23/12/2025
RC လား SS လား?🏗️🏢
မင်္ဂလာပါခင်မျာ Lwin Htoo Aung Trading of building materials မှ ကြ်ိုဆိုလိုက်ပါတယ်။
RC ဆိုတာ
(Reinforced Concrete) ဖြစ်ပါတယ် အဆောက်ဦး
ဆောက်လုပ်ရာတွင် ဘိလပ်မြေ သံချောင်းနဲ့
အုပ် သဲ ကျောက် ရောစပ် အသုံးပြု တဲ့အရာ ဖြစ်ပါတယ်။
SS ဆိုတာ
(Steel Structre) ဖြစ်ပါတယ်။
စက်ရုံမှာ အသင့်ထုတ်ထားတဲ့ I-Beam၊ H-Beam သံမဏိတိုင်တွေကို အသုံးပြုပြီး မူလီ (Bolts) တွေ၊ ဂဟေ (Welding) တွေနဲ့ ဆက်ပြီး ဆောက်တဲ့စနစ်မျိုးဖြစ်ပါတယ်။
RC နဲ့ SS မှာလည်း အားသာချက်
ရှိသလို အားနည်းချက်လည်းရှိပါတယ်ဗျ။
အရင်ဆုံး RC ရဲ့
အားသာချက်နဲ့ အားနည်းချက်လေးက်ို
လိုတိုရှင်းလေး ရှင်းပြပေးပါမယ်ဗျ။
RC ရဲ့ အားသာချက်များ
-RC တည်ဆောက်ဖို့ ကုန်ကျစရိတ်က
SS နဲ့ ယှဉ်ရင် ပစ္စည်းဖိုး အနည်းငယ်သက်သာနိုင်ပါတယ်။
-ပြုပြင်ထိန်းသိမ်းမှုမှာလည်း ကြီးကြီးမားမား မရှိတဲ့အတွက် Foundationကနေ အချောထည် Final ထိ
စိတ်ချလက်ချ တက်ကျွမ်း နားလည်တဲ့ Engineer နဲ့
တိုင်ပင် ပြီး ဆောက်လုပ်နိုင်ပါတယ်။
-ပြည်တွင်းထုတ် သံများ ဘိလပ်မြေများ Quality ကောင်းမွန်သောကြောင့် ပစ္စည်းရှာရ လွယ်ကူ လျင်မြန်ပါတယ်။ (HRB 400, HRB 500 စသည်ဖြင့်)
-Concrete ဖြင့် တည်ဆောက်ရသောကြောင့်မီးလောင်မှုကို ခံနိုင်ရည်ပိုရှိပြီး နေအိမ်အတွင်း အခန့်ဖွဲ့ ဆောက်သည့်အခါအခန်းတွင်း အသံလုံမှု ရအောင် စိတ်တိုင်း ကျ တည်ဆောက်နိုင်ပါတယ်။
-ရာသီ ဥတု လေဒဏ် မိုးဒဏ် ကောင်းမွန်စာ ခံနိုင်ပါတယ်။
အားနည်းချက်များ
RC ရဲ့ အားနည်းချက်ကတော့
-ကွန်ကရစ် အသားသေ ငြိမ်ဖို့ဖို့ စောင့်ရတာကြောင့် အိမ်ပြီးဖို့ အချိန်ပိုကြာပါတယ်။ Concrete ရဲ့ ဂုဏ်သတ္တိကြောင့်
အချိန်ခနယူကာ Slab ပြင်ပေါ်က်ို ရေလည်း မကြာမကြာ လောင်းပေးတက်ရပါတယ် သို့မှသာ Slab လောင်းထားတဲ့
concrete ရဲ့ Strength က ပိုပြီး တက်လာမှာဖြစ်ပါတယ်။
-အဆောက်အအုံက အရမ်းလေးတာကြောင့် Foundation (အုတ်မြစ်) ကို ပိုခိုင်အောင် လုပ်ဖို့ အထူးသတိထားရပါတယ်။ ဒါမှသာ ငလျင်ဒဏ် ကို ကောင်းမွန်စွာ ခံနိုင်ရည် ရှိမှာပါ။
-အလေးချိန်ခံနိုင်ဖို့ တိုင်တွေက SS ထက် ပိုကြီးရတဲ့အတွက် အခန်းနေရာ ပိုယူတတ်ပါတယ်။
SSရဲ့အားသာချက်များ
-အစိတ်အပိုင်းတွေကို အသင့်လာတပ်တည်ဆောက်ရုံပဲဖြစ်လို့ RC ထက် ၃ ဆကနေ ၄ဆလောက်
ထိ ပိုမြန်ပါတယ်။
-တိုင်တွေက သေးသေးလေးနဲ့ ခိုင်ခံ့တာကြောင့် အခန်းကျယ်ကျယ်တွေ ထုတ်ချင်ရင် သင့်တော်ပါတယ်။ ပုံစံဆန်းတွေ ထုတ်ရလွယ်ပါတယ်။ (RCကလို တိုင် တွေက နေရာအရမ်းမယူတော့ပါ)
-အဆောက်ဦး တည်ဆောက်ထားတဲ့အပေါ်မှုတည် ပြီး
ပြန်ဖြုတ် ၍ အခြားနေရာသို့လည်း ရွှေ့ပြောင်းနိုင်ပါတယ်။
(ဥပမာ တစ်ထပ် အမြင့်နဲ့ တည်ဆောက်ထားတဲ့ Warehouse တွေမှာ သိသာစေနိုင်ပါတယ်)
-ခိုင်ခံ့မှု စိုးရိမ်စရာမရှိချင်း (Flexible ဖြစ်ချင်း)
အားနည်းချက်များ
SS ရဲ့အားနည်းချက်ကတော့
-သံစျေးနှုန်းပေါ် မူတည်ပြီး ပစ္စည်းဖိုးက RC ထက် ၂၀% ကနေ ၃၀% ဝန်းကျင် ပိုများနိုင်ပါတယ်။
-သံချေးမတက်အောင် အထူးဂရုစိုက်ရပါတယ်။ သံချေးတက်လာသည့်အခါ(Anti-rust) ကောင်းကောင်း
သုံးပေးရနိုင်ပါတယ်။
-သံက အပူစီးကူးတာ မြန်သလို၊ အဆောက်ဦးအတွင်းလမ်းလျှောက်ရင် အသံမြည်တာမျိုး ပစ္စည်းတွေထားရင်ရွှေ့ရင် weightအပေါ်မူတည်ပြီး (Vibration) ဖြစ်တတ်လို့ ကြမ်းခင်းကို သေချာလုပ်ဖို့တော့ လိုအပ်ပါတယ်။
-အပူဒဏ် မီးဒဏ်ကြောင့် သံထည်တွေပုံပျက်လွယ်နိုင်သဖြင့် (Fire Proof accessories များ ထဲ့သွင်းအသုံးပြုနိုင်ဖို့လိုအပ်ပါသည်။)
ဒါကြောင့် SS လား RC လား မိတ်ဆွေတို့
စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်။
မိမိတို့ ဆောက်လုပ်ချင်တဲ့ အဆောက်ဦးပေါ်မူတည်ပြီး
ကျွန်တော်တို့ Lwin Htoo Aung Trading Company မှ ကျွမ်းကျင် ဝန်ထမ်းများနှင့် သိရှိလိုသော နားမလည်သော
အစိတ်ပိုင်းများကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်မျာ။
ဒါ့အပြင်IBeam UBeamများ Cements များ Hollowများ HRB 400, 500 အစရှိတဲ့ Size တွေကို ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းကိုလည်း မှန်ကန်အောင် ရောင်းချပေးနေတဲ့အတွက် ထူးကဲကောင်းမွန်တဲ့ Rebar တွေလိုအပ်နေရင် တော့ Lwin Htoo Aung Trading of building materials
ကိုသာ ကြွလှမ်းခဲ့ပါခင်ဗျာ။👍👍
Ph 📞📱09-899 885 459
📞📱09-899 885 926
ဆိုင်လိပ်စာလေးကတော့ 🏫
မြောက်ဥက္ကလာပ မြို့နယ် သီိရိရတနာ လက်လီလက်ကား ဈေးဝန်း ရွှေပလ္လင် လဖက်ရည်ဆိုင်အနီး
သုဓမ္မာလမ်းမကြီးမှာ ရှိပါတယ်ခင်မျာ။
အဆုံးထိ ဖတ်ရှူပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်မျာ။🙏🏻