05/11/2021
Xiaomi ဖုန်းတွေရဲ့ China ROM နဲ့ Global ROM ဆိုတာတာဘာတွေလဲ ?
အဲဒါတွေ မပြောခင် ROM ဆိုတာ ဖုန်းတစ်လုံးရဲ့ Software အစိတ်အပိုင်းတစ်ခုလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုပဲ အရင်ဆုံးသိထားပေးပါ။
( China ROM )
China ROM မှာကတော့ Alpha ROM, Beta ROM , Stable ROM ဆိုပြီးရှိပါတယ်။
Alpha ROM ဆိုတာ Developer သမားတွေ စမ်းသပ် အသုံးပြုတဲ့ ROM ဖြစ်ပြီး Beta ROM ကတော့ Mobile Software Technician သမားတွေအတွက် စမ်းသပ် အသုံးပြုနိုင်အောင် Public ထုတ်ပေးထားတဲ့ ROM တွေဖြစ်ပါတယ်။
Alpha ROM နဲ့ Beta ROM တွေမှာ Error တော်တော်များများ တွေ့ရပြီး အဲဒီ Error တွေကို System Update ပေးကာ ပြင်ဆင်တာမျိုးတွေလည်း လုပ်ပါတယ်။
Stable ROM ဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့ Alpha ROM နဲ့ Beta ROM ကနေတဆင့် စမ်းသပ်ပြီး Error အကင်းဆုံးနဲ့ User တွေ အသုံးပြုလို့ ရနိုင်အောင် ပြင်ဆင် ထုတ်လုပ်ပေးခဲ့ ROM ပဲဖြစ်ပါတယ်။( Stable ဆိုတာ အတည်ငြိမ်ဆုံး ဖြစ်တယ်လို့ ဆိုလိုတာပါ။ )
( Global ROM )
Global ROM မှာလည်း Beta ROM နဲ့ Stable ROM ဆိုပြီး ရှိပါတယ်။
Beta ROM ကဘာလဲ ၊ Stable က ဘာလဲဆိုတာကတော့ China ROM မှာရှိတဲ့ ပုံစံမျိုးနဲ့အတူတူဖြစ်တာမို့ မရှင်းပြတော့ပါဘူး။
မေး => ဒါဆိုရင် China ROM နဲ့ Global ROM ဘာတွေကွာလဲ ?
ဟုတ်ကဲ့ China ROM နဲ့ Global ROM တွေမှာ သူ့အားနည်းချက် သူ့အားသာချက် ရယ်လို့ မရှိပေမယ့် သူ့ဟာနဲ့သူ အဆင်ပြေကြပါတယ်။ ကျွန်တော်ပြောနေတဲ့ China ROM, Global ROM ဆိုတာတွေက Software ပိုင်းဆိုင်ရာ ဖြစ်တဲ့အတွက် ကိုယ်က China ROM ကနေ Global ROM ပြောင်းမယ်ဆိုရင် ဖုန်းရဲ့ Software ပိုင်းကိုသာ ပြောင်းလဲသွားပြီး စက်ပိုင်းဆိုင်ရာ Hardware တွေကတော့ ပြောင်းလဲသွားတာမျိုး မရှိပါဘူး။
China ROM & Global ROM ကွာခြားချက်
--------------------
Google Play service
~~~~~~~~~~~~~~~~~~
China ROM တွေမှာ အရင်တုန်းကတော့ Google play services ရအောင် Third party Application တွေနဲ့ အသုံးပြုရပြီး အခုနောက်ပိုင်း Xiaomi ဖုန်းတွေ ရဲ့ System update တွေမှာ Google play services မရတော့ တာတွေများလာပါတယ်။(Basic Google ရတဲ့ ဖုန်းတွေကလွဲရင်ပေါ့)
Global ROM မှာကတော့ Google play service က Built-in အဖြစ် ပါဝင်ထားတာကြောင့် အရန်သင့် Gmail account ထည့်သုံးရုံပါပဲ။
China Application
~~~~~~~~~~~~~~~~
China ROM က တရုတ်ပြည်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာမို့ China Application တွေ တော်တ်ောများများ တွေရပါလိမ့်မယ်။
Global ROM ကတော့ တစ်ကမ္ဘာလုံး အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကြောင့် China Application ကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။
System Update
~~~~~~~~~~~~~~
System Update တွေမှာကတော့ China ROM က အစောဆုံး ရတတ်ပြီး Global ROM ကတော့ China ROM ထက် နောက်ကျမှ ရတတ်ပါတယ်။
Browser application
~~~~~~~~~~~~~~~~~~
China ROM မှာ Browser application ထဲဝင်လိုက်ရင် တရုတ်ကြေငြာတွေ/သတင်းတွေ ကိုတွေ့ရတတ်ပြီး တစ်ခုခု ရှာချင်တာမျိုးဆိုရင်တော့ www.google.com ဆိုပြီး စတဲ့ website Name ကိုအရင်နှိပ်ပြီး ရှာရတတ်ပါတယ်။
Global ROM မှာကတော့ Google search engine ကိုသုံးထားတာကြောင့် Browser Application ထဲကိုဝင်လိုက်တာနဲ့ ကိုယ် ရှာချင်တာကို key points လေးတွေရိုက်ပြီး တန်းရှာလို့ရုံပါပဲ။
ဒီလောက်ဆိုရင် Xiaomi ဖုန်းတွေရဲ့ China ROM နဲ့ Global ROM ဆိုတာ ဘာလဲ သိပြီလို့ထင်ပါတယ်။
🙏 ကျေးဇူးတင်ပါတယ် 🙏