16/04/2026
မနက်ဖြန်တွင် ကျရောက်မည့် မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာ "အောင်-လှိုင်သာယာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်" မိသားစုမှ မတည်ပြီး "ရွှေရင်အေး (၁၀၀) ခွက်" ကို ဒါနပြု ဝေငှသွားမှာဖြစ်ပါတယ်။
ပူပြင်းတဲ့ ရာသီဥတုမှာ အားလုံးပဲ စိတ်ရွှင်လန်း အေးမြစေဖို့ ရည်ရွယ်ပြီး ကုသိုလ်ယူခြင်းဖြစ်လို့ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
📍 ဆိုင်ဖွင့်ချိန် အသိပေးချက် -
နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်ပါသဖြင့် မနက်ဖြန် (ဧပြီလ ၁၇ ရက်) တွင် ဆိုင်ပိတ်ထားမည်ဖြစ်ပြီး ဧပြီလ (၁၈) ရက်၊ နှစ်ဆန်း (၂) ရက်နေ့ မှာ ဆိုင်ပြန်လည်ဖွင့်လှစ်ကာ ပစ္စည်းများကို ပုံမှန်အတိုင်း ပြန်လည်မှာယူနိုင်ပါပြီခင်ဗျာ။
နှစ်သစ်မှာ လူနတ်ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏
#သံဆိုင် #အိမ်ဆောက်ပစ္စည်း