New Printer Myanmar

New Printer Myanmar Printer Copier and computer software and hardware ပြုပြင်ရေး

L3210 Adjustment programလာလာတောင်းကြလို့ တင်ပေးလိုက်ပါပီhttps://youtu.be/5O0OCjO9LEk
21/06/2023

L3210 Adjustment program
လာလာတောင်းကြလို့ တင်ပေးလိုက်ပါပီ
https://youtu.be/5O0OCjO9LEk

07/06/2023

စက်လဲပြင်တယ် သီချင်းလဲဆိုတယ်😁
အသစ်ဖွင့်ထားတဲ့ cover song channel
လေးကိုလဲ အားပေးကြပါအုန်း

ဒီတစ်ပုဒ်တော့သည်းခံဗျာ တင်လိုက်ပီ
နောက်ဟာတွေကျအဲ့မာတင်မာအားပေးအုန်း
https://youtu.be/XR2KSmSJyIs 😁🖤

01/06/2023

စက်သွားပြင်ရင်း
မန်းလို့အဆင်မပြေတာနဲ့
ကန်တော့ပွဲနဲ့ထိုင် ရှီခိုးမှ
ကောင်းသွားတယ်

နောက်မှသိတယ်
စက်သက်တမ်းက
ကိုယ်ထက်အသက်ကြီးမှန်း🤣🤣🤣

နောက်တာနော်

အရိုးရှင်းဆုံး အောင်မြင်နည်း.ကျွန်တော့် တပည့် တစ်ယောက်က မေးခွန်းတစ်ခု မေးလာပါတယ်။ ဆရာ ကျွန်တော် ဘေဘီလုံ မှာ အချမ်းသာဆုံး...
23/05/2023

အရိုးရှင်းဆုံး အောင်မြင်နည်း.
ကျွန်တော့် တပည့် တစ်ယောက်က မေးခွန်းတစ်ခု မေးလာပါတယ်။ ဆရာ ကျွန်တော် ဘေဘီလုံ မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ စာအုပ်ကိုလဲ သေချာ ဖတ်တယ်၊ ဆရာပြောတဲ့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေ ဆိုတဲ့ စာအုပ်ကိုလဲ ဖတ်တယ် သုံးလေးကြိမ် မကလဲ ဖတ်ပြီးပါပြီ။ တခြား ကြီးပွားရေး အောင်မြင်ရေး စာအုပ်တွေ လဲ အများအပြားဖတ်ပါတယ်။ ဒါပေမယ့် နှစ်နှစ် သုံးနှစ် ကြာလာတဲ့ အထိကို ဘာမှ ဖြစ်မလာသေးဘူးဆရာ။ တကယ်ပဲ တက်ကျမ်းတွေဟာ အသုံးမဝင်ဘူးလား။ အလုပ်မဖြစ် ဘူးလား။ ဆရာ ကျတော့ ဘာလို့ အောင်မြင်သွားတာလဲ လို့ စုပြုံပြီး မေး တော့တာ ပါပဲ။
ရှည်လျားတဲ့ မေးခွန်းအပြီးမှာတော့ ကျွန်တော်က ပြန်ပြီး တစ်ခု မေးဖြစ်ပါတော့တယ်။ ဒါဆိုရင် ဘေဘီလုံ မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် စာအုပ် ရဲ့ အဓိက ပေးချင်တဲ့ အချက်က ဘာဖြစ်မလဲ လို့ပါပဲ။ ဒီမေးခွန်းကိုလဲ ညီငယ်က သေချာ ချက်ချင်း ဖြေနိုင်ပါတယ်။ အဓိက က ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံ ကို ကိုယ့်ကိုကိုယ် မဖြစ်မနေအရင်ဆုံး ပေးအပ် ဖို့ပါဆရာ တဲ့.
ဟုတ်ပြီ မှန်တယ်ဗျား ..ဒါရင် ဒီ သုံးနှစ် အတွက် ကိုယ့်ကိုကိုယ် ဝင်ငွေ တိုင်းရဲ့ ဆယ်ပုံတစ်ပုံ ကို ပေးဖြစ် စုဖြစ်ရဲ့လား လို့ မေး လိုက်တော့ . မဖြေနိုင်တော့ပဲ ဆွံ အသွားပါရော။ ပြီးတော့မှ အစ ကတော့ စုဖြစ်ပါတယ်ဆရာ တဲ့. လေးငါး ခြောက်လ စုလိုက် လိုအပ်မယ် ထင်တာ လေးတွေ ဝယ်လိုက် အကြောင်းကိစ္စ တစ်ခုခုပေါ်လာလို့ သုံးဖြစ်သွားလိုက်နဲ့ ကုန်သွားရော ဆရာတဲ့
ညီငယ်ရဲ့ ပြဿနာက ရိုးရှင်းပါတယ်။ အောင်မြင်ရေး တက်ကျမ်း စာအုပ်တွေ ဘယ်လောက် ဖတ်ဖတ်၊ ဘယ်မီလျံနာ ဘီလျံနာ ကြီးရဲ့ ကြိုးစားအားထုတ်မှု ဘဝဇာတ်ကြောင်းတွေ ဘယ်လောက် လေ့လာ လေ့လာ လုံလောက်တဲ့ အချိန် တစ်ခု ရောက်သည် အထိ လက်တွေ့မှာ စဉ်ဆက်မပြတ် ကြိုးစား အားထုတ်မှု မလုပ်နိုင်ဘူးဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
စိတ်ရှည်ဇွဲသန် လမ်းကြောင်းမှန်
တကယ်တော့ ဘဝမှာ အောင်မြင်ဖို့ ဆိုတာ နေ့စဉ် ပုံမှန် လုပ်နေတဲ့ လုပ်ရပ် အသေးလေးတွေ ကနေ ပုံသွင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဥပမာ နေ့စဉ် အင်္ဂလိပ်စကားကို ၁၅ မိနစ် ပုံမှန် ပြော ဆိုလေ့ကျင့် သွားရင် တစ်နှစ် ထဲနဲ့ကို သိသိသာသာ အင်္ဂလိပ်စကားပြောကျွမ်းကျင်လာ မှာ ကြိမ်းသေဖြစ်ပါတယ်။ ဟာ..ဆရာ ဒါဆို ရင်လူတိုင်း အင်္ဂလိပ်လိုတွေ ကျွမ်းကုန်မှာပေါ့ လို့ ပြောစရာရှိပါတယ်။ မှန်ပါတယ်။ လူတိုင်း နေ့စဉ် တကယ်သာ ၁၅ မိနစ် လေ့ကျင့်ရင် ဖြစ်မှာပါ။ လက်တွေ့မှာတော့ နေ့တိုင်း ၁၅ မိနစ် ကို တစ်နှစ် ပြည့်အောင် လုပ်နိုင်တဲ့သူ ဆိုတာ သိပ်ကို ရှား ပါတယ်။ နိုင်ငံခြားသွားနေပြီး မဖြစ်မနေ နိုင်ငံခြားဘာသာ စကားကိုပြောရတဲ့ အခါကျမှ တစ်နှစ် အကြာ ရေရေလည်လည် ပွာေဆိုနိုငျသှား ကြတာပါပဲ။ ဒါပေမယ့် ပုံမှန် ဘဝ မှာဆိုရင်တော့ တစ်ရက် ကို ၁၅ မိနစ် တစ်နှစ် လုပ်ဖို့ ဆိုတာ တော် ရုံ စိတ် ဓာတ်ပြင်းပြမှု၊ ဇွဲရှိမှုနဲ့ တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
တစ်ချို့ကျတော့ ဆယ်ပုံတစ်ပုံလောက် စုရုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူးလို့ ယူဆ ကြတာလဲရှိပါတယ်။ ဥပမာ လစာ နှစ်သိန်း ရတဲ့ သူက ဆယ်ပုံတစ်ပုံ တစ်လ နှစ်သောင်းစုမယ်ဆိုရင် တစ်နှစ်နေမှ နှစ်သိန်း လေးသောင်းပဲရမယ် ၊ ဒီအတိုင်း ဆို ဆယ်နှစ်နေမှ ၂၄ သိန်းပဲ ရမယ် ဘာမှ သွားလုပ်လို့မရဘူး လို့ ဆင်ခြေပေးကြတာပါပဲ။
ဒါပေမယ့် ဒီ လို ဆယ်ပုံတစ်ပုံပေးခြင်း ငွေစုခြင်းဟာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုလေ့ကျင့် ခြင်းလဲ ဖြစ်ပါတယ်။ စုဆောင်းတတ်တဲ့ အလေ့အကျင်ကို ဖြစ်ပေါ်စေရုံတင်မကပဲ စုဆောင်းငွေကိုလဲ သုံး မပစ်ပဲ ထိန်းသိမ်းထားနိုင်ခြင်း စွမ်းရည်ကို ဖြစ်စေပါတယ်။ ငွေ လေးနည်းနည်းမှာ တောင် ထိမ်းသိမ်း ထားနိုင်မှု မရှိရင် ငွေ များများ ရလာတဲ့ အခါ ဘယ်လိုမှ တောင့်မခံနိုင်ပဲ လက်ဖွာဖွာ သုံးစွဲမိရင် ဒုံရင်း ဘဝ ကို ပြန်ရောက် သွားဖို့ သိပ်ကိုလွယ်ကူပြန်ပါတယ်။
ဒါ့အပြင် ငွေ တွေကို သိုးအုပ် ကျွဲအုပ်တွေလို တဖြည်းဖြည်း ပွားများလာအောင် ကြံစည် ဆောင်ရွက်ဖို့ လိုပြန်ပါတယ်။
ဖြည်းဖြည်းချင်းပွားသွား..
စုဆောင်းခြင်း သက်သက်ကိုသာ လုပ်ရင်တော့ အထက်ကလို ပဲ တစ်လ နှစ်သောင်းဟာ ဆယ်နှစ်နေမှ ၂၄ သိန်းဖြစ်မှာပါ။ဒါပေမယ့်ဒီ ဆယ်နှစ် အတွင်းမှာ စုငွေတွေကို တဖြည်းဖြည်း ပွားများ လာအောင် စဉ်းစားဆောင်ရွက်နိုင်ဖို့လိုပါတယ်။
ကျွန်တော် ဝန်ထမ်းဘဝ မှာ တစ်လကို ငါးသောင်းကျပ် ရအောင်စုပါတယ်။ ငါးသောင်း ကျပ် စုရာကနေ ငါးသိန်းပြည့်တိုင်းမှာ ကိုယ့်ဆီကို ငွေပြန်ဝင်စေမယ့် တစ်နည်းအားဖြင့် ငွေပွားများ မယ့် အလုပ် လေးတွေရှာကြံ စဉ်းစား ဖြစ်ညှစ်ပြီး လုပ်ပါတယ်။ ဥပမာ ငွေ ချေးတာ၊ ဖုန်းဘေကတ်ရောင်းတာ၊ အကငြျီ အထည်တွေ ရောင်းတာ၊ လုပ်ငန်းငယ်လေးတွေ ထဲရှယ်ယာထည့်တာ စတာတွေ ဖြစ်ပါတယ်။
ဒီလို လုပ် တဲ့ အခါမှာ အကျိုး သိပ်ရှိပါတယ်။ အကျိုးရှိတယ်ဆိုတာက ငွေ များများ ပွားလာလို့ ဆိုတာထက်ဆုံးရှုံး သွားတဲ့ အခါ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို သုံးသပ်ပြီး မိမိကိုယ့်ကို ဖြည့် ဆည်း နိုင်တဲ့ အခါ ရင်နှီးမြုပ်နှံမှု ပညာလေးတွေ တိုးလာပါတယ်။ ဒါ့အပြင် ငွေရင်းနည်းနည်း နဲ့ လုပ်တာကြောင့် ဆုံးရှုံး တဲ့အခါမှာလည်း များများ မဆုံးရှုံးပဲ နောက်တစ်ကြိမ်ပြန်စဖို့ လုပ်ရဲ စေကာ ငွေပြန်ပြည့်ဖို့လဲ မြန်လေ့ရှိပြန်ပါတယ်။ အကောင်းဆုံးကတော့ ငွေ ရင်းနည်းနည်း လေး နဲ့ စရတော့ဒီ ငွေ လေးနဲ့ ပဲ တကယ်မြတ်မယ့် ၊ အမြတ်အစွန်းကောင်းမယ် စိတ်ချရမယ့်အလုပ် တွေကို အသည်းအသန် စဉ်းစား ပြီး လုပ်ရ တဲ့အတွက် နောင် ငွေ များများ တတ်နိုင်လာတဲ့အချိန်မှာ လုပ်စရာ တွေ အပုံအပင် ကြီးကို တွေ့မြင်သွား လေ့ရှိတဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။
ဒီအတွက် ပုံမှန် စုငွေရယ်၊ ရင်းနှီးမြုပ်နှံထားတာတွေကနေ ပြန်ဝင်တဲ့ ငွေ တွေ ရယ် သေးသေးလေးတွေ များလာတဲ့ အခါ လစဉ် အားကိုးရတဲ့ ပမာဏ တစ်ခု စဖြစ်လာပါတယ်။ ဒီကနေ ပဲနောက် ထပ် ရင်းနှီးမြုပ်နှံမှုတွေ ၊ ပိုပြီးမြတ်မယ့် အလုပ်တွေကို ဆက်လက် ဆောင်ရွက် သွားရတော့ တာပါပဲ။
အချုပ်အားဖြင့် ကတော့ သိကြားမင်းရေးတဲ့ အောင်မြင်ရေးနည်းလမ်း မကလို့ ဘယ်လို အကောင်းဆုံး စာအုပ်တွေကိုပဲဖတ်ဖတ် လက်တွေ့မှာ လုံလောက်တဲ့ အချိန်တစ်ခုထိ မှန်မှန်ကန်ကန်မကျင့်သုံး နိုင်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာပါပဲ။ နေ့စဉ် လုပ်တဲ့ အလုပ်တွေကပဲ မိမိ ကိုယ် အနာဂတ်မှာ ဘယ်လိုလူမျိုး ဖြစ်လာရမယ်ဆိုတာကို ပုံဖော်နေတာဖြစ်ပါတယ်။ ဒီအတွက် ကိုယ်အောင်မြင် ချင်တဲ့ နယ်ပယ်နဲ့ သက်ဆိုင်တဲ့ activities တွေကို နေ့စဉ် သတ်မှတ်ပြီး လုံလောက်တဲ့ အချိန်တစ်ခု အထိ ဇွဲ သန်သန်နဲ့ လုပ်သွားနိုင်ရင် အောင်မြင်မှုဆိုတာ မဖြစ်မနေ ရနိုင်မယ် ဆိုတဲ့ အကြောင်း ပြောလိုက်ချင်ပါရဲ့ဗျား။
လုံလောက်တဲ့ အသိပညာဟာပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

Credit:
Kaung Hein Soe Strategic
Business Consultant

သူများတွေလဲ ကိုယ်စီလက်ဆောင်ရနေကြပီဆိုတော့ကျွန်တော်လဲပေးချင်လို့ပါအတည်ပါ 😁အောက်ကစက်က ဘာmodelထင်လဲ
03/05/2023

သူများတွေလဲ ကိုယ်စီ
လက်ဆောင်ရနေကြပီဆိုတော့

ကျွန်တော်လဲပေးချင်လို့ပါ

အတည်ပါ 😁
အောက်ကစက်က ဘာmodelထင်လဲ

IR 1024 နဲ့ ပက်သက်တာ ဒီရက်ပိုင်းတင်ပေးဖိုးရှိပါတယ်
21/04/2023

IR 1024 နဲ့ ပက်သက်တာ ဒီရက်ပိုင်းတင်ပေးဖိုးရှိပါတယ်

Laser printer နဲ့ inkjet printerရဲ့ information နဲ့ specifications🍀🍀များကို ဖော်ပြထားပါတယ်3d translate video ဖြစ်ပါတယ်။🍀...
09/04/2023

Laser printer နဲ့ inkjet printer
ရဲ့ information နဲ့ specifications🍀🍀

များကို ဖော်ပြထားပါတယ်
3d translate video ဖြစ်ပါတယ်။🍀🍀

Qualityကောင်းမွန်ပီး ကြည်လင်ပါမယ်

https://youtu.be/7eSzfVCjH7Y

3D Printing ဆိုရင်တော့🍀🍀အချို့အတွက်ကောင်းကောင်းရင်းနှီးကြပါတယ်။🍀🍀အများစုကတော့ ပုံမှန် laser and ink Printing လောက်ပဲ လုပ...
06/04/2023

3D Printing ဆိုရင်တော့🍀🍀
အချို့အတွက်ကောင်းကောင်းရင်းနှီးကြပါတယ်။🍀🍀

အများစုကတော့ ပုံမှန် laser and ink Printing
လောက်ပဲ လုပ်ကြတဲ့အတွက်
လုပ်ဆောင်ပုံတော့ မရင်းနှီးကြပါဘူး🍀🍀

အခုပြပေးမဲ့ videoလေးကတော့
3d printing ရဲ့ လုပ်ဆောင်ချက်ကို
Animation ရှင်းလင်းချက်ကို
ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။🍀🍀

Video link♥️♥️♥️
https://youtu.be/wPcehVC6W3U

Epson web မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ပြန်လည် ဘာသာပြန်ဖော်ပြထားပါတယ်။2min နီးပါး သာရှိသည်။720 Hd quality ဖြင့်တင်ထားပါတယ်...
04/04/2023

Epson web မှ ကူးယူဖော်ပြခြင်းဖြစ်သည်။
ပြန်လည် ဘာသာပြန်ဖော်ပြထားပါတယ်။

2min နီးပါး သာရှိသည်။
720 Hd quality ဖြင့်တင်ထားပါတယ်။

General knowledgeအနေဖြင့် ကြည့်နိုင်ပါသည်။

Video👇👇👇
https://youtu.be/xoNeg-EifxI

Printer တစ်လုံး အလုပ်လုပ်ပုံကိုAnimation Video နဲ့ ပြန် translateလုပ်ထားတဲပုံစံပါပြန်ပီးရှင်းပြထားပါတယ် General knowledg...
03/04/2023

Printer တစ်လုံး အလုပ်လုပ်ပုံကို
Animation Video နဲ့ ပြန် translateလုပ်ထားတဲပုံစံပါ

ပြန်ပီးရှင်းပြထားပါတယ်
General knowledgeအဖြစ်ကြည့်နိုင်ပါတယ်

Video sourceက quality နိမ့်နေတာကြောင့်
အနည်းငယ်ဝါးနေနိုင်ပါတယ်
သည်းခံပေးပါ

Video link
https://youtu.be/iqLbjY2zE7Q

Address

Pyu

Telephone

+959780431021

Website

Alerts

Be the first to know and let us send you an email when New Printer Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Printer Myanmar:

Share