DSS Steel & Building Materials

DSS Steel & Building Materials ဆောက်လုပ်ရေး၊ အိမ်ဆောက်သံ တင်သွင်းဖြန့်ချိရေး
Importer/Distributor of Steel and Building Materials.

Wish you all Happy New Year.
02/01/2026

Wish you all Happy New Year.

Earthing ဆိုတာဘာလဲ?လုပ်ငန်းခွင်တွေမှာ အရေးအကြီးဆုံးအရာက Safety ပါ။လျှပ်စစ်နဲ့ပတ်သတ်တဲ့အလုပ်မှာလည်း safety ကအရေးအကြီးဆုံး...
04/10/2025

Earthing ဆိုတာဘာလဲ?
လုပ်ငန်းခွင်တွေမှာ အရေးအကြီးဆုံးအရာက Safety ပါ။လျှပ်စစ်နဲ့ပတ်သတ်တဲ့အလုပ်မှာလည်း safety ကအရေးအကြီးဆုံးပါပဲ။safety မှာမှ earthing system က အရေးပါဆုံးကဏ္ဍထဲကတစ်ခုဖြစ်ပါတယ်။
Neutral နဲ့ Earth ဟာ 0 V တွေတူကြတယ်။ဒါပေမယ့် Neutral မှာ Return wire ရှိတယ်။Line ကြိုးက power သယ်ပြီး Load ကိုပို့တယ်။Neutral ကြိုးက Complete circuit ဖြစ်စေပြီး၊current ကို ပြန်စီးတယ်။Neutral က ပုံမှန်အခြေအနေမှာ current ကိုပြန်စီးပြီး closed loop ဖြစ်စေတဲ့ Conductor ဖြစ်ပါတယ်။ Power distribution system မှာ Reference point တစ်ခုအဖြစ်ရှိပါတယ်။Earth wire/ Ground wire ကတော့ fault ဖြစ်တဲ့အခါမှာ လူတွေ၊ပစ္စည်းတွေကို safe ဖြစ်စေဖို့တပ်ထားတဲ့ Conductor/Wire ဖြစ်ပါတယ်။ပုံမှန်အခြေအနေမှာ current မစီးဘူး။wire ပေါက်ပြဲပြီး တခြား conductor ၊လူ တစ်ခုခုနဲ့ ထိမိပြီဆိုရင် fault current ဖြစ်ပြီး အဲ့ဒီ fault current ကို မြေကြီးထဲဖြတ်စီးစေပါတယ်။earthing မှာ electrical earth, body earth, instrument earth , fram earth... စသည်ဖြင့်ရှိကြပါတယ်။
Earthing ကို Ground ချတယ်လို့လည်း သုံးကြပါတယ်။အတူတူပါပဲ။လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ လူက ဓာတ်ကြိုးကိုထိမိတာဖြစ်ဖြစ်၊ကြိုးပေါက်ပြဲပြီး ဘေးက conductor တစ်ခုခုကိုထိမိတာဖြစ်ဖြစ် အန္တရာယ်ရှိနိုင်ပါတယ်။အဲ့ဒီလို Earth fault အန္တရာယ်ကကာကွယ်ဖို့ Circuit Breaker သီးသန့်တပ်ဆင်ရသလို အိမ်သုံးလျှပ်ပစ္စည်းတွေ၊sockets တွေကိုလည်း earth ချထားရပါတယ်။မိုးကြိုးလွှဲတပ်ဆင်ခြင်းဟာလည်း earth ချတာပါပဲ။မိုးကြိုးပစ်လိုက်တဲ့ surge current ကြောင့် အဆောက်အဦးကိုမထိခိုက်အောင် ကြေးချောင်းမှတဆင့် မြေကြီးထဲကို ထည့်လိုက်တာပါ။တစ်ချို့ mV ကအစ Charge ဖြစ်စေနိုင်တဲ့ နေရာတစ်ချို့မှာ အဲ့ဒီနေရာကိုဝင်တာနဲ့ အပေါက်ဝမှာ ပြောင်နေတဲ့ ကြေးလက်ကိုင်ဘုလေးတွေရှိတတ်ကြပါတယ်။အဲ့ဒီလက်ကိုင်ဘုလေးကို လက်နဲ့ပွတ်ခြင်းဖြင့် လက်မှာရှိတဲ့ charge ကို earth ချခြင်းနည်းနဲ့ discharge လုပ်လိုက်တာပါ။အဲ့ဒီ ကြေးလက်ကိုင်ဘုလေးကို မြေကြီးနဲ့တိုက်ရိုက် earth ချထားတာပါ။ဥပမာ-missile (maintenance) room တွေထဲဝင်တဲ့အခါတွေ့ရတတ်ပါတယ်။
Earthing system (၅) မျိုးရှိပါတယ်။အဲ့ဒါတွေက-
(a) IT
(b) TT
(c) TN-S
(d) TN-C
(e)TN-C-S တွေပဲဖြစ်ပါတယ်။
I ဆိုတာ Impedance(supply system ကို တိုက်ရိုက် earth မချဘူး၊fault-limiting impedence ခံပြီးမှ ချတဲ့နည်း။)
T ဆိုတာ Terre (earth ရဲ့ ပြင်သစ်လိုအခေါ်)[(ရှေ့ T အတွက် supply system)(နောက် T အတွက် conductive parts/အိမ်သုံးလျှပ်စစ်ပစ္စည်းများ) ကို တိုက်ရိုက် earth ချတဲ့နည်း။]
N ဆိုတာ Neutral (conductive parts/ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို supply ရဲ့ neutral point မှာ တိုက်ရိုက်သွားချိတ်တဲ့နည်း။)
C ဆိုတာ Combined (neutral နဲ့ protective conductor က အတူတူပဲ၊supply ကလာတဲ့ neutral ကြိုးကိုပဲ protective conductor အနေနဲ့ ပြန်သုံးလိုက်တဲ့နည်း။)
S ဆိုတာ Separate (neutral နဲ့ protective conductor က သပ်သပ်စီ၊protective conductor တစ်ကြိုးသီးသန့်ထုတ်ပြီး supply ရဲ့ neutral မှာ သွားချိတ်တဲ့နည်း။)
(a) IT System
I ဆိုတာ Neutral ကနေ Impedance ခံပြီးမှ Earth ချတာကို ဆိုလိုတာပါ။Impedance ခံတယ်ဆိုတာ Fault current ပိုနည်းအောင်ခံတာပါ။(Supply Source/Transformer ဘက်ခြမ်းက earth ချတဲ့အနေအထားပါ။)
T ဆိုတာ လျှပ်စစ်တင်ဆင်ထားတဲ့ metalwork ကနေ မြေကြီးနဲ့ တိုက်ရိုက် earth ချတာပါ။(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို မြေကြီးနဲ့ တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ IT system ပါပဲ။low voltage system တွေမှာ မသုံးပါ။
(b) TT System
ရှေ့ T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
နောက်က T ကတော့ လျှပ်စစ်တင်ဆင်ထားတဲ့ metalwork ကနေ မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပါတယ်။(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို မြေကြီးနဲ့ တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ TT system ပါပဲ။
လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ Supply Source/Transformer အများစုမှာ သုံးပြီး အိမ်အများစုမှာတော့ ကြိုးဖိုးကုန်မှာစိုးလို့ မကြောက်မလန့်နဲ့ earth မချကြတဲ့နည်းပါ။
(c) TN-S System
T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
N-S က လျှပ်စစ်တပ်ဆင်ထားတဲ့ metalwork တွေဟာ Supply Source/Transformer ရဲ့ Earthed Neutral ကနေတစ်ဆင့် earth ချခြင်းနည်းပါ။earth ကြိုးကို cable sheath နဲ့သပ်သပ်ဆွဲပါတယ်။အကုန်အကျလည်းများပါတယ်။
(d)TN-C System
T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
N-C က လျှပ်စစ်တပ်ဆင်ထားတဲ့ metalwork တွေဟာ Supply Source/Transformer ရဲ့ Earthed Neutral ကနေတစ်ဆင့် earth ချခြင်းနည်းပါ။supply source ကလာတဲ့ Neutral ကြိုးကို earth ကြိုးအဖြစ်ပြန်လည်အသုံးချလိုက်တာပါ။
(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို အောက်ဘက်အပေါက်နှစ်ပေါက်ထဲကတစ်ပေါက်ကို ပြန်ချိတ်ပေးလိုက်တာပါ။အကုန်အကျသက်သာပါတယ်။conductive conductor ကို neutral နဲ့ ပေါင်းတာနဲ့ခွဲတာကလွဲရင် TN-S system နဲ့အတူတူပါ။
(e) TN-C-S system
TN-S system နဲ့အတူတူပါ။ဒါပေမယ့် အိမ်သုံးလျှပ်စစ်ပစ္စည်းကနေ သီးသန့် protective conductor ထုတ်ပေမယ့် အိမ်(လျှပ်စစ်)အဝင်မှာရှိတဲ့ neutral point မှာပဲပြန်ပေါင်းပါတယ်။TN-C-S System ကို PME ( Protective Multiple Earthing) လို့လည်းခေါ်ပါတယ်။
Earthing System မှာ fault current စီးဆင်းတာကောင်းမကောင်းဆိုတာဟာ Earth ကျင်းတူးမယ့်မြေအပေါ်မှာမူတည်ပါတယ်။မြေအမျိုးမျိုး (စိုက်ပျိုးမြေ/ခြံမြေ၊မြေစေး၊သဲမြေ၊ကျောက်မြေ၊...) ရှိတဲ့အတွက် အဲ့ဒီမြေပေါ်မူတည်ပြီး Earth Resistance လည်း မတူကြပါဘူး။

စိုက်ပျိုးမြေ/ခြံမြေ - 5~50 ohm
မြေစေး - 10~100 ohm
သဲမြေ - 250~500 ohm
ကျောက်မြေ - 1000~10000 ohm

ဆိုပြီး ရှိတတ်ကြပါတယ်။(ရေဘူယျသတ်မှတ်ချက်ဖြစ်လို့ အတိအကျမတူနိုင်ပါဘူး။လက်တွေ့တိုင်းကြည့်မှသာ သိနိုင်ပါတယ်။)အစိုဓာတ်ရှိတဲ့ မြေမှာတော့ earth resistance နည်းတတ်ပါတယ်။ Resistance မတူညီတဲ့အတွက် Earth Rod၊Earth Plate၊သံ၊သတ္တု၊Earth Powder စတဲ့ Electrode တွေကို Parallel, Series တွေနဲ့ချိတ်ဆက်ပြီး ကိုယ်လိုချင်တဲ့ Resistance (ohm) တန်ဖိုးရအောင် လုပ်ယူ၊တွက်ယူရပါတယ်။ earth resistance ကို 2-10 ohm ထိလက်ခံကြပါတယ်။earth resistance နည်းလေ၊ကောင်းလေပါ။( general knowledge အဖြစ်သာရည်ရွယ်သည်။)

Special thanks to original SHA(M.E.E)


#မူရင်းရေးသားသူအား လေးစားစွာ creditပေးအပ်ပါတယ်ခင်ဗျ။

Bore Pile အကြောင်း================ Bored Pile ဆို တာ က တော့ သံ ကူ ကွန် က ရစ် (Reinforced Concrete) Pile အ မာ မျိုး အ စား...
06/09/2025

Bore Pile အကြောင်း
================


Bored Pile ဆို တာ က တော့ သံ ကူ ကွန် က ရစ် (Reinforced Concrete) Pile အ မာ မျိုး အ စား တစ် မျိုး ပဲ ဖြစ် ပါ တယ်။ Bored Pile တွေ က အ ဆောက် အ ဦ တွေ ရဲ့ ကြီး မား တဲ့ ဒေါင် လိုက် ဝန် (Vertical Loads) တွေ ကို ထမ်း ဆောင် ရ ပါ တယ်။

Construction Site ဆောက် လုပ် ရေး လုပ် ငန်း ခွင် ထဲ မှာ တင် တပ် ဆင် တည် ဆောက် ရ တဲ့ (Cast-in-Situ) RC Pile အ မျိုး အ စား ဖြစ် ပြီး အ ခြား Spun Pile နဲ့ (RC Square Pile) လေး ထောင့် သ ဏ္ဍာန် သံ ကူ ကွန် က ရစ် Pile တွေ က တော့ Precast Concrete Pile တွေ ပဲ ဖြစ် ပါ တယ်။

Pile အ ပေါက် Drilled Shafts တွေ ကို Bored Piling Machine နဲ့ လှည့် သွင်း ဖောက် ရ ပါ တယ်။ အဲ ဒီ Bored Piling Machine တွေ ကို ထိုး ဖောက် ကိ ရိ ယာ (Drilling Tools), Buckets (မြေ ကြီး သယ် ခြင်း) နဲ့ Grabs (မြေ ကြီး ဆွဲ ထုတ် ခြင်း) ဆို တဲ့ အ ပိုင်း (၃) ပိုင်း နဲ့ Design လုပ် တည် ဆောက် ထား ပြီး မြေ ကြီး တွေ ကျောက် တွေ ကို ဖယ် ရှား ရ ပါ တယ်။

ပုံ မှန် အား ဖြင့် Bored Pilling Machine နဲ့ မြေ ကြီး အ နက် မီ တာ ၅ဝ (ပေ ၁၆ဝ) အ နက် အ ထိ လှည့် သွင်း ထိုး ဖောက် နိုင် ပါ တယ်။

Bored Pile အ သုံး ပြု ခြင်း ရဲ့ အ ဓိ က အ ကျိုး ကျေး ဇူး တ ချက် က တော့ ခေတ် ဟောင်း Pilling စ နစ် (Traditional Pilling System) များ နဲ့ယှဉ် ကြည့် လျှင် Pile ရိုက် သွင်း ချိန် တွင် တုန် ခါ မှု နှင့် ဆူ ညံ မှု တို့ ကို အ လွန် လျော့ ကျ စေ ပါ တယ်။

Bored Pile တွေ ကို များ သော အား ဖြင့် ဝန် (Load) တန် ပေါင်း ထောင် ချီ ကို ထမ်း ဆောင် ထိန်း ချုပ် (Bear) လုပ် နိုင် တဲ့ Pile Foundation တစ် ခု လို အပ် တဲ့ အထပ် မြင့် အ ဆောက် အ အုံ တွေ နဲ့ အ လွန် ကြီး မား တဲ့ စက် မှု လုပ် ငန်း ဆိုင် ရာ အ ဆောက် အ အုံ ကြီး များ နှင့် တံ တား တည် ဆောက် ခြင်း တွေ မှာ အ သုံး ပြု တည် ဆောက် ရ ပါ တယ်။

Bored Pile တူး ဖို့ အ တွက် ကျွမ်း ကျင် Bored Piling Contractor အ ဖွဲ့ လို အပ် ပြီး သာ မန် Piling Contractor ကို အ သုံး ပြု လို့ မ ရ ပါ ဘူး။

မြေ ကြီး တူး တဲ့ နည်း စ နစ် Drilling Method က မြေ ကြီး အ မျိုး အ စား အ ပေါ် မူ တည် ပြီး ကောင်း မွန် တဲ့ (Soil Investigation Report) တစ် ခု ရှိ ထား မှ သာ ဘယ် လို Drilling Technology ကို သုံး မ လဲ ဆို တာ ဆုံး ဖြတ် လို့ ရ မှာ ဖြစ် ပါ တယ်။

မှန် ကန် တဲ့ Drilling Technology ကို အ သုံး ပြု ဖို့နဲ့ ပတ် ၀န်း ကျင် မြေ ကြီး ကို ပြ ဿ နာ တ စုံ တ ရာ မ ဖြစ် စေ ဖို့ က Pilling Contractor ရဲ့ တာ ဝန် ဖြစ် ပါ တယ်။

အ လွန် ပျော့ ပြောင်း ပြီး ရေ ပါ ဝင် မှု များ တဲ့ မြေ အ နေ အ ထား မျိုး သဲ၊ ကျောက် စ ရစ် ရွှံ့ပါ ၀င် တဲ့ မြေ အ နေ အ ထား မျိုး နဲ့ မြေ အောက် ရေ ပြင် (Water Level) မြင့် နေ တဲ့ အ နေ အ ထား မျိုး တွေ မှာ ဆို ရင် Pile တူး ရာ တွင် မြေ တူး ပြီး သား အ ပေါက် (Drilled Shaft) ထဲ တွင် မြေ ကြီး ပြို ကျ နိုင် ပါ တယ်။

ထို သို့ မြေ ကြီး ပြို ခြင်း ကို Pile တူး ရာတွင် ဟောင်း လောင်း ပေါက် သံ ကွင်း (Steel Cages) ထည့် သွင်း ပြီး Pile တူး ခြင်း ဖြင့် ကာ ကွယ် နိုင် သ လို Pile တူး နေ စဉ် (Bentonite) အ ရည် ကို Pile အ ပေါက် ထဲ သို့ထည့် ပြီး Pile တူး ခြင်း ဖြင့် Pile အ ပေါက် ထဲ မြေ ကြီး ပြို ခြင်း ကို ကာ ကွယ် နိုင် ပါ တယ်။

Bored Pilling Machine ဖြင့် မြေ ကြီး တူး ခြင်း လုပ် ငန်း ပြီး ပါ က သံ ခြင်း (Reinforcement Bar) ကို (Drilled Pile) အ ပေါက် ထဲ ချ ပြီး Concrete လောင်း ထည့် ခြင်း ဖြင့် Bored Pile တည် ဆောက် ခြင်း ပြီး ဆုံး မှာ ဖြစ် ပါ တယ်။

စစ်ကိုင်း မန္တလေး ငလျင်အပြီးမှာ..ဖြိုဖျက်ပစ်လိုက်ရတဲ့ အိမ်အချို့သည် Steel structure တစ်ထပ် ၂ ထပ် လေး ပြန်ဆောက်ကြပါတယ်Con...
01/09/2025

စစ်ကိုင်း မန္တလေး ငလျင်အပြီးမှာ..
ဖြိုဖျက်ပစ်လိုက်ရတဲ့ အိမ်အချို့သည် Steel structure တစ်ထပ် ၂ ထပ် လေး ပြန်ဆောက်ကြပါတယ်
Connection ဒီဇိုင်း မှန်ကန်ကောင်းမွန်ပြီး size အရွယ်အစား လုံလောက်ခဲ့ရင် Steel က ကွန်ကရိထက် ပိုပြီး ငလျင်ဒဏ် ခံနိုင်တယ် ဆိုတဲ့ အသိကြောင့်လည်း ပါမှာပါ

ဝမ်းနည်းစရာ ကောင်းတာကတော့…
အရင်တုန်းက အတိုင်းပဲ
ပြီးစလွယ် ကပျစ်ကညစ် အရည်အသွေးမဲ့ ပြန်လည် တည်ဆောက် နေကြခြင်းပါ
ငလျင်ကြောင့် ပြိုပျက်ခဲ့တဲ့နေရာမှာ ငလျင်လာရင် ပြိုနိုင်တဲ့ ပုံစံအရည်အသွေးမျိုးပဲ ပြန်ဆောက်ကြတာမို့ မိအေး ၂ ခါနာ နှမျောစရာ ကောင်းလှပါတယ်

ငလျင်ကြီး လှုပ်တုန်းသာ ကြောက်ခဲ့ကြပေမယ့်..
Aftershocks ငလျင်တွေ တဖြည်းဖြည်း ပါးလာတာနဲ့အမျှ အိမ်ရှင်တွေရဲ့ စိတ်ထားခံယူချက်နဲ့ အဆောက်အဦ နည်းပညာတွေကတော့
“ ၆x၃ ကို တိုင်ထောင်၊ I ဘောင်က ပျော့ကွေး” ဆိုတဲ့ ကဗျာထဲကလို
ဒုံရင်းက ဒုံရင်းပါပဲ

++++++++

စကားမစပ်
Steel structure ဆောက်မယ့်အစား
ဒီပုံထဲကလိုမျိုး Composite ဆောက်လိုက်ကြဖို့တော့ အကြံပြုလိုက်ချင်ပါတယ်credit: original content uploader.

မန်လေး ငလျင် နောက်ဆက်တွဲ မြန်မာပြည်ရဲ့ ညာဏ်ကြီးရှင်များ။
17/06/2025

မန်လေး ငလျင် နောက်ဆက်တွဲ မြန်မာပြည်ရဲ့ ညာဏ်ကြီးရှင်များ။

PILE FOUNDATION
05/05/2025

PILE FOUNDATION

What is Flexible Concrete (ကွေးလွယ်ဆန့်လွယ်ကွန်ကရိ ဆိုတာဘာလဲ)Flexible concrete, often referred to as bendable or enginee...
07/04/2025

What is Flexible Concrete (ကွေးလွယ်ဆန့်လွယ်ကွန်ကရိ ဆိုတာဘာလဲ)

Flexible concrete, often referred to as bendable or engineered cementitious composite (ECC), doesn’t have a single, universal "formula" because its composition can vary depending on the specific application, desired properties, and available materials. However, I can provide you with a general breakdown of its key components and the principles behind it, based on how it’s typically developed.

Standard concrete is rigid and brittle, made from cement, water, sand, and gravel. Flexible concrete, on the other hand, is designed to bend under stress without cracking, thanks to a carefully engineered mix that includes fibers and a lower aggregate content. Here’s a typical composition:Cement: Usually Portland cement, acting as the binder (around 20-40% of the mix by weight).Fine Aggregates: Sand or silica-based materials, much finer than in regular concrete, to improve ductility (20-30%).Water: For hydration, typically in a water-to-cement ratio of 0.3 to 0.5, adjusted for workability.Fibers: This is the key to flexibility—usually polyvinyl alcohol (PVA) fibers, polypropylene, or steel fibers (1-2% by volume). These fibers bridge cracks and distribute stress.

Supplementary Cementitious Materials: Fly ash, slag, or silica fume (30-50%) to enhance strength, workability, and durability.Superplasticizer: A chemical admixture to improve flow without adding excess water (dosage varies, often 1-2% by cement weight).Example Mix (Approximate, per cubic meter):Cement: 400 kgFly ash: 500 kgSand: 500 kgWater: 200 kgPVA fibers: 26 kg (2% by volume)Superplasticizer: 5-10 kgHow It Works:The magic lies in the fibers and the matrix design. Unlike traditional concrete, which relies on coarse aggregates for strength, flexible concrete uses fine particles and fibers to create a ductile material that can strain up to 3-5% (hundreds of times more than regular concrete’s 0.01%). The fibers prevent microcracks from turning into full fractures by "stitching" the material together.Caveats:Exact proportions depend on the project—lab testing is critical to tweak the mix.It’s more expensive than regular concrete due to the fibers and additives.Recipes are often proprietary, developed by companies or researchers like Victor Li, who pioneered ECC.

ပြောင်းလွယ်ပြင်လွယ်ကွန်ကရစ် (မကြာခဏ "ကွေးနိုင်သော" သို့မဟုတ် "အင်ဂျင်နီယာချုပ်ထားသော ဘိလပ်မြေပေါင်းစပ်ပစ္စည်း" ECC ဟုခေါ်သည်) တွင် တစ်ခုတည်းသော အတိအကျ "ဖော်မြူလာ" မရှိပါ။ အကြောင်းမှာ ၎င်း၏ဖွဲ့စည်းမှုသည် အသုံးပြုမှု၊ လိုချင်သောဂုဏ်သတ္တိများနှင့် ရရှိနိုင်သောပစ္စည်းများပေါ်မူတည်၍ ကွဲပြားနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် ၎င်း၏အဓိကအစိတ်အပိုင်းများနှင့် ၎င်းနောက်ကွယ်ရှိ အခြေခံမူများကို ရှင်းပြပါမည်။သာမန်ကွန်ကရစ်သည် ဘိလပ်မြေ၊ ရေ၊ သဲနှင့် ကျောက်စရစ်တို့ဖြင့် ဖွဲ့စည်းထားပြီး မာကျောပြီး ကြွတတ်သည်။ ပြောင်းလွယ်ပြင်လွယ်ကွန်ကရစ်ကတော့ ဖိအားအောက်တွင် ကွဲအက်ခြင်းမရှိဘဲ ကွေးနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး၊ အမျှင်များနှင့် ကျောက်စရစ်ပမာဏနည်းပါးသော ဂရုတစိုက်ပေါင်းစပ်ထားသော ရောစပ်မှုကြောင့်ဖြစ်သည်။ အောက်တွင် ပုံမှန်ဖွဲ့စည်းမှုကို ဖော်ပြထားသည်။ဘိလပ်မြေ: ပုံမှန်အားဖြင့် ပေါ့တလန်ဘိလပ်မြေကို ချည်နှောင်ပစ္စည်းအဖြစ် အသုံးပြုသည် (အလေးချိန်အရ ၂၀-၄၀% ခန့်)။သေးငယ်သောကျောက်စရစ်: သဲ သို့မဟုတ် ဆီလီကာအခြေခံပစ္စည်းများ၊ သာမန်ကွန်ကရစ်ထက် ပိုမိုသေးငယ်ပြီး ပျော့ပျောင်းမှုကို တိုးတက်စေသည် (၂၀-၃၀%)။ရေ: ရေဓာတ်ဖြည့်ရန်အတွက်၊ ရေ-ဘိလပ်မြေအချိုးမှာ ၀.၃ မှ ၀.၅ အထိဖြစ်ပြီး၊ လုပ်ဆောင်နိုင်မှုအတွက် ချိန်ညှိသည်။အမျှင်များ: ပြောင်းလွယ်မှု၏ အဓိကအချက်ဖြစ်ပြီး—ပုံမှန်အားဖြင့် ပိုလီဗိုင်းနယ်အယ်လ်ကိုဟော (PVA) အမျှင်၊ ပိုလီပရိုပိုင်လင်း၊ သို့မဟုတ် သံမဏိအမျှင်များ (ထုထည်အရ ၁-၂%)။ ဤအမျှင်များသည် အက်ကွဲမှုများကို ချိတ်ဆက်ပေးပြီး ဖိအားကို ဖြန့်ဝေသည်။ဘိလပ်မြေဖြည့်စွမ်းပစ္စည်းများ: ပျံပြာမှုန်၊ စလက်၊ သို့မဟုတ် ဆီလီကာမှုန့် (၃၀-၅၀%) ကို ခိုင်ခံ့မှု၊ လုပ်ဆောင်နိုင်မှုနှင့် တာရှည်ခံမှု တိုးတက်စေရန် ထည့်သည်။အထူးပျော့ဆေး: ရေအလွန်မထည့်ဘဲ စီးဆင်းမှုကို တိုးတက်စေရန် ဓာတုပစ္စည်းဖြည့်စွမ်းပေးသည် (ပမာဏမှာ ဘိလပ်မြေအလေးချိန်၏ ၁-၂% ခန့်)။ဥပမာရောစပ်မှု (တစ်ကုဗမီတာအတွက် အနီးစား):ဘိလပ်မြေ: ၄၀၀ ကီလိုဂရမ်ပျံပြာမှုန်: ၅၀၀ ကီလိုဂရမ်သဲ: ၅၀၀ ကီလိုဂရမ်ရေ: ၂၀၀ ကီလိုဂရမ်PVA အမျှင်များ: ၂၆ ကီလိုဂရမ် (ထုထည်အရ ၂%)အထူးပျော့ဆေး: ၅-၁၀ ကီလိုဂရမ်အလုပ်လုပ်ပုံ:အမျှင်များနှင့် မက်ထရစ်ဒီဇိုင်းတွင် မှော်ဆန်မှုရှိသည်။ သာမန်ကွန်ကရစ်သည် ခိုင်ခံ့မှုအတွက် ကြမ်းတမ်းသော ကျောက်စရစ်များကို အားကိုးသော်လည်း၊ ပြောင်းလွယ်ပြင်လွယ်ကွန်ကရစ်သည် သေးငယ်သောအမှုန်များနှင့် အမျှင်များကို အသုံးပြု၍ ပျော့ပျောင်းသောပစ္စည်းကို ဖန်တီးပေးပြီး၊ ၎င်းသည် ၃-၅% အထိ ဆန့်နိုင်သည် (သာမန်ကွန်ကရစ်၏ ၀.၀၁% ထက် ရာနှင့်ချီပိုများသည်)။ အမျှင်များသည် အက်ကွဲမှုငယ်များကို အပြည့်အက်ကွဲခြင်းမဖြစ်အောင် ပစ္စည်းကို "ချုပ်ရိုး" ထားသည်။
#ကွန်ကရိ #ဘိလပ်မြေ

ပြန်လည်ထူထောင်ရေးလိုအပိချက်အတွက်.....
06/04/2025

ပြန်လည်ထူထောင်ရေးလိုအပိချက်အတွက်.....

🏗️🏣ယနေ့ - 23.1*2025 Update ဘိလပ်မြေစျေး.နုန်း..ရန်ကုန် - 33000နေပြည်တော် - 23000မန်းလေး - 21000တောင်ကြီး - 22000ပြင်ဦးလ...
26/01/2025

🏗️🏣ယနေ့ - 23.1*2025 Update ဘိလပ်မြေစျေး.နုန်း..
ရန်ကုန် - 33000
နေပြည်တော် - 23000
မန်းလေး - 21000
တောင်ကြီး - 22000
ပြင်ဦးလွင် - 19000
သန်လျင် - 26000
ကလေး - 28000
မင်းလှ - 25000
အောင်လံ - 22000
မြဝတီ - 18000
မြစ်ကြီးနား - 46000
မိုင်းရယ် - 19000
ကလော - 19000
အဂ်ပူ - 29000(လိုတိုင်းမရ)
ပုသိမ် - 30000
တောင်ငူ - 23000
ကျောက်ပန်းတောင်း - ၂၂၀၀၀
ထားဝယ် - 30000
ဘားအံ - 26000
သထုံ-အလံတရာ- 25000
ရခိုင် - ၁၅၀၀၀၀
မြစ်ကြီနား - ၅၀၀၀၀
ခန္တီး - ၁၅၀၀၀၀ (ရောင်းမယ့်သူ မရှိ)
မူဆယ် - ၅၀၀၀၀ (လိုချင်တိုင်း မရ)
ဟုမ္မလင်း - ၁၀၀၀၀၀
မိုးညှင်း - ၆၅၀၀၀
ကွမ်းလုံ - ၃၅၀၀၀
တမူး - ၄၅၀၀၀
ဖားကန့် - ၁၂၀၀၀၀
ကသာ - ၅၅၀၀၀
နမ့်ခမ်း - ၄၀၀၀၀
မုံရွာ - ၂၈၀၀၀
တနိုင်း - ၁၂၀၀၀၀
ပူတာအို - ၁၀၀၀၀၀
လက်ပံတန်း - ၂၇၀၀၀
ရွှေကူ - ၈၀၀၀၀
မကွေး- ၂၁၀၀၀
ပြည်- ၂၃၀၀၀
ပဲခူး - ၃၀၀၀၀
မော်လမြိုင် - ၂၂၀၀၀
ဟသာ်တ -၂၄၀၀၀
အိမ်မဲ -၂၄၀၀၀
ဝါးခယ်မ -၂၅၀၀၀
မြောင်းမြ - 30000
မအူပင်-29000
မြိတ် - 27000
ထပ်မံဖြည့်စွက်လို့ရအောင် မိမိဒေသရှိစျေးလေးတွေ
မန့်ခဲ့လို့ရပါတယ်
= ဘိလပ်မြေ ရောင်းခြင်း မဟုတ်ပါ
စျေးနှုန်းများ shareပေးချင်သာဖြစ်ပါသည်

✅ Deformed Bar တန် ၅၀၀၀ လိုက်စင်။ အကျိုးတူလုပ်ဆောင်ချင်သူများသို့ 👇
01/11/2024

✅ Deformed Bar တန် ၅၀၀၀ လိုက်စင်။ အကျိုးတူလုပ်ဆောင်ချင်သူများသို့ 👇

Sir Ratan TATA (R.I.P)We will always remember you.
15/10/2024

Sir Ratan TATA (R.I.P)
We will always remember you.

Shout out to my newest followers! Excited to have you onboard! Lion Rose, Htun Wee Ya, John Stone
09/10/2024

Shout out to my newest followers! Excited to have you onboard! Lion Rose, Htun Wee Ya, John Stone

Address

Qingdao

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Telephone

+959973774224

Website

Alerts

Be the first to know and let us send you an email when DSS Steel & Building Materials posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share