KMT Construction Materials Store

KMT Construction Materials Store Iron and Steel Structure Service/ Building Materials

မင်္ဂလာပါ  KMT YANGON မှကြိုဆိုပါတယ် ခင်ဗျာ GI Hollow များကို ဈေးမှန် ပစ္စည်းမှန်နဲ့လိုချင်သူများအတွက် ကျနော်တို့ KMTမှ ...
24/02/2023

မင်္ဂလာပါ
KMT YANGON မှကြိုဆိုပါတယ် ခင်ဗျာ

GI Hollow များကို ဈေးမှန် ပစ္စည်းမှန်နဲ့လိုချင်သူများအတွက် ကျနော်တို့ KMTမှ အထူးအနေနဲ့ ပြန်လည်ရောင်းချသူများနှင့် အသုံးပြုသူများအတွက် ကောင်းမွန်သောအရည်အသွေး၊ သင့်တင့်ပြီး အကျိုးအမြတ်ရစေသောစျေးနှူံးများဖြင့် GI Hollow များကို ရောင်းချပေးနေပါပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်"

မှတ်ချက်

မတူညီသောအားသာချက်ကို ပြပါဆိုရင်တော့

Gi Hollowများကို ကတ္တားဖြင့် လိုအပ်သလို ချိန်ရောင်းပေးပါမယ် ခင်ဗျာ

** (1)kg = 2600ks **

ဆိုင်သမားများကိုလည်း အဆင်ပြေရေးအတွက် ညှိနှိုင်း ရောင်းချပေးသွားပါမည်

ဆက်သွယ်ရန် 095026833
095029172
09421016192

Warehouse - No(533/2), Mogoke Street, Industrial Zone (1), South Dagon.
09 254 125 778, 09 774 671 990

Local မှာ အဆောက်အဦးတစ်ခုတည်ဆောက်တော့မယ်ဆို Industry ထဲကလူတွေအရ Steel Structure တွေကို R.C ထက်ပိုပြီးအလေးပေးကြတာလေးတွေတွ...
27/10/2022

Local မှာ အဆောက်အဦးတစ်ခုတည်ဆောက်တော့မယ်ဆို Industry ထဲကလူတွေအရ Steel Structure တွေကို R.C ထက်ပိုပြီးအလေးပေးကြတာလေးတွေတွေ့ရပါတယ်။ ဘယ်အချက်တွေက RC ထက်ပိုကောင်းနေတာလဲ ? Steel Structure နဲ့ဆောက်မယ်ဆို ဘယ်အချက်တွေကို သတိထားသင့်လဲ ? ဒီနေရာမှာ Design ရဲ့အခန်းကဏ္ဍက ဘယ်‌လောက်ထိအရေးပါနေလဲ ? ဒါလေးတွေကို အနည်းငယ်ကောက်နုတ်လေ့လာတင်ပြပေးသွားပါ့မယ်။
Steel Structure က R.C ထက်စာရင် ပိုပြီးမြန်တာရယ် ၊ စရိတ်သက်သာတာရယ်ပါ။
တိုးတက်ပြီးစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ Steel Structure Cost ရဲ့ 60% လောက်က fabrication & Er****on နဲ့သာကုန်ပါတယ် ။ Material Cost က 25% လောက်ပဲသွားပါတယ် ။ ဒါကြောင့် Steel Structure မှာသက်သာချင်ရင် Fabrication & Er****on ကိုပဲအာရုံစိုက်ပြီးသက်သာအောင်လုပ်ပါတယ်။
Designer တစ်ယောက်က Material ရဲ့ ပမာဏကိုပဲစဉ်းစားနေရင် တခါတလေ Weight အနည်းဆုံး Section တွေကိုရွေးလိုက်ပေမယ့် Labour မှာအများကြီးကုန်သွားတာမျိုး (Fabrication & Er****on) ဖြစ်တတ်ပါတယ်။ ဒါကြောင့်အောက်ကအချက်လေးတွေကို designer တစ်ယောက်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
✅ ၁။ Steel Size တွေကို ကျနော်တို့ Myanmar Local Market မှာအလွယ်တကူဝယ်လို့ရတဲ့ size တွေပဲရွေးသင့်ပါတယ်။ ကျောင်းတွေမှာသင်တာက American Standard နဲ့သင်ပေမယ့် တကယ်လာတဲ့ Steel က Chinese Pro (JIS Japanese Industrial Standard) တွေပါ။ ဒါကြောင့် Local မှာရနိုင်မယ့် Standard Size တွေကိုမှတ်ထားပြီးသုံးပေးရပါမယ် ။ ပြသာနာက Size တွေကတစ်ခုပဲရှိတယ် ။ Designer အနေနဲ့ Fl**ge Thickness, Web Thickness ကစားလို့မရပဲ တစ် Size ကြီးပေးနေရတဲ့ပြသနာရှိပါတယ်။
✅ ၂။ အပေ့ါဆုံး Section size ကအသက်သာဆုံးဖြစ်မှာပဲလို့ မျက်စိမှိတ်ပြီးရွေးတာက မှားတတ်ပါတယ်။ Lightest section တွေချည်းပဲလိုက်ရွေးတာက Span အလိုက် Size တွေကွဲနေတော့ Size တွေအများကြီး ဖြစ်နေပါလိမ့်မယ် ။ အဲ့တော့ Size မတူတာတွေကိုဆက်ရတဲ့ Connection တွေကခက်ခဲပါလိမ့်မယ် ။ ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်နေမှာပါ။ ဒါကြောင့် Span ကျဉ်းတာအတွက် Overdesign လိုဖြစ်နေပေမယ့် Size ကိုဘေး Span နဲ့တူတူရွေးလိုက်တာက ပိုပြီး ကောင်းသလိုဖြစ်ပါတယ်။
✅ ၃။ Floor Beam ရဲ့ Depth ကိုလျော့လိုက်တာက အထပ်အမြင့်ကြီးတွေအတွက်ဆို Height ကိုလျှော့ချနိုင်တယ်။ Architect ကလည်းဒါကိုမှန်းပြီး Floor height ကိုချိန်ထားတော့ Beam depth ကိုလျှော့နိုင်ရင် အုတ်စီရတာသက်သာမယ် ၊ Column height နဲမယ် ၊ ရေပိုက် ၊ မီးပိုက် ၊ Footing တွေပါသက်သာသွားနိုင်ပါတယ် ။ Beam depth လျှော့ဖို့ Fl**ge thickness ကိုထူထူယူဖို့လိုပါတယ်။
✅ ၄။ Er****on & Fabrication လုပ်ရတာက Steel Beam တွေအတွက်ဆို လေးလေး ပေါ့ပေါ့ တူတူလောက်ပဲပိုက်ဆံပေးရတာပါ။ ဒါကြောင့် Span ကိုကျယ်ကျယ်ထားလိုက်ရင် Member နည်းသွားလို့သက်သာစေပါတယ်။
✅ ၅။ Size အတူတူ တွေကိုဖြစ်နိုင်သလောက် ထပ်ခါထပ်ခါသုံးပေးဖို့လိုပါတယ်။ ဒါလိုလုပ်တာက Detailing , fabrication and er****on တွေမှာသက်သာစေပါတယ်။
၆။ Large section တွေကိုရွေးတဲ့အခါ အဓိကအနေနဲ့ Build up section တွေပါပဲ။ Transporation ပြသာနာတွေကိုသတိထားဖို့လိုပါတယ်။ ကိုယ့်မှာရှိတဲ့ Transportation လုပ်ပေးနိုင်မယ့် ယာဉ်တွေရဲ့ သယ်ယူနိုင်မှု ၊ တံတားတွေအောက်ဖြတ်တဲ့အခါ ဘယ်လောက်လွတ်လဲ ၊ Powerline တွေနဲ့လွတ်ရဲ့လား ? စတာတွေကို သတိထားဖို့လိုပါတယ်။
✅ ၇။ Section Size တွေကိုရွေးတဲ့အခါ အလွယ်တကူ Er****on လုပ်လို့ရတဲ့ Size ကိုရွေးရမယ်။ Telecom tower တွေဆိုရင် height 30 M ထက်မြင့်ရင် Unit wt ကဒီထက်မပိုရတော့ဘူးဆိုပြီး Limit လုပ်ထားတာမျိုးရှိတယ်။
✅ ၈။ fabrication အတွက်ကုန်ကျစရိတ်ကိုလျော့ချနိုင်ရင် သက်သာဖို့စဉ်းစားလို့ရပါပြီ။
Design မလုပ်ထားတဲ့ Structure ဆိုတာ Safety ရှိရဲ့လား ပိုက်ဆံလိုတာထက်ပိုကုန်နေလားဆိုတာ မသိနိုင်ပါဘူး။ Safe မဖြစ်လို့ဆိုရင် လူ့အသက်ပါပါလာမှာ။ Design မလုပ်ထားပဲ ဆောက်တဲ့ Steel Structure တစ်ခုဟာလက်ရှိမှာတော့ အဆင်ပြေနေဟန်ရှိပေမယ့် လာမယ့် နှစ် ၂၀ မှာကောင်းနိုင်မလား ? အဆောက်အဦးတစ်ခုက နှစ်ပေါင်း ၅၀ သက်တမ်းရှိတယ်လို့စဉ်းစားတယ်။ Structure Designer ဆိုတာက နှစ်ပေါင်း ၅၀ မှာ တစ်ရက်ပဲအဆိုးဆုံးဖြစ်တဲ့ Load လာတယ်ထားအုံး အဲဒါကိုခံနိုင်အောင် Design လုပ်တယ်။
ဥပမာ Nargis လိုမုန်တိုင်းမျိုးက Century Storm ခေါ်တယ်။ နှစ်တစ်ရာမှာတစ်ခါလောက်တိုက်တာ။ အဲတော့ Designer လုပ်တဲ့ Size ကနဲနဲကြီးနေနိုင်ပါတယ်။ ဒါကို Design လုပ်တဲ့အခါ Size တွေကြီးတယ်။ ကျနော်တို့လုပ်နေတာပဲ ဒါလဲလုပ်တာ ၁၀ လုံးရှိပြီ။ မပြိုဘူး။ ဘယ်ပြိုမလဲ Loading အပြည့်မှမလာသေးတာ။
Designer ကိုပေးလိုက်ရတဲ့ Design ခဟာ Project Cost ရဲ့ 1% တောင်ရှိချင်မှရှိမှာ။ ဒါပေမယ့် Designer လုပ်ပေးလိုက်လို့ Safe လဲဖြစ် Project cost လည်း 35% လောက်သက်သာသွားနိုင်ပါတယ်။

Credit : Kyaw Thu Naing (Tuna)
Ref:: Structural Steel Design (Sayargyi U Nyi Hla Nge)

Photo - credit

အိမ်ဆောက်သံထည်သီးသန့်ကိုပဲ စုံစမ်းချင်တာလား?
အိမ်ဆောက်ဖို့ စုံစမ်းချင်တာလား?
Estimate Cost တွက်ချင်တာလား?
Structure ပိုင်း သီးသန့် Cost ကိုပဲ သိချင်တာလား?
09 421 016 192 ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ။
မိတ်ဆွေတို့ နောင်တကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်အိမ်လေး ဆောက်နိုင်ဖို့က ကျွန်တော်တို့ အိမ်မက်ပါပဲ ခင်ဗျာ 😊😊😊

အရည်အသွေးမြင့်တဲ့ အိမ်လေးတစ်လုံးရရှိဖို့ ဘာတွေ လိုအပ်မလဲ ⁉️
21/10/2022

အရည်အသွေးမြင့်တဲ့ အိမ်လေးတစ်လုံးရရှိဖို့ ဘာတွေ လိုအပ်မလဲ ⁉️

ကြိုက်ရင်လဲမှတ်သားပါ_မကြိုက်ရင်လဲဗဟုသုတပေါ့ #အိမ်ဆောက်သင့်သောမြေကွက်အကြောင်းအိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထား နဲ့ ပတ်သက်တဲ...
11/10/2022

ကြိုက်ရင်လဲမှတ်သားပါ_မကြိုက်ရင်လဲဗဟုသုတပေါ့
#အိမ်ဆောက်သင့်သောမြေကွက်အကြောင်း

အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထား နဲ့ ပတ်သက်တဲ့ ဖုန်းရွှေ အကြောင်း တင်ဆက်ပေးပါမယ်။

မြေကွက်ပုံစံကိုအရင်ဆုံးပြောပြပါမယ်။ ဖုန်းရွှေပညာမှာ အိမ်ဆောက်ဖို့ အကောင်းဆုံး မြေကွက်ပုံစံနှစ်ခုရှိတယ်။ စတုရန်းပုံမြေကွက်နဲ့ ထောင့်မှန်စတုဂံပုံမြေကွက်နှစ်ခုကိုပဲ အိမ်ဆောက်ဖို့ အသင့်တော်ဆုံးလို့ဖုန်းရွှေပညာကညွှန်းပါတယ်။

စတုရန်းပုံမြေကွက်က ဟန်ချက်ညီတယ်။ ကောင်းတဲ့ကောင်းကင်ချီတွေကိုစုတ်ယူအားကောင်းတဲ့အတွက် ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေနဲ့ ပြည့်ဝနေတယ်။ ယင်းနဲ့ယန် ညီညွတ်မျှတမှုရှိတယ်။ ဖုန်းရွှေ အားကောင်းတယ်လို့သာမန်အားဖြင့်ပြောလို့ရတယ်။ ယင်နဲ့ယန်ညီညွတ်မျှတအောင် ပြုပြင်စရာမလိုတော့ဘူး။ စတုရန်းပုံ မြေကွက်ပေါ်မှာ စတုရန်းပုံ...ဒါမှမဟုတ် ထောင့်မှန်စတုဂံပုံကျတဲ့ အိမ်ပုံစံမျိုးကို ဆောက်သင့်တယ်။ ဒါမှ...ဖုန်းရွှေအားတွေကို တိုးပွားစေမယ်။

ကမ္ဘာကျော်အဆောက်အဦကြီးတွေ၊ တိဗက်ဘုန်းတော်ကြီးကျောင်းတွေ၊ ရှောင်လင်ကျောင်းတော်ကြီးတွေဟာ စတုရန်းပုံမြေကွက်ပေါ်မှာပဲ တည်ဆောက်တယ်။ စတုရန်းပုံမြေကွက်ပေါ်မှာ တည်ဆောက်တဲ့ အိမ်တွေ၊ အဆောက်အဦးတွေဟာ မြေငလျင်ဒဏ်၊ မြေသားပြတ်ရွေ့တဲ့ဒဏ်တွေကို ခံနိုင်စွမ်းရည်ရှိတယ်။

ဖုန်းရွှေအား ကောင်းတဲ့ စတုရန်းပုံမြေကွက်ပေါ်မှာ ဆောက်တဲ့ အိမ်တွေဟာ ကျက်သရေမင်္ဂလာရှိတယ်။ နေထိုင်ကြတဲ့ အိမ်သူအိမ်သားတွေဟာ ကျန်းမာသန်စွမ်းပြီး အဆင်းရှုပကာလှပလိမ့်မယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနေသင့်တဲ့ မြေကွက်ပေါ့ကွာ။ စတုရန်းပုံမြေကွက်ပေါ်မှာ အိမ်ဆောက်ပြီးနေနေသမျှ ကာလပတ်လုံး အမှုအခင်း အချုပ်အနှောင်နဲ့ ကင်းဝေးတယ်လို့ ဖုန်းရွှေပညာမှာ အဆိုရှိတယ်။

စတုရန်းပုံအကြောင်းလေး ပြောရဦးမယ်။ လက္ခဏာ ပညာမှာလဲ...ညာဘက်အသက်လမ်းကြောင်းရဲ့ အသက်လမ်း ကြောင်းပေါ်မှာ စတုရန်းကွက်လေးပါရင်...ဥပစ္ဆေဒကကံနဲ့ မသေဘူး။ အမှုအချုပ်၊ ထောင်ကျတဲ့ဘေးမျိုး မကျရောက်ဘူး လို့အဆိုရှိတယ်။ တို့မြန်မာတွေရဲ့ ဂမ္ဘီရပညာ၊ ဂန္ဓာရပညာရပ်တစ်ရပ်ဖြစ်တဲ့ အင်းပညာမှာ အင်းဘောင်၊ အင်းကွက်တွေဟာ စတုရန်းပုံတွေပဲများတယ်။ ပိုလည်းအစွမ်းထက်တယ်။

စတုရန်းပုံမြေကွက်ပြီးရင် ထောင့်မှန်စတုဂံပုံမြေကွက် အကြောင်းပြောပြမယ်။ ထောင့်မှန်စတုဂံပုံမြေကွက်ကလည်း ဖုန်းရွှေအားကောင်းတယ်။ ထောင့်မှန်စတုဂံပုံမြေကွက်မှာလည်း နောက်ဘက်သို့ရှည်တဲ့မြေကွက်က ဘေးဘက်ကို ရှည်ထွက်တဲ့ မြေကွက်ထက် ဖုန်းရွှေအားကောင်းတယ်။ အဲ့ဒီလိုမြေကွက်ပေါ်မှာ အိမ်ဆောက်မိရင် စီးပွားတိုးတတ်မယ်။ မိသားစုဘဝပျော်ရွှင်ချမ်းမြေ့မှုရမယ်။ စိတ်ချမ်းသာစွာ၊ ကျန်းမာစွာ နေထိုင်နိုင်ကြလိမ့်မယ်။

အယ်လ် (L) ပုံစံဖြစ်နေတဲ့ မြေကွက်ပေါ်မှာ အိမ်မဆောက်သင့်ဘူး။ သားခုတ်ဓါးနဲတူတယ်ဆိုတဲ့ အယူမျိုးနဲ့ အယ်လ် (L) ပုံစံမြေကွက်ပေါ်မှာ အိမ်မဆောက်သင့်ဘူးလို့ ဆိုတာထက် ဖုန်းရွှေညံ့လို့ဆိုတာက ပိုမှန်ပါတယ်။ အယ်လ် (L) ပုံစံမြေကွက်မှာ ယင်၊ ယန်တွေ ညီညွတ်မှုမရှိပါဘူး။ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ မရဘူး။ အယ်လ် (L) ပုံစံမြေကွက်ပေါ်မှာ အိမ်ဆောက်မိရင်...အိမ်သူ အိမ်သားတွေဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့ လွဲလိမ့်မယ်။ စီးပွားရေးမှာပိတ်ဆို့ နားစီးမှုခံရလိမ့်မယ်။ ဒုက္ခမျိုးစုံကြုံရမယ့် သဘောပေါ့။

အယ်လ် (L) ပုံစံမြေကွက်ပေါ်မှာ အယ်လ် (L) ပုံစံ အိမ်မဆောက်မိဖို့ အရေးကြီးပါတယ်။ အယ်လ် (L) ပုံစံမြေကွက်ကို နှစ်ပိုင်းပိုင်းပြီး ထောင့်မှန်စတုဂံမြေကွက်နှစ်ခု ဖြစ်အောင်လုပ်ပါ။ ထောင့်မှန်စတုဂံ မြေကွက်တစ်ကွက်မှာ စတုရန်းပုံစံကျတဲ့ အိမ်ကိုဆောက်ရလိမ့်မယ်။
အိမ်နောက်ဖက်မှာ ရေစင်ကြီးကြီး ဒါမှမဟုတ်ရင် မီးတိုင်မြင့်မြင့်စိုက်ပေးရမယ်။ သစ်ပင်ကြီး စိုက်ပေးရင်လည်း ရပါတယ်။ မြေပိုတွေမှာ ပန်းလှလှလေးတွေ ပွင့်တဲ့ ပန်းပင်စိုက်ပါ။ တတ်နိုင်ရင်တော့... အင်ကြင်းကျောက်တုံးကြီးတွေနဲ့ ကျောက်တုံးဥယျာဉ် (Stone qarden) လေးလုပ်ထားပါ။အဲ့ဒီအင်ကြင်းကျောက်တွေဟာ ကောက်းတဲ့ကမ္ဘာမြေပြင်ချီတွေကို ပွားများစေတဲ့ အစွမ်းသတ္တိရှိတယ်။

မြန်မာပြည်အလယ်ပိုင်းက အင်ကြင်းကျောက်တွေ တရုတ်ပြည် ယူနန်ပြည်နယ်မှာ တော်တော်များများတွေ့ရတယ်။ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေရဲ့ရှေ့မှာ အင်ကြင်းကျောက်တုံးကြီးတွေကိုချထားတယ်။ အလှပြတာမဟုတ်ပါဘူး။ ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ ရောက်လာအောင်လုပ်တာပါ။

မြို့ပြတွေမှာတော့ စတုရန်းပုံမြေကွက်နဲ့ စတုဂံပုံမြေကွက်တွေပဲ အတွေ့များပါတယ်။ အယ်လ် (L) ပုံစံမြေကွက်တွေက တွေ့ခဲ့ပါတယ်။

နောက်...အိမ်မဆောက်သင့်တဲ့ မြေကွက်မျိုးက တြိဂံမြေကွက်ပဲ။မကောင်းတဲ့ကောင်းကင်ချီတွေ အများဆုံး ကျရောက်တယ်။ ဖုန်းရွှေညံ့တဲ့ မြေကွက်ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ စဉ်စားမယ်ဆိုရင်လည်း...တြိဂံပုံမြေကွက်မှာ အိမ်ဆောက်ရတာ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ ဒီလိုပဲ အယ်လ် (L) ပုံစံမြေကွက်တွေပေါ်မှာ အိမ်ဆောက်ရတာလဲ အချိုး မပြေ၊ အဆင်မလှဖြစ်မှာပဲ။ စတုရန်းပုံ၊ ထောင့်မှန်စတုဂံပုံ မြေကွက်တွေ အတွက် အိမ်ပုံစံဆွဲရတာ သိပ်အဆင်ပြေပါတယ်။

ဖုန်းရွှေပညာအရ ပြောရင် တြိဂံပုံမြေကွက်ပေါ်မှာ ဘယ်လိုအိမ်ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်...အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာ စိတ်ဖိစီးမှုကို ခံရမယ်။ အိမ်သူအိမ်သားတွေ စည်းလုံးမှုမရှိပဲ မသက့်မြတ်မှုတွေသာ ဖြစ်မယ်။ စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင် ဆုံးရှုံးမယ်။ အိမ်ထောင်ရှင်တွေ ရှိရင်လည်း အိမ်ထောင်ဖက် တစ်ဦးဦး သစ္စာဖောက်လိမ့်မယ်။

တြိဂံမြေကွက်ပေါ်မှာ အိမ်ဆောက်ရင် အိမ်ရှေ့ဘက်ကျတဲ့ထောင့်စွန်းမှာ ဓါတ်မီးတိုင်ထားရမယ်။ ဒါမှမဟုတ်ရင် အလံတိုင်တစ်ခုထားရမယ်။ အလံတိုင်ကို အလံလွှင့်ထားရင် ပိုကောင်းမယ်။ သက်ဆိုင်ရာ မိမိနိုင်ငံရဲ့ နိုင်ငံတော်အလံကို လွှင့်ထူထားလည်း ရပါတယ်။
တြိဂံပုံမြေကွက်ထဲမှာပဲ ကြက်လျှာစွန်းလို မြေကွက်မျိုးမှာ ချွန်မြတဲ့ ထောင့်စွန်းတစ်ခုပါစမြဲပဲ။ အဲ့ဒီထောင့်စွန်းကို စည်းရိုးပင်တွေထူထူစိုက်ပြီး ဖြတ်ပစ်လိုက်ပါ။ မြန်မာပြည်မှာ အများဆုံးအစိုက်များတာက ပုဏ္ဏရိပ်ပင်တွေများတယ်။ ပုဏ္ဏရိပ်ပင်ဟာ အကောင်းဆုံး ခြံစည်းရိုးပင်ပဲ။ထောင့်ချိုးမညီတဲ့မြေကွက်တွေ၊ ထြာပီဇယံပုံမြေကွက်တွေ၊ ဇလားပုံမြေကွက်တွေကို အထူးရှောင်ရမယ်။ ဖုန်းရွှေကောင်းလာအောင် ယင်၊ ယန်ညှိပေးဖို့ သိပ်ခက်တယ်။

ထောင့်မှန်မကျတဲ့ဘက်မှာ ပုဏ္ဏရိပ်ပင် တွေစိုက်ပြီး ယင်၊ ယန်ကို ညှိပေးရတယ်။ အုတ်တံတိုင်းကာထားရင်လဲ...အုတ်တံတိုင်းတစ်လျှောက်မှာ ပန်းအိုးလေးတွေစီပြီး အလှစိုက်ထားပါ။ အနားမညီ၊ ပုံစံမမှန်တဲ့ မြေကွက်တွေကတော့ မြို့ပြအိမ်ယာကွက်တွေမှာ တွေ့ခဲပါတယ်။ အလျား၆၀ပေ၊ အနံ၄၀ပေ။ အလျား ၆၀ပေ အနံ၂၀ပေရှိတဲ့ ထောင့်မှန်စတုဂံပုံမြေကွက်တွေပဲ များပါတယ်။ အလျားနဲ့ အနံပေတူတဲ့ စတုရန်းပုံ မြေကွက်တောင် ခပ်ရှားရှားပါ။

အနားမညီ၊ ထောင့်မညီ၊ ပုံစံမမှန်တဲ့မြေကွက်တွေထဲမှာဆိုရင် ရှေ့ကားပြီး နောက်ရှူးသွားတဲ့ မြေကွက်ရယ်...ရှေ့ရှူပြီး နောက်ကိုကားသွားတဲ့ ဇလားပုံလို့ခေါ်တဲ့ တြိဗီဇီယံ ပုံစံမြေကွက်တွေ အတွေ့များတတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီမြေကွက်မျိုးတွေက လမ်းထောင့်တွေမှာ ရှိတာများတယ်။အဲ့ဒီလို ဇလားပုံအမှောက်မြေကွက်၊ ဇလားပုံအလှန်မြေကွက်တွေ မှာဆိုရင် လမ်းကျဉ်ထောင့်လို့ခေါ်တဲ့ အနံသေးငွားတဲ့ဘက်မှာ မီးတိုင်စိုက်ပေးရတယ်။
လျှပ်စစ်ဓါတ်တိုင်တွေ စိုက်ပေးရတယ်။ အုန်းပင်၊ ကွမ်းသီးပင်တွေ စိုက်ရင်လည်းရပါတယ်။ အလံတိုင်စိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့်...လျှပ်စစ်မီးတိုင်ကတော့ အကောင်းဆုံးပါပဲ။ ဒီလောက်ဆိုရင် ဝယ်သင့်တဲ့ မြေကွက်။ အိမ်ဆောက်သင့်တဲ့မြေကွက်တွေ အကြောင်း သဘောပေါက်လောက်ပြီ ထင်ပါတယ်။

စတုရန်းပုံမြေကွက်တွေ၊ ထောင့်မှန်စတုဂံပုံမြေကွက်တွေပေါ်မှာ စတုရန်းပုံစံအိမ်၊ ထောင့်မှန်စတုဂံအိမ်တွေပဲ ဆောက်သင့်တယ်လို့ ပြောခဲ့ပြီးပြီး။ မြေကွက်ကကြီးပြီး ဆောက်မဲ့အိမ်ကသေးသေးလေးဆိုရင် မြေပိုချိန်ရမယ်။ အိမ်ရဲ့ရှေ့နောက် ဘေးနှစ်ဘက်မှာ မြေကျန် အကျယ်အဝန်း ညီညွတ်ရမယ်။

ဖုန်းရွှေပညာမှာကတော့ တောင်ဘက်ကို မင်္ဂလာရှိတဲ့အရပ်လို့ သတ်မှတ်ပြီး၊ မြောက်ဘက်အရပ်ကို အမင်္ဂလာအရပ်လို့ သတ်မှတ်တယ်။ အရှေ့မြောက်အရပ်ကို အဆိုးရွားဆုံး အရပ်လို့သတ်မှတ်တယ်။ဖုန်းရွှေပညာမှာရော...မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနည်းနာမှာရော အပြောများတဲ့ "လှည်းဦးတိုင်၊ လှေဦးတိုက်" မှာ မနေကောင်းဘူး။

လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်းကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး ဆိုတာကို ဆက်ပြောမယ်။ ဖုန်းရွှေပညာ စာအုပ်တွေမှာတော့...တီ (T) ပုံလမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလို မြေအနေထားမျိုးလည်း မြို့ပြအိမ်နေယာကွက်တွေမှာ အတွေ့များပါတယ်။

လှည်းဦးတိုက်၊ လှေဦးတိုက် မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။"လှည်းဦးတိုက်၊ လေဦးတိုက်" အိမ်ကတော့ခိုက်တယ်။ အဲ့ဒီအိမ်မှာ နေတဲ့သုတွေဟာ စီးပွားတိုးတတ်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာအရမှာတော့...မြန်မာ့ရိုးရာ ရှေ့ထုံးစဉ်လာ နည်းနာမှာရော...မနေသင့်မနေထိုက်တဲ့ အိမ်နေရာအနေထားမျိုးဖြစ်နေတယ်။ ဒါပေမယ့်...မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ နည်းနာမှာတော့"လှည်းဦးတိုပ်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ပွဲရုံတွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောက ပြောခဲ့တဲ့ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်ဆုံးပေါ့။ အမှန်တော့"ဈေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ တို့ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်စားကြည့်မယ်။

မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ်ရဲ့ပွဲရုံကို မြင်နေရတယ်။သုံးဘက်မြင်ကွင်း (3D) ဖြစ်နေတယ်။ "ဈေးကွက်မြင်ကွင်း" အားသာမှုရှိလို့ ပြောရင်ပိုမှန်တယ်။ လူနေရင်ခိုက်တယ် ဆိုတာကို ပြန်ပြီးစဉ်စားကြည့်ပါ။

" လှည်းဦးတိုက်။ လှေဦးတိုက်" အိမ်ကို ခိုးခြင်း၊ ဝှက်ခြင်း၊ လုယက်တိုက်ခိုက့်ခင်တဲ့လူတွေပ အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ...ရှေ့တူရှုလမ်းက တည့်တည့် မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်၊ ညာ ကွေ့သွားရင် ဖုန်မှုန့်တွေဟာ အိမ်တဲတန်းဝင်လာမှာပဲ။

ရှေ့တူရှုလမ်းက အသုဘ ချလာပြီဆိုပါတော့ အဲ့ဒိ အနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာ မြင်တွေ့နေရမယ်။ ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေထဲကို ရှေ့တူရှု လှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စ ကျွံဝင်လာတာမျိုးကို ခဏခဏ ခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာမနေကောင်းဘူး။ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။
ဒါပေမယ့်...ဒီလို "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုရင် ဘယ်လိုကာကွယ်မလဲ။ ဒါက လွယ်ပါတယ်။ တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။ ဒီနည်းထက် ပိုကောင်းတာကတော့...တံခါးရဲ့အပေါ်ဘက်၊ အိမ်အဝင်အဝ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကပ်ထား၊ ချိတ်ဆွဲထားရမယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်တွေမှာ မှန်ထောက်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တစ်ချို့မှန်ချပ်တွေက သေးလွန်းတယ်။ တစ်ချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်ချပ်ရဲ့အလယ် အနီရောင်နဲ စတုရန်းပုံအကွက်လေးရေးထားရမယ်။
အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး။ အုတ်တံတိုင်း မြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ် ဆိုပေမယ့်...မြေအနေအထားအရ မဖြစ်နိုင်ပါဘူး။ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

နောက်...အရေးကြီးတာ 👍 ပုံ လမ်းဆုံမှာဆောက်ထားတဲ့ အိမ်ကအခိုက်ဆုံးပဲ။ အမှန်တော့...တြိဂံပုံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်ပါပဲ။ "ကြက်လျှာစွန်း" ပုံအိမ်၊ "ကြက်လျှာစွန်း" မြေနေရာမှာ ဆောက်ထားတဲ့အိမ်လို့ ပြောလို့ရတယ်။အဲ့ဒီလို...အိမ်အနေအထားမျိုးကတော့.အိမ်ရှေ့တည့်တည့် မြေအစွန်းမှာ လျှပ်စစ်ဓါတ်မီးတိုင်၊ ဒါမှမဟုတ်ရင် အလံတိုင်စိုက်ပေးရမယ်။ လမ်းဆုံ ကြက်လျှာစွန်းထိပ်နဲ့ အိမ်အဝင်တံခါးမကြီးနဲ တည့်တည့်ကြီးဖြစ်နေရင် လုံးဝမကောင်းဘူး။
တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်းအယူအဆကတော့... အဲ့ဒီတံခါးကို "မသာခြေကန်နေရာ" လို့တောင်ခေါ်တယ်။ ထောင့်ကျဉ်း 👍 ပုံစံ မြေကွက်မှာ မြေအပြည့်ဆောက်ထားတဲ့ အိမ်ပေါ့။ လမ်းမနှစ်ဘက်ကို အိမ်အဝင်တံခါးမကြီးထားတယ်။ မြို့ပြအိမ်နေရာတွေမှာ ဒီလိုအိမ်မျိုးတွေ ရှိတတ်ပါတယ်။

ကြက်လျှာစွန်းမြေကွက်ပေါ်မှာ ကြက်လျှာစွန်းအိမ်ဆောက်ထားတဲ့ ပုံစံပဲ။ ရှေ့မြန်မာအဖိုးအဖွားတွေကတော့ ဒီလိုအိမ်မျိုးမှာ မနေကောင်းဘူး။ အသက်တိုတယ်။ အန္တာရာယ်များတယ်လို့မှာကြားခဲ့တယ်။ ဒါပေမယ့်...ဆိုင်ဖွင့်ရင်တော့ ကောင်းတယ်။ ပွဲရုံဖွင့်ရင် ကောင်းတယ်။ အကျိုးပေးမယ်။ ရောင်းအားကောင်းမယ်လို့လဲ ဆိုပြန်တယ်။

ဖုန်းရွှေပညာအရတော့ ...လူနေရင်လည်း ဆိုးကျိုးနဲ့ကြုံရမယ်။ ဆိုင်ဖွင့်ဖွင့်၊ ပွဲရုံဖွင့်ဖွင့်မကောင်းဘူး။ လုံးဝမကောင်းဘူး။ မကောင်းတဲ့ ကောင်းကင်ချီတွေ ဆင်းသက်တယ်။ ယင်၊ ယန်မျှတမှု အားနည်းတယ်။ လမ်းဘက်ကို မျက်နှာမူထားနဲ့တံခါးမကြီးနှစ်ခုရဲ့ အပေါ်မှာ မှန်ကပ်ထားမှန်ချိတ်ထားရမယ်။ ရိုးရိုးမှန်မရဘူး။ ပုံရိပ်ထင်တဲ့ မှန်ဖြစ်ရမယ်။

ခြောက်လက်မပတ်လည် စတုရန်းပုံ ဖြစ်ရမယ်။ မှန်ရဲ့ အလယ်မှာ အနီရောင်စတုရန်းပုံလေး ရေးထားရမယ်။ တံခါးဝတွေမှာ ပန်းအိုးထားရမယ်။ အဖြူရောင် အနီရောင်ပန်းတွေ ပွင့်တဲ့ ပန်းပင်စ်ုက်ထားရမယ်။
ယင်နဲ့ ယန်မျှတအောင် လုပ်ပေးတာပေါ့။ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ လေးထပ်တိုက်ဖြစ်နေရင်လဲ အပေါ်ထပ်တွေရဲ့ လမ်းမဘက်လှည့်တဲ့ ပြူတင်ပေါက်တစ်ပေါက်စီရဲ့ပေါ်မှာ မှန်ချပ်ကပ်ထား၊ ချိတ်ထားရမယ်။ အပေါ်ဆုံးထပ်ရဲ့ အမိုးချွန်ပေါ်မှာ လျှပ်စစ်ဓါတ်မီးတိုင် အသေးတစ်တိုင် ဒါမှမဟုတ်ရင် အလံတိုင်ငယ်တစ်ခု စိုက်ထားရင် ပိုကောင်းတယ်။ အလံတိုင်မှာ အလံက တစ်လူလူလွင့်နေရမယ်။

Credit : အိမ်တွင်းအလှဆင်ကျွန်းပရိဘောဂများ
Photo credit

ဝါလကင်းလွတ် သီတင်းကျွတ်အခါ သမယမှာ မိဘပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးတက်က...
09/10/2022

ဝါလကင်းလွတ် သီတင်းကျွတ်အခါ သမယမှာ
မိဘပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးတက်ကြပါစေခင်ဗျာ 🙏🙏🙏


Pic - crd

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”----သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ထူးခြားသော နေ့ရက်ပင်ဖြစ်ပါသ...
08/10/2022

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”
----
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ထူးခြားသော နေ့ရက်ပင်ဖြစ်ပါသည်။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင် လူ့ပြည်သို့ ဆင်းသက်ကြွမြန်းလာသည်ကို ရည်ရွယ်ပြီး ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် ဆီမီးများထွန်းကာ မြင့်မိုရ်ပွဲဟုခေါ်သည့် မီးထွန်းပွဲများ ဆင်ယင်ကျင်းပခဲ့ကြပါသည်။
မြတ်စွာဘုရားရှင်သည် လူ့ဘဝကမယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿီတနတ်သားကို အကြောင်းပြုပြီး တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားတော်ကို ဟောတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ ပြန်လည်ဆင်းသက်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာနေ့ ဟုလည်း ခေါ်ဆိုကြပါသည်။
ထို့ပြင်သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟုလည်း ခေါ်ဆိုကြပါသည်။ မြတ်စွာဘုရားသည် တာဝတိံသာမှ မဆင်းသက်မီ ရေမီးအစုံ တန်ခိုးပြဋိဟာတို့ကို ပြတော်မူပြီးမှ ရွှေစောင်းတန်းတွင် နတ်များ၊ ငွေစောင်းတန်းတွင် ဗြဟ္မာများ ခြံရံပြီး ပတ္တမြားစောင်းတန်းမှ မြတ်စွာဘုရားကိုယ်တော်တိုင် တင့်တယ်စွာဆင်းသက်လာခဲ့ပါသည်။ ထိုသို့ဆင်းသက်လာသော မြတ်စွာဘုရား၏ ကျက်သရေတော်ကို ဖူးမြော်ရသော ပရိသတ်အားလုံးတွင် ဘုရားဆုကို မပန်ဆင်မိသူဟူ၍ မရှိခဲ့ပါ။ ထိုကြောင့် ထိုနေ့အား ဘုရားဆုပန်နေ့ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြသော သံဃာတော်များ လွတ်လပ်စွာ သွားလာသီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထို့အပြင် အလွန်မြတ်သော ကထိန်အလှူကိုလည်း ခံယူနိုင်ကြမည်ဖြစ်ပါသည်။ လောကီလူတို့သည်လည်း သီတင်းကျွတ်ပြီးနောက် အိမ်ယာထူထောင်ခြင်းများ ပြုနိုင်ကြမည်ဖြစ်သဖြင့် အချုပ်အချယ်တို့မှကျွတ်စေတဲ့နေ့ဟုလည်း ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် လူ၊ နတ်၊ ဗြဟ္မာ အားလုံး အတူတကွ မြတ်စွာဘုရားအား ကြည်ဖြူ ကော်ရော် ပူဇော်ကြပြီး ကျွတ်တမ်းဝင်သည့်နေ့၊ တရားဆီမီး အလင်းရောင်ဖြင့် မကောင်းမူအကုသိုလ် အဝိဇ္ဇာအမှောင်တောမှ လွတ်ကင်းကြသည့်နေ့ပင်ဖြစ်ပါတော့သည်။
🙏🙏🙏🙏🙏
Crd - Putet Comics
Pic - crd

အရောင်းပို့စ်လေးတွေ မတင်ဖြစ်ပေမယ့်လည်း နေ့စဉ် ဝယ်ယူအားပေးနေကြတဲ့ လုပ်ငန်းရှင် မိတ်ဆွေ Customer အပေါင်းကို ကျွန်တော်တို့ ...
07/10/2022

အရောင်းပို့စ်လေးတွေ မတင်ဖြစ်ပေမယ့်လည်း နေ့စဉ် ဝယ်ယူအားပေးနေကြတဲ့ လုပ်ငန်းရှင် မိတ်ဆွေ Customer အပေါင်းကို ကျွန်တော်တို့ " 𝐊𝐌𝐓 𝐘𝐚𝐧𝐠𝐨𝐧" မိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ 🙏🙏🙏


Address

အမှတ်(၂၂)၊ သဲလမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နယ်၊ ရန်ကုန်။
Thanlyin

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959421016192

Website

Alerts

Be the first to know and let us send you an email when KMT Construction Materials Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KMT Construction Materials Store:

Share