21/08/2022
BTCRS ကွန်ပျူတာ အခြေခံသင်ခန်းစာများ (ပညာဒါန)
ကွန်ပျူတာ တစ်လုံး မှာ hardware နဲ့ software ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။
Hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
ဥပမာ။ ။ monitor၊ mouse
ကွန်ပျူတာတစ်လုံးရဲ့ယန္တရားအတွက်မရှိမဖြစ်လိုအပ်တဲ့Hardware ပစ္စည်း(၁၀)မျိုးရှိပါတယ်။အောက်မှာပုံနှင့်တကွပြထားပါသေးတယ်။
၁။ Monitor
Monitor ဆိုတာ
Monitor ဆိုတာကတော့ TV နဲ့ အောက်စက်မှာလိုဆို TV အနေနဲ့မျက်လုံးထဲမြင်ကြည့်ပေးပါ။ လုပ်ဆောင်ချက် ကွဲသလို အခေါ်အဝေါ်လဲကွဲပါတယ်။ Monitor ကတော့ display (ရုပ်ထွက်)သက်သက်ပေါ့။ Monitor ပေါ်ကရုပ်ပုံအချက်အလက်တွေကိုကြည့်ပြီး ကွန်ပျူတာကိုခိုင်းစေရတာမို့လို့ computer အတွက်Monitor ဟာမရှိမဖြစ်လိုအပ်မှာပါ။
၂။ Keyboard (လက်နှိပ်စက်ပေါ့)
keyboard ဆိုတာ
keyboardရဲ့အသုံးပြုပုံ အသုံးဝင်ပုံအတွက်
လက်တွေ့အလုပ်တစ်ခုကိုတင်ပြပါရစေ။
ဖုန်းငွေဖြည့်ကဒ်ရပြီဗျို့ ဆိုတဲ့ ကြော်ငြာစာရွက်အသေးလေးကိုမြင်ဖူးကြမှာပါ။
ဒီစာရွက်ကိုထုတ်ဖို့အတွက် အရင်ဆုံး keyboard နဲ့စာရိုက်ရပါတယ်။Keyboard ရဲ့ လုပ်ငန်းစဉ်ကိုပြောခြင်းပါ။
မှတ်ချက်။ ။ keyboard နဲ့စာရိုက်နည်းကိုတော့ ထပ်ပြီးတင်ပြပေးပါအုံးမည်။စောင့်မျှော်ပီးဖတ်ရှုပေးကြပါအုံးဗျာ။
၃။ Mouse ညွှန်ပြပစ္စည်းပေါ့ (ပုံလေးကိုတော့ အောက်မှာကြည့်ပေးပါ။)
ကွန်ပျူတာကိုစလေ့လာပေမဲ့လို့ Monitor ပေါ်မှာမြာအဖြူရောင်လေးတစ်ချောင်းပေါ်နေပါတယ်။အဲ့ဒါဟာမောက်ရဲ့ သင်္ကေတပါ။ တစ်နည်းအားဖြင့် Mouse ကိုလက်ဖြင့်ကိုင်ပြီးရွှေ့သည်နှင့်တစ်ပြိုင်နက် မြားအဖြူရောင်လေးဟာရွေ့သွားမှာပါ။ကွန်ပျူတာကိုအလုပ်တစ်ခုခုခိုင်းစေတဲ့အခါ
ဥပမာ သီချင်းတစ်ပုဒ်ဖွင့်သည့်အခါ Mouse လေးကိုရွှေ့ပြီး
Mouse အတွင်အသင့်ပါသည့်ခလုပ်များကိုနှိပ်၍ပွင့်စေပါသည်။တစ်ခြားsoftware တဲ့တစ်ခုခုဖွင့်သုံးသည့်အခါတွင်လဲ ဤနည်းအတိုင်းသာလုပ်ဆောင်ပါသည်။
Mouse တွင်ပါသောခလုပ်များကို အကြမ်းဖျင်း အနည်းငယ်ပြောပြလိုပါသည်။
Mouse တွင် ခလုပ်နှစ်ခုပါရှိပါသည်။
Mouse ကိုညာဘက်လက်ဖြင့်ကိုင်ထားပါက
လက်ညှိုးဖက်တွင် ခလုပ်တစ်ခု(စမ်းသပ်၍နှိပ်ကြည့်နိုင်ပါသည်) အဲ့ခလုပ်က ဘယ်ဖက်တွင်တည်ရှိသောကြောင့် Left Button ဟုခေါ်ဆိုပါသည်။
Left Button မှာ နှစ်မျိုးသုံးပါတယ်။
တစ်ချက်နှိပ်ခြင်း (Left Click လို့ခေါ်ပါတယ်)
ဖိုင်တေကို ရွေးချယ်ခြင်း(select) လုပ်တဲ့အခါမှာအသုံးပြုပါတယ်။
နောက်ပိုင်းထက်တင်တဲ့သင်ခန်းစာတွေထပ်တင်ရင်တော့
Left Click ကိုသုံးတတ်လာမှာပါ။
နှစ်ချက်အမြန်နှိပ်ခြင်း ( Double Click)
ဘယ်လောက်ထိမြန်ရမလဲဆို ၁စက္ကန့်အတွင်းမှာ နှစ်ချက်ရအောင်နှိပ်ရမှာပါ။
Double Click ကို software တစ်ခုခုဖွင့်သုံးတဲ့အခါမျိုး
ဓာတ်ပုံ
ဗီဒီယို
သီချင်း။ဖိုင်အားလုံးလိုလိုပါပဲ Double Click ကိုသုံးပါတယ်။
နောက်တစ်ခုကလက်ခလယ်မှာပေါ့
သူကညာဘက်မှာတည်ရှိသောကြောင့် Right Button ဟုသတ်မှတ်ပါသည်။
Right Button မှာတော့ တစ်ချက်နှိပ်တာတစ်မျိုးပဲရှီပါတယ် Left Button လိုနှစ်ချက်အမြန်နှိပ်တာမျိုးမရှိပါဘူး။
Right Click လို့ခေါ်ပါတယ်။
Right Click ကတော့ ဥပမာ စက်ထဲမှာရှိတဲ့သီချင်းတစ်ပုဒ်ရဲ့
ဖိုင် size 2MB လား 5 MB လားစသဖြင့်သိချင်ရင်
သိချင်တဲ့ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ menu
တေထဲက အောက်ဆုံးမှာရှိတဲ့ properties ကို left click
နှိပ်ရင် သူ့ရဲ့ ဖိုင်size ကိုတွေ့ရပါပြီ။
နောက်တစ်ခုကခလုပ်တော့မဟုတ်ပါဘူး
ဘီးပေါ့ ခလုတ်နှစ်ခုကြားမှာ ဘီးတစ်ဘီးရှိပါတယ်။
အဲ့ဘီးလေးကိုတော့ ဥပမာအနေနဲ့ ဖုန်းမှာ အပေါ်အောက် New Feed ပွတ်သလိုပါဘဲ။ ဖိုင်တေများတဲ့အခါမှာ ဘီးလေးကိုအပေါ်အောက်လိမ့်ပြီးကြည့်ပါတယ်။
၄။ Motherboard (ကွန်ပျူတာရဲ့ အာရုံကြော)
Motherboard ဆိုတာတော့ electricity ရှိတဲ့Circuit board တစ်မျိုးပါ။ Hardware ပစ္စည်းအားလုံး သူဆီမှာချိတ်ဆက်ရပါတယ် တိုက်ရိုက်(သိုမဟုတ်) သွယ်ဝိုက်သောနည်းနဲ့ချိတ်ဆက်ထားပါတယ်။တစ်နည်းအားဖြင့် hardware အားလုံးက သူနဲ့မချိတ်ဆက်ရင်အလုပ်မလုပ်ပါဘူး။
Monitor Keyboard Mouse တွေလဲသူနဲ့ချိတ်ဆက်ထားပါတယ်။
၅။ CPU ( Central Processing Unit)ကွန်ပျူတာရဲ့ ဦးနှောက်
တိုတိုနဲ့လိုရင်းပြောရရင်တော့
ဥပမာ ကွန်ပျူတာမှာ ၁ နဲ့ ၂ ပေါင်းလို့ ၃ ရတာကအစ
အပေါင်ဆိုင်တေမှာတောင် ဒီလူလာပေါင်တဲ့နေ့က ဘယ်နေ့ဆိုဆုံးပြီဆိုတာအဆုံး ကွန်ပျူတာနဲ့တွက်ချက်နိုင်တယ်ဆိုတာ ကွန်ပျူတာမှာ CPU ရှိနေလို့ပါ။ ကွန်ပျူတာမှာ CPU ဟာအဓိကတွက်ချက်သူပါ။
၆။ RAM ( Random Access Memory )ယာယီမှတ်ဉာဏ်
ကွန်ပျူတာမှာ System Software အပါအဝင် ဖွင့်ထားသသမျှ softwareတွေကိုထိန်းထားတာ RAM ပါ။ သို့သော်
ကွန်ပျူတာကို ပိတ်ပြီးပြန်ဖွင့်ရင်တော့ ဖွင့်ထားတဲ့ Software တွေမရှိတော့ဘူးပေါ့ သုံးချင်ရင်ပြန်ဖွင့်ပေါ့ ဒါကြောင့် RAM ကိုယာယီမှတ်ဉာဏ်လို့ခေါ်ဆိုခြင်းပါ။
၇။ H.D.D (Hard Disk Drive)အမြဲတမ်းမှတ်ဉာဏ်
Hard Disk က အချက်အလက်တေသိုလှောင်နိုင်လို့
storage device device လို့လဲခေါ်ပါတယ်။ သူကတော့
ကိုယ်ရေးကိုယ်တာအချက်အလက်တေ ဥပမာ ဓာတ်ပုံ သီချင်း ဗီဒီယိုစသဖြင့်ပေါ့ အဲ့ဒါတေသိမ်းစည်းနိုင်တာ Hard Disk ကြောင့်ပါ။ ကွန်ပျူတာကိုပိတ်ပြီးပြန်ဖွင့်လဲ ကျွန်တော်တို့သိမ်းထားတဲ့ ဖိုင်တေရှိပါတယ် ဒါကြောင့်သူ့ကို အမြဲတမ်းမှတ်ဉာဏ်လို့ခေါ်ဆိုခြင်းပါ။
၈။ PSU (Power Supply Unit)
PSU ကတော့ ကွန်ပျူတာထဲက hardware တွေကို ပါဝါအညီအမျှပေးတဲ့ပစ္စည်းဖြစ်ပါတယ်။ကွန်ပျူတာဟာ Volts သုံးမျိုးနဲ့ အလုပ်လုပ်ပါတယ် 3.3 volts 5 volts 12 volts
3.3 volts ပဲလိုတဲ့ hardware ကို 3.4 volts မပေးပါဘူး
လိုသလောက်ပဲပေးပါတယ်။ Hardware တွေဟာ လျှပ်စစ်ပါဝါရမှအလုပ်လုပ်ကြတာပါ။
၉။ DVD Drive
DVD Drive ကတကယ်တမ်းတော့ ခွေကြည့်ရန်မဟုတ်ပါ။ Software ခွေတွေထည့်ပြီး software သွင်းတဲ့အခါ
DVD drive ကိုအသုံးပြုရပါသည်။ DVD Driveဖြင့်အခွေကြည့်တဲ့အခါမှာ အမြဲတမ်းအဆက်မပျက်လည်နေရတော့ DVD
drive မော်တာဟာPressure တက်ပါတယ်။ နောက်ပိုင်းမှာ
ခွေမဖတ်နိုင်တော့ပါဘူး။အဲ့ဒါကြောင့် DVD drive နဲ့ ခွေမကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
၁၀။ Casing (ပုံးခွံ)
Casing ဆိုတာတော့ hardware ပစ္စည်းတေကိုကာရံထားတဲ့အခွံကြီးပါ casing မရှိရင်လဲ ကွန်ပျူတာကအလုပ်တော့လုပ်ပါတယ်။ သို့သော် electricity ရှိသည့်အတွက်
casing မပါရင်တော့ လျှပ်စစ်စီးပြီး Shock ဖြစ်နိုင်လို့ပါ။
Software ဆိုတာက လက်နဲ့ကိုင်တွယ်လို့မရတဲ့ ကွန်ပျူတာအသုံးပြု ပစ္စည်းလို့ ပြောရင်လည်းမှန်ပါတယ်။
program များကို စုဆောင်းထားတာကို software လို့ခေါ်ပါတယ်။ software ဆိုတာ ကွန်ပျူတာကို ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာ ထိန်းကျောင်းပေးတဲ့ ညွန်ကြားချက် အစုအဝေးလည်းဖြစ်ပါတယ်။ software မပါဘဲ ကွန်ပျူတာ ဘာမှလုပ်လို့မရသလို hardware မပါဘဲနဲ့လည်း ကွန်ပျူတာ ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။
software မှာ နှစ်မျိုးထပ်ခွဲပါသေးတယ်။
၁။ application software
၂။ system software
application software
application software ဆိုတာကတော့ application တွေမှာ အသုံးပြုဖို့ အလုပ်လုပ်ဖို့ user (အသုံးပြုသူ)တွေကို အကူအညီပေးတဲ့ software တွေဖြစ်ပါတယ်။
ဥပမာ Microsoft Office Word (စာစီစာရိုက်software)
Microsoft Office Excel (စာရင်းဇယား software)
Application software ဟာ system software နဲ့
ဘာကွာလဲဆိုရင် application ဟာတစ်လမ်းသွားပေါ့
ဥပမာ စာစီစာရိုက် software က dota ခုတ်လို့မရပါဘူး
သူ့အလုပ်တစ်ခုထဲပဲသူလုပ်ပါတယ်။ကွန်ပျူတာရဲ့ယန္တယားကိုလဲမထိန်းချုပ်ပါဘူး ထိန်းလဲမထိန်းချုတ်နိုင်ပါဘူး
ဒါဟာsystem software နဲ့ကွာတဲ့အချက်ပါ။
system software
system software ဆိုတာကတော့ hardware တွေ အလုပ်လုပ်နိုင်ဖို့အတွက်နဲ့ application software တွေ အသုံးပြုနိုင်ရန်အတွက် maintain လုပ်ပေးပါတယ်။computer ရဲ့ဟန္တာရားကိုလဲ ထိန်းချုတ်ထားပါတယ်။
နောက်ပြီး
ဥပမာအနေနဲ့ ၁၂ လက်မ မှာ ၁ ပေ။ ၃ပေ တစ်ကိုက်ဆိုပြီး
အရှည်အတို အရွယ်အစားတေကိုတိုင်းတာတဲ့ unit တွေ။
အလေးချိန်ကိုတိုင်းမယ်ဆို ပေါင်စသဖြင့်ရှိသလိုပဲ။ ကွန်ပျူတာမှာလဲ Hard Disk Storage ကို အနိမ့်ဆုံးတော့ GB Unit နဲ့တိုင်းတာပါတယ်။ ဥပမာ 160 GB 250GB 350 GB အခုနောက်ပိုင်းမှာတော့ TB လောက်ထိရှိနေပါပြီ။ တစ်ခုရှိတာက
Hard disk ရဲ့သိုလှောင်နိုင်မှု ပမာဏကို bit တို့ byte တို့နဲ့မတိုင်းတာဘူး ဆိုတာပါ။
ကွန်ပျူတာမှာ ဂဏန်း နှစ်လုံးနဲ့ဘဲ အလုပ်လုပ်ပါတယ်။ 0 နဲ. 1 ပါ။ Binary number လို့လဲခေါ်ပါတယ်။ Binary Digit ကိန်းလို့လဲခေါ်ဆိုရပါတယ်။ အတိုကောက်ကိုတော့ Bit လို့ခေါ်ပါတယ်။
ဂဏန်းတစ်လုံး၊ စပေ့ဘားတစ်ချက်၊ စာတစ်လုံးကိုဆိုရင် 8 bit လို့ခေါ်ပါတယ်။
01010101 ယခုလို 0 နဲ့ 1 တွေချည်းပါတဲ့ ဂဏန်း 8 လုံးတွဲကို 8 bit လို့ခေါ်ပြီး 8 Bit ဟာ 1 byte နဲ့ ညီမျှပါတယ်။
1 bit (binary digit*) = the value of 0 or 1
8 bits = 1 byte
1024 bytes = 1 kilobyte
1024 kilobytes = 1 megabyte
1024 megabytes = 1 gigabyte
1024 gigabytes = 1 terabyte
1024 terabytes = 1 petabyte
Abbreviations
1 kilobyte = 1 k
1 megabyte = 1 MB
1 gigabyte = 1 GB
1 terabyte = 1 TB
1 petabyte = 1 PB
Size in "bytes"
Kilobyte (KB) = 1,024
Megabyte (MB) = 1,048,576
Gigabyte (GB) = 1,073,741,824
Terabyte (TB) = 1,099,511,627,776
Petabyte (PB) = 1,125,899,906,842,624
ကျန်ရှိနေသည့် အခြေခံသင်ခန်းစာများကို ဆက်လက်တင်ပေးပါအုံးမည်။
Credit...Original Writer
Based Two ( Computer Repair Services )