31/12/2024
KBZ Pay Hack ခံရတယ် ဆိုတာ
- OTP
- NRC
- Remote APP
စတာတွေနဲ့ တစ်ခုခု ညှိတာ ကြောင့်မို့လို့ ဖြစ်တာပါ အဆင့်မြင့် Hack နည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကျားဖြန့် လိုမျိုး လူလိမ် အဖွဲ့အစည်းနဲ့ လိမ်တာတွေ ဖြစ်ပါတယ်။
KBZ Pay အောင်မြင်အောင် Hack ဖို့ ဆိုလျှင်
ဒီအချက်တွေ သိရမှ ရပါမယ်။
- KBZ Pay Phone Number
- OTP
- NRC
စတဲ့အချက်သုံးချက် သိမှ Hack တာ
အောင်မြင်မှာ ဖြစ်ပါတယ်
ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရာလေးတွေ ဗဟုသုတ အနေဖြင့် လေ့လာကြည့်ပါ၊
K-pay ဖောင့်ထားတဲ့ ဖုန်းနံပါတ်က သိဖို့ လွယ်တော့
မပြောတော့ ဘူး
ပထမဆုံး One Time Password ဘယ်လိုရယူနိုင်မလဲ?
နံပါတ်တစ် (1) လူချင်းရင်နှီးမှ လုပ်လို့ရတဲ့နည်းလမ်းပါ,
လူချင်းရင်းနှီးတော့ သူ့ဖုန်းနံပါတ်သိတာပေါ့ , ဒီဘက်က KBZ ဖုန်းမှာ သူ့ နံပါတ်ထည့် forget လုပ်လိုက်ရင် ခိုးသူသူက သူ့ဖုန်းဘေးမှာ ရှိနေရင် ဖုန်းပိုင်ရှင်ကလည်း Massage ကို Private လုပ်မထားရင် OTP ကျလာတာနဲ့ ဖုန်းက လင်းလာပြီး OTP Code လှမ်းကြည့်ပြီး ပါသွားနိုင်ပါတယ်, ခိုးသူက မှတ်ပုံတင်ပါသိထားရင်သွားရောပေါ့
နံပါတ်နှစ် (၂) ဖုန်းဆက် လှမ်းတောင်းတဲ့ နည်းပါ
ဒီနည်းကတော့ KBZ ဝန်းထမ်း အယောင်ဆောင်ပြီး OTP Code လှမ်းတောင်းပါ။ သူက တစ်နည်းနည်းနဲ့ မှတ်ပုံတင် နံပါတ် သိထားလို့ ဒီအဆင့်ကို လုပ်လို့ ရတာပါ။
နံပါတ်နှစ် (3) App Permissions
ကိုယ်သိတဲ့ APP နေနေ မသိတဲ့ APP နေနေ SMS ကို ဝင်ဖတ်လို့ ရတဲ့ Permission ပေးထားမထား စစ် ပါ, လူလိမ်တွေက long-term Projet တွေနဲ့ သွားတာ ဖြစ်တဲ့ အတွက်ကြောင့် လူတွေ စိတ်ဝင်စားမဲ့ APP တွေ ဖန်တီးပြီး ကိုယ့် Data တွေနဲ့ အမြတ်ထုတ်နေတာ ဖြစ်ပါတယ်။ ဥပမာ - လောင်းကစား ဂိမ်း တို့ ဘာတို့ ဆို Permission တွေအကုန်တောင်းတာပါ၊, တချို့ ငွေထုတ်ဖို့ ဆိုပြီး မှတ်ပုံတင် တွေ ဘာတွေ တောင်းတာ ကို ကြားသိရပါတယ်။ အကောင့်ဖောက်တော့ နံပါတ်ရတယ် , SMS Permission ရတော့ OTP ကို ဝင်ဖတ်နိုင်တယ် , ငွေထုတ်ဖို့ အတွက် မှတ်ပုံတင် ဆိုတော့ , အဲ့ မှာ NRC နံပါတ်ရပြီ, K- Pay Hack ဖို့အတွက် အချက်သုံးချက်နဲ့ ညှိတော့ ပါပြီပေါ့
မှတ်ပုံတင်နံပါတ် ဘယ်လို ရနိုင်မလဲ?
တချို့ Online Registration တွေ မှတ်ပုံ တင်နံပါတ်ထည့်ပြီး Register လုပ်ရတာတွေ ရှိပါတယ်။
ပြီးလျှင် တစ်ခုခုလုပ်ရင် ပွဲစားနဲ့ လုပ်ခိုင်းတာတွေ က ကိုယ့်မှတ်ပုံတင် နံပါတ် သိရှိနိုင်ပါတယ်။
တချို့ အဲဒီ Data တွေ ရောင်းစားတာတွေ ရှိပါတယ်။
Remote APP
Anydesk လို Software မျိုးပါ အားလုံးကို ထိန်းချုပ် ခွင့် ရသွားတာ ဖြစ်တဲ့ အတွက် OTP, တွေ NRC တွေ မလိုတော့ပဲ အကုန် ကုန် တာပေါ့
အနှစ်ချုပ်အနေနဲ့ ပြောရရင်
K Pay Hack မခံရဖို့ ဆိုရင်
- ကိုယ် မသိတဲ့ app တွေ မသွင်းပါနဲ့
- ကိုယ်သိတဲ့ app တွေကိုလည်း Permission တွေ မလို တာတွေ Deny ပေးပါ။
- ကိုယ်မသိတဲ့ Link တွေ မဝင်ပါနဲ့
- Online Register လုပ်တဲ့အခါ မလိုအပ်ပဲ Data တောင်းတာ သတိထားပါ။ NRC ထည့် ရတဲ့ Register မျိုး
မပြုလုပ်ပါနဲ့
- OTP Code ကျတဲ့ အခါ Noti မှာ စာမပေါ်အောင် Private လုပ်ပါ။
-ကိုယ့်မှတ်ပုံတင် Public ကို ထုတ်ပြတာတို့ , ပွဲစားနဲ့ တစ်ခုခုလုပ်ခိုင်းတာတို့ ရှောင်ကြင်ပါ။
မှတ်ချက် - ဘာ Info မှာ မသိရင် ဘာမှလုပ်မရပါ။
Hack ခံရတဲ့ အကောင့်တွေ Data Leak ဖြစ်ခဲ့တဲ့ အကြောင်းကြောင့် Hack ခံရတဲအကျိုး ဖြစ်တာပါ။