18/12/2023
ရထားသံလမ်း မှာကျောက်ခဲတွေထားရခြင်းမှာ ကျောက်ခဲ မရှိဘဲ မြေသားပေါ်တွင်သံလမ်းခင်းထားလျှင် မြက်ပင်များ၊ချုံနွယ်များ အလွယ်တကူပေါက်လာနိုင်ပြီး ရထားလမ်းကိုပိတ်ဆို့စေနိုင်သလိုအန္တရာယ်ဖြစ်နိုင်ပါသည်။ထို့ကြောင့်ကျောက်ခဲများသည်အပင်များကိုထွက်မလာစေရန်ဖိသိပ်ပေးသည်။ထို့ပြင်ရထားခုတ်မောင်းလျင် သံလမ်းတုန်ခါမှုမြင့်မားပြီးအသံတွေဆူညံစေပါသည်။ထို့ကြောင့်ကျောက်ခဲဟာရထားအသံဆူညံမှုကိုထိန်းသိမ်းပေးပါတယ်။ထို့အပြင် သံလမ်းပေါ်ကိုရေများအလွယ်တကူ၀င်လာမှုကိုလည်းတားဆီးပေးသည်။ကျောက် ခဲ မပါ ဘဲ သံလမ်းနဲ့ဇလီဖာတုံး ဘဲ ခင်းထားလျှင် မိုးရွာသောအခါ ရေများ အလွယ်တကူ ၀င်ရောက်နိုင်ပြီး မြေသား ပျော့လာကာ လမ်း ချော်စေနိုင်ပါတယ်။
credit