM ရဲ့ Size အပြည့်ကို အတိအကျ သုံးနိုင်ပါတယ်။
👉2️⃣CPU
Central Processing Unit လို့လဲခေါ်တယ်။ Processor လို့လည်းခေါ်တယ်။
❔အော် Processor ဆိုတာ ချိုနဲ့လား။❔
ဟုတ်တယ် ချိုနဲ့။ အဲ့ချိုကြောင့် ခင်ဗျား Computer ဆိုတာကို ခိုင်းစားလို့ရနေတာ။ သူက RAM လောက် အရေးပါလား။ အဲ့လိုယှဉ်ပြီးပြောရမယ်ဆိုရင် သူက ခွဲစိတ်ဆရာဝန်။ RAM က ခွဲစိတ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းတွေကို တင်ထားတဲ့ ဗန်း။ လူနာက Program။ ပစ္စည်းတွေကို တင်မယ့် ဗန်းမရှိခဲ့ရင် ပစ္စည်းတွေ စုပြုံထားတဲ့ ဗီဒိုကြီးထဲကနေ ခွဲစိတ်ဆရာဝန်က သွားသွားထုတ်ရမယ်။ ဆရာဝန်မရှိခဲ့ရင်တော့ အဲ့လူနာက ဒီတိုင်းသေသွားမယ်။ အဲ့လိုသဘောမျိုးကို မြင်ပြီဆိုရင် CPU ဟာ Computer ပေါ်မှာ ဘယ်လိုအလုပ်လုပ်လဲပြောပြပါမယ်။
သူက RAM နဲ့မတူတဲ့ အချက်က သူ့ဆီမှာ ဘာ DATA မှ တင်မထားဘူး။ သူက User က ခိုင်းလိုက်တဲ့ အချိန်ကြမှသာ အလုပ်ထလုပ်တာပါ။ Photoshop မှာ မျဉ်းတစ်ကြောင်းစဆွဲရင် CPU ကမျဉ်းပေါ်လာအောင် ဖန်တီးပေးလိုက်ပါတယ်။ ပြီးသွားရင် သောက်ကျင့်ယုတ်ပြီး ပေါ်လာတဲ့ မျဉ်းကြောင်းကို RAM ပေါ်သွားတင်လိုက်တယ်။ အမယ် ပြီးတော့ သူက အေးဆေးပြန်နေနေတာ။ RAM ကတော့ Program တွေ မပိတ်မချင်း Data တွေကို ပိုက်ပြီးတော့ နေနေရတာပေါ့။
အရမ်းသွက်တဲ့ Processor တွေကတော့ ဆွဲလိုက်တဲ့ မျဉ်းကြောင်းကို အမြန်ဆုံးပေါ်အောင် လုပ်ပေးနိုင်တယ်။ Format Factory လို ဆော့ဝဲလ် မျိုးတွေဆိုရင်တော့ CPU က Format ပြောင်းပေးတဲ့ အလုပ်ကို လုပ်ပေးနေတယ်။ ပိုမြန်တဲ့ Processor ဆိုရင် မြန်မြန်ပိုပြီးတယ်။ နှေးရင်နှေးတယ် မပြောနဲ့တော့ သိပြီ။
တိုတိုတုတ်တုတ်ပြောရရင် အလုပ်လုပ်နေရတဲ့ အချိန်တွေမှာ Processor ကို အဓိကအသုံးပြုပါတယ်။ User က Video Edit ပြင်နေရင်းနဲ့ ဒီတိုင်းထားခဲ့ပြီး ထမင်းသွားစားရင် Processor ကလည်းအလုပ်မလုပ်တော့ဘူး။ RAM ကတော့ အဲ့ဒီ Video Data တွေကို ထမ်းတင်ထားရတာပေါ့နော်။ အဲ့ Video ကို Export လုပ်ပြီဆိုတော့မှ CPU က အလုပ်ပိုလုပ်ရတာ။
👇ကဲ အဲ့ဒါဆိုရင် CPU ကို ဘယ်လောက် သုံးသင့်သလဲ ဆိုတာကို အကြံပြုချက်လေးတွေပေးမယ်👇
Processor Brand တွေထဲက Intel Brand ကိုပဲ ညွှန်းပေးလိုက်ပါတယ်။ တစ်ခြား Brand တွေကို လိုချင်တယ်ဆိုရင် တူညီတဲ့ Core/Clock Speed တွေနဲ့ ယှဉ်ပြီး ဝယ်သုံးလို့ရပါတယ်။
- စာစီစာရိုက် သီးသန့် - အကောင်းဆုံး Intel Pentium(2 Cores/ 1.0-3.7 GHz)
- Photo Editing၊ သာမန် 2D၊ 3D ဂိမ်းတွေပါဆော့မယ် − အနည်းဆုံး Intel core 2 Duo(2 Cores/ 1.0 - 3.7 GHz) 📈 အကောင်းဆုံး Intel core i3(2-4 Cores/ 1.0 - 2.5 GHz)
- Video Editing၊ Engineering Softwares၊ နောက်ဆုံးပေါ် 3D Games တွေဆော့မယ် − အနည်းဆုံး Intel core i3(4 Cores/ 2.5 - 4.2 GHz) 📈 အကောင်းဆုံး Intel core i5(2-6 Cores/ 1.0 - 3.8 GHz), core i7, Core i9
💰ဘယ်လောက်ကျလဲ💰
Pentium- ခန့်မှန်း 50,000 to 100,000 MMK
core 2 Duo - ခန့်မှန်း 70,000 MMK
Core i3 - ခန့်မှန်း 100,000 to 250,000 MMK
Core i5 -ခန့်မှန်း 250,000 to 400,000 MMK
Core i7 -ခန့်မှန်း 400,000 to ? MMK
Core i9 -ခန့်မှန်း 600,000 to ? MMK
⚠️ဘာကိုသတိပြုဝယ်ရမလဲ⚠️
− ကိုယ့်မှာရှိတဲ့ Mother Board နဲ့ကိုက်မကိုက်
− သုံးထားတဲ့ RAM နဲ့ Series တူမှ အလုပ်လုပ်ပါမယ်။
👉3️⃣Display
သူ့ကို ခေတ်အဆက်ဆက် အမျိုးမျိုး ခေါ်ကြတာပဲ။ Display Card, Video Card, 3D Card, Graphic Card စသည်ဖြင့်။
❔Display လို့ရေးထားတော့ Monitor ကြီးလား❔
Display ဆိုပြီးပြောထားတာကို Monitor လို့ထင်လိုက်ကတည်းက နင်တို့ တစ်မျိုးလုံးကို အထင်မကြီးတော့တာ။ စတာပါ။
သူကဘာလုပ်လည်း။ ရှင်းနေတာပဲလေ သူ့တာဝန်က Monitor မှာ ရုပ်ပုံတွေကိုပြပေးရမှာပါ။ ပြတဲ့အခါလည်း Processor တွေ RAM တွေရဲ့ Speed တွေနဲ့အညီ Program က ထွက်လာတဲ့ Output တွေကိုထုတ်ပေးရမယ်။ မညီတော့ဘာဖြစ်မလဲ။ ထစ်ပြီလေ။ စက်ကြီးလေးပြီ။ ညီနေရင်တော့ ပုံမှန်ပဲပေါ့။
ဒီနေ့အထိတော့ Display ပြဖို့ကို Mother Board တော်တော်များများမှာ On Board Display ဆိုပြီးပါလာပါတယ်။ ဆိုလိုတာက RAM လိုမျိုးသီးသန့်ကြီး မဖြစ်မနေ ထည့်ကိုထည့်ရမှာ မဟုတ်ပါဘူး။ Mother Board ဝယ်လိုက်တာနဲ့ ပါနေမှာပါ။
ဘယ်လို အခြေအနေဆိုရင် ဝယ်သုံးသင့်ပြီလည်း ဆိုတာကို ပြောရရင်။ ကိုယ်က Gamer ၊ Programmer ၊ Multi Tasker ကြီးဖြစ်နေပြီ။ Monitor တွေကို Extend လုပ်ဖို့ လိုလာပြီ ဆိုရင်တော့ ဝယ်ရပါမယ်။ ကိုယ်သုံးမယ့် Monitor က Latest Curve FHD HDMI Display Port ကိုမှ လက်ခံတယ်ဆိုရင်လည်း ဝယ်ရမှာပါ။ On-Board က အဲ့လောက် မထောက်ပံ့နိုင်ပါဘူး။
👇အဲ့ဒါဆိုလည်း ဝယ်သုံးရမယ့် အနေအထားလေးတွေပြောပြပါ ဆိုရင်👇
- စာစီစာရိုက် သီးသန့် - အကောင်းဆုံး Mother Board On-Board Display Card(VGA Support)
- Photo Editing၊ သာမန် 2D၊ 3D ဂိမ်းတွေပါဆော့မယ် − အနည်းဆုံး Intel HD Graphics (VGA, HDMI Support) 📈 အကောင်းဆုံး NVDIA Geforce 630 , AMD Radeon R7 240 (VGA, DVI, HDMI Support)
- Video Editing၊ Engineering Softwares၊ နောက်ဆုံးပေါ် 3D Games တွေဆော့မယ် − အနည်းဆုံး NVDIA Geforce GT 710+ Series(AMD Equivalent)(VGA, DVI, HDMI Supports) 📈 အကောင်းဆုံး NVDIA Geforce GTX Series(AMD Equivalent)(VGA, DVI, HDMI Supports) and Above
💰ဘယ်လောက်ကျလဲ💰
On-Board ကတော့ Mother Board ဝယ်ရင်ပါပြီးသားပါ − ခန့်မှန်း 80,000 MMK
NVDIA ၊ AMD Graphic card တွေကတော့ Mother အပြင်ဝယ်ရမှာတွေပါ။
NVDIA Geforce 630 , AMD Radeon R7 - ခန့်မှန်း 50,000 MMK
NVDIA Geforce GT 710+ Series, AMD Equivalent - ခန့်မှန်း 100,000 MMK
NVDIA Geforce GTX Series(AMD Equivalent) - ခန့်မှန်း 150,000 MMK up to 1,000,000 MMK
⚠️ဘာကိုသတိပြုဝယ်ရမလဲ⚠️
− သုံးမယ့် Brand တွေတူရပါမယ်။ ASUS ဖြစ်ဖြစ် MSI ဖြစ်ဖြစ် တူအောင်ဝယ်ရပါမယ်။
− Monitor Extend လုပ်ဖို့လိုရင် Display Port များများ ထောက်ပံ့တာကို ရွေးရပါမယ်။
👉4️⃣Hard Disk
အဝိုင်းပြား အမာကြီး။ အင်း။
❔Hard Disk ဆိုပြီးထည့်ပြောနေစရာ လိုသေးလို့လားဗျာ❔
နည်းနည်းတော့ ပြောချင်ပါတယ်။ RAM က Data တွေကို Program တစ်ခု Run နေတဲ့အချိန်မှာ ခဏပဲ ထမ်းထားရပေမယ့်။ သူကတော့ သူ့ရဲ့ လုပ်ဆောင် နိုင်စွမ်း မပျက်မဆီး သေးသ၍ Data တွေကို သိမ်းထားပေးရပါတယ်။ OS(Windows) တွေရဲ့ Data တွေကလည်း သူ့ပေါ်မှာပဲ နေပါတယ်။ RAM ကလိုအပ်တဲ့ အချိန်မှာ လာတောင်းရင် ပေးလိုက်ပါတယ်။ သူ့ဆီကနေ ကူးပေးလိုက်တာပါ။ မူရင်း Data တွေကိုတော့ သူထဲမှာပဲ ထားထားတာပါ။ သူ့တာဝန်က Data တွေကို မပျောက်ဖို့ လိုတာကို။
သိပ်တော့ ထွေထွေထူးထူး ပြောစရာ မလိုပါဘူး။ ဒါပေမယ့် Hard Disk မှာလည်း Data သိမ်းတဲ့ စတိုင်ကွာပြီး အမျိုးအစားကွဲ ၂ ခု ရှိတယ်နော်။ အဲ့ဒီ အချက်ကြောင့် ထည့်ပြောရတာပါ။
Magnetic Drive(MD) နဲ့ Solid State Drive(SSD) ဆိုပြီး နှစ်မျိုးရှိတယ်ဗျ။ Magnetic က တစ်ကယ့်ကို သူ့နာမည် အတိုင်း သံလိုက်မှုန်တွေနဲ့ ခင်ဗျားတို့ Data တွေကို အသွင်းအထုတ် လုပ်ပေးတာ။ ဆိုလိုတာက အရမ်း Physical ဆန်တယ်။ နည်းနည်းတော့ ကြာတယ်ပေါ့။
SSD ကတော့ လျှပ်စစ်နဲ့ Transistor တွေကိုအဖွင့်အပိတ်လုပ်ပြီး သိမ်းတာဗျ။ ဒီဘဲကတော့ Modern ကြတယ်။ လျှပ်စစ်နဲ့ လုပ်တဲ့ ကောင်ဆိုတော့ ဘာကွာသွားပြီလည်း။ အောင်မလေး 128 GB လောက်ကို ဈေးကြီးပေးဝယ်ရတယ်ဗျ။ ဒါပေမယ့် အသွင်းအထုတ် ကတော့ ပက်ပက်စက်စက် မြန်တယ်နော်။
အဲ့ MD နဲ့ SSD ကို တွဲပြီး တပ်သုံးလိုက်ရင်တော့ လန်ထွက်သွားတာပေါ့ဗျာ။ SSD တစ်လုံးမှာ OS(Windows) တင်ပြီး၊ နောက်တစ်လုံးမှာ Data သိမ်းရင်ပေါ့။ သုံးလုံးဆိုရင် ပိုလန်းတာပေါ့ဗျာ။
👇ဟုတ်ပြီ အဲ့ဒီလို အနေအထားလေးတွေနဲ့ ဘယ်အခြေအနေမှာ ဘာကိုသုံးသင့်သလဲ👇
- စာစီစာရိုက် သီးသန့် - အနည်းဆုံး MD 250GB 📈 အကောင်းဆုံး MD 500GB
- Photo Editing၊ သာမန် 2D၊ 3D ဂိမ်းတွေပါဆော့မယ် − အနည်းဆုံး MD 500GB 📈 အကောင်းဆုံး MD 1000GB and Above
- Video Editing၊ Engineering Softwares၊ နောက်ဆုံးပေါ် 3D Games တွေဆော့မယ် − အနည်းဆုံး MD 1000GB 📈 အကောင်းဆုံး 1xSSD 250GB (For OS' Data) + 1xMD 1000GB and Above
💰ဘယ်လောက်ကျလဲ💰
250GB, 500GB - ခန့်မှန်း 50,000 MMK
1000GB and Above - ခန့်မှန်း 100,000 up to 300,000 MMK
SSD 128GB and above - ခန့်မှန်း 60,000 MMK up to 1,000,000 MMK
⚠️ဘာကိုသတိပြုဝယ်ရမလဲ⚠️
- Power Supply က ထောက်ပံ့နိုင်မှု ရှိမရှိ
- ရှိပြီးသား Hard Disk ကမလောက်လို့ နောက်တစ်လုံးထပ် ထည့်မယ်ဆိုရင် Mother Board မှာ SATA Port ကျန်မကျန်စစ်
- OS(Windows) က အရမ်းနိမ့်နေတဲ့ အခါမှာ 4000GB ကိုသွားထည့်လည်း သုံးလို့မရတာတွေ ဖြစ်တတ်တာကို သတိထားပါ။
ဖော်ပြခဲ့တဲ့ ပစ္စည့်လေးမျိုးက ကွန်ပြူတာ ဝယ်တဲ့ အခါမှာ အဓိက စဉ်းစားရမယ့် ပစ္စည်းတွေသာဖြစ်ပါတယ်။
ကျန်တဲ့ Monitor ၊ Keyboard ၊ Mouse ၊ Casing ၊ UPS ၊ Laptop Brand ၊ MSI ၊ ASUS ဆိုတာတွေကတော့ ဘယ်ဟာပိုကောင်းပါတယ် ဆိုတာကတော့ ကျွန်တော်တို့ မှက်ချက်ပေးရခက်ပါတယ်။ ကိုယ့်စိတ်ကြိုက် ရွေးချယ်လိုက်ပါ။
သုံးနိုင်တဲ့ ငွေအင်အား။ အသုံးလိုတဲ့ အနေအထားတွေကိုသာ ချိန်ဆ ဆုံးဖြတ်နိုင်အောင် လမ်းညွှန်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
Brand အမျိုးမျိုးကွဲနိုင်ပါတယ်။ Specification တွေကတော့ တူနေမှာပါ။ အရောင်းဆိုင်က အရောင်းဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်ကလည်း အရေးကြီးပါတယ်။ သူတို့ညွှန်ပြတဲ့ အခါ ကိုယ်က ဒီပို့စ်ကို ဖတ်ထားတော့ ပိုပြီး အဆင်ပြေသွားမှာပါ။
နောက်ရက်မှာတော့ Data တွေကို Storage တွေပေါ်မှာ ဘယ်လိုသိမ်းဆည်းသွားလည်း ဆိုတာ ပြောပြပေးပါ့မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။
မူရင်းပိုစ့်ပိုင်ရှင်ကို လေးစားစွာ Credit ပေးပါသည်။
အားလုံးကို ချစ်ခင်လေးစားစွာဖြင့်🙏🙏🙏
Shar Myat Chan(နည်းပညာဒါန)🌟🌟🌟