22/08/2026
ဘဝမှာ စွဲစွဲလမ်းလမ်းကြိုက်ခဲ့ရတဲ့ မြန်မာသီချင်းဆိုလို့ တစ်ပုဒ်ပဲရှိတယ်။ အကြိမ်ရေပေါင်း ထောင်ချီမဟုတ်ရင်တောင် ရာချီနားထောင်ဖူးလောက်မယ်ထင်တယ်။သီချင်းတစ်ခုမှာ musicတီးလုံးပိုင်းထက် စာသားတစ်လုံးချင်းစီတိုင်းကို ဂရုစိုက်နားထောင်တတ်လို့ ဒါမျိုးသီချင်း နောက်တစ်ပုဒ်မရှိနိုင်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။ အဲ့သီချင်းလေးက အကြိုက်ဆုံးအဆိုတော် စိုးလွင်လွင် တည်ဆိုခဲ့တဲ့ မောင့်မျက်ရည်ဝိုင်းပဲ။ ရေးသားပေးခဲ့တာတော့ဦးကိုင်ဇာ။ အများကြီးမပြောချင်ပေမယ့် ဒီလိုအနုပညာရှင်တွေ ဆုံးရှုံးရတော့လဲ သူတို့ပြောသလို "ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ကိုယ်ယူစပါ့မယ်။"