01/06/2026
ဒီနေ့မှာတော့ ကျွန်တော်တို့ ဇော်ဝင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး အရောင်းဆိုင်များရဲ့ပဲ့ကိုင်ရှင် ဦးဇော်ဝင်း ရဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း စတင်လုပ်ဆောင်ခဲ့ပုံအဆင့်ဆင့် ကို ဖော်ပြပေးပါ့မယ်ခင်ဗျာ...
ဦးဇော်ဝင်း ကို 1966 ခုနှစ် အောက်တိုဘာလ 20 ရက်နေ့တွင် ဖွားမြင်သည်။ဦးကြည်ထွန်းနှင့်ဒေါ်ခင်လှတို့၏မွေးချင်း ၆ ဦးအနက် အကြီးဆုံး သားဖြစ်သည်။အကြီးဆုံးသားတို့၏ထုံးစံအတိုင်း
မိခင်ဖခင်တို့၏အားကိုအားထားခြင်းကိုခံခဲ့ရပြီးငယ်စဥ်ကတည်းကပင်ဖခင်ဦးကြည်ထွန်း၏အလှကုန်ပစ္စည်းဆိုင်တွင်(လက်ရှိဒေါ်မြတင်ရွှေဆိုင်လမ်းကြား) ကူရောင်းပေးခဲ့ပြီး အစိုးရစာသင်ကျောင်း ၅တန်း အရွယ်တွင် အလှကုန်ဆိုင်မှ အထည်ဆိုင်အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။1986 ခုနှစ်တွင် အထည်ဆိုင်မှ အိမ်ဆောက်ပစ္စည်းဆိုင်အဖြစ် ဦးကြည်ထွန်း+ဒေါ်ခင်လှအမည်ဖြင့် သစ္စာလမ်း(ဝင်းဝင်းစာပေမျက်နှာချင်းဆိုင်)ဈေးဗလီတန်းလျားဆိုင်ခန်း(လက်ရှိဖျက်သိမ်း)တွင်စတင်ဖွင့်လှစ်ခဲ့သည်။1991 ခုနှစ်တွင် ဆိုင်ခန်းတန်းလျားဖျက်သိမ်းသွားသောကြောင့် အမှတ်(၂၇၇)၊အမှတ်(၂)ရပ်ကွက်၊စျေးတန်းလမ်း၊ဘားအံမြို့(လက်ရှိဖခင်ဖြစ်သူဦးကြည်ထွန်းကိုယ်တိုင်ဆိုင်ထိုင်နေဆဲ)တွင် ဦးကြည်ထွန်း အမည်ဖြင့်ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။
#1996 ခုနှစ်မှ စပြီး
ဇော်ဝင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
(ဖုန်းနံပါတ် 035-21853)
ရဲစခန်းတန်းလျား၊သန့်စင်ဆေးကုခန်းရှေ့(လက်ရှိဖျက်သိမ်း)တွင်ကိုယ်ပိုင်အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
1998 ခုနှစ်တွင် ရန်ကုန် စော်ဘွားကြီးကုန်းဝင်း အဆောင်(၉)၊အခန်း(၅)၊ပုလဲ(၅)လမ်း (ဖုန်း ၆၄၂၁၂၂ - လိုင်းခွဲ ၂၉၅) တွင်
ကိုဇော်ဝင်း ရွှေစည်းစိမ် အမည်ဖြင့်
1998 မှ 2005 ခုနှစ်ထိ 8 နှစ် နီးပါး ဖွင့်လှစ်ရောင်းချခဲ့ပါသည်။2005 ခုနှစ် အဆုံးပိုင်းတွင် အမှတ်(၂/၂၅၂)၊ဈေးတန်းလမ်း၊ဘားအံမြို့တွင်ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး
လက်ရှိတွင် ဆိုင်းခန်းကျဥ်းခြင်းနှင့်လမ်းထဲသို့ကားကြီးဝင်/ထွက်ရခက်ခဲသောကြောင့်
အမှတ်(၅/၄၅၆)၊ဗိုလ်ချုပ်လမ်း(ဆောက်လုပ်ရေးရုံးရှေ့)တွင်ပြောင်းရွှေ့ဖွင့်လှစ်ထားသည့်အပြင် ဆိုင်ခွဲ အနေဖြင့် 2018 ခုနှစ် အောက်တိုဘာလမှစပြီး ကမမောင်းမြို့(ကမမောင်း-ဖာပွန် လမ်းမကြီး)တွင် ဖွင့်လှစ်ရောင်းချပေးခဲ့ပါသည်။
အိမ်ဆောက်ပစ္စည်းရောင်းချပေးခြင်းအပြင်
လုံးချင်းတိုက်များလည်း ကန်ထရိုက်ယူ၍
ဈေးနှုန်းမှန်ကန်စွာဖြင့် အိမ်ရှင်စိတ်တိုင်းကျ ဆောက်လုပ်ပေးလျက်လည်း ရှိပါသည်။ ဇော်ဝင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး အမည်ဖြင့် 1996 ခုနှစ်မှ စပြီး ယခုချိန်ထိအားပေးခဲ့ဖူးသော Customer များ Comment ဝင်ရေးပေးပါခင်ဗျာ..
မေတ္တာလက်ဆောင်အဖြစ်
ဖုန်း Bill ထည့်သွင်းပေးချင်လို့ပါခင်ဗျာ။
ယခင့်ယခင်က အလုပ်တွဲလုပ်ခဲ့ဖူးသော
Customer များနှင့်လည်း ပြန်လည်ဆုံဆည်းပြီး အလုပ်ပြန်လည်၍ တွဲလုပ်ချင်ပါသေးသည်။
မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံဆည်းလိုသောကြောင့် ယခု Post ကို
တင်လိုက်ရခြင်းဖြစ်ပါသည်။