08/10/2025
မိတ်ဆွေတို့ရဲ့ တန်ဖိုးကြီး တိုက်တစ်လုံး ဆောက်မယ်ဆိုရင် ဆရာမ Daw Aye Aye Win ရေးသား သော Cover Block ရဲ့ အရေးကြီးပုံ ကို ဖတ်ရှူ့ပြီး ကျနော်တို့ရဲ့ Myanmar Concrete Cover Block Production မှ အရည်အသွေး ပြည့် အရွယ်အစားမျိုးစုံ cover block များကို ဝယ်ယူအားပေးနိုင်ပါပြီ။
🌸🌺Cover Block🌺🌸
🌸🌺မေး
cover Block လုပ်ရင် သဲနဲ့ ဘိလပ်မြေ အချိုး ဘယ်လောက်သုံးရပါသလဲ?
🍀🌼🍀🌼🍀🌼🍀🌼🍀🌼🍀🌼🍀🌼
🌸ကိုယ် သုံးမည့် concrete psi ပေါ်မူတည်ပြီးလုပ်နိုင်ရင် အကောင်း ဆုံးပေါ့။
🌸ဘိလပ်မြေ တစ်ဆ ၊ သဲသန့်သန့် နှစ်ဆ ဆို
အဆင်ပြေပါတယ်။ တစ်ချို့ ကတော့ တစ်ဆ စီပဲရော ပြီး လုပ်ကြပါတယ်။
🌸ဆောင်ရွက်ရမည့် ပုံစံ ကို လွန်ခဲ့တဲ့ ၂နှစ်လောက် ကတည်းက တင်ပေးဖူးတာရှိပါတယ်။ဒီ wall မှာလည်း ပြန်တင်ပေးထားပါတယ်။
အခု အဲဒါ ကို ပြန်တင်ပေးလိုက်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
🌸over block ကို Site Engineer က သူ လုပ်ရမည့် သံလုပ်ကွက်မစမှီ ၁၄ ရက်အလို ကတည်းက လုပ်ထားရပါ မယ်။ Cement နဲ့ ပဲ လုပ်တဲ့ Cover Block က ၂၄ နာရီကျော်ရင် သုံးလို့ရပါတယ်။ဒါပေမဲ့ သူက Compression ဒဏ်အများကြီး မခံနိုင်ပါဘူး။Concrete ထဲ မှာသဲနဲ့ ကျောက်ကသာ Compression ဒဏ် ခံနိုင်ပါတယ်။ ကျောက်ပွင့်လေးတွေလွတ် သွားတဲ့မျက်နှာပြင်နေရာမှာ သဲပွင့်လေးတွေ ကနေရာယူပါ တယ်။ သဲပွင့်လေးတွေ လွတ် သွားတဲ့နေရာမှာ ဘိလပ်မြေ ကရေနဲ့ ဓာတ်ပြုနေရာယူပြီး သူတို့အားလုံးတွဲဆက်အောင် လုပ်ပေးပါတယ်။
🌸ဘိလပ်မြေ နဲ့ သဲ ကို အချိုးကျရောပြီး လိုအပ်တဲ့ Size တွေပုံလောင်းရပါတယ်။ လောင်းပြီးနောက်နေ့ မှာ.ရေစိမ်ရပါတယ်။ ရေစိမ်တဲ့အခါ.သူ့ Size နဲ့ သူ.ခွဲပြီး စိမ်သင့်ပါ တယ်။ ဒါမှသာ အလွယ်တကူသုံးနိုင်မှာပါ။ရေစိမ်ပြီးရင် အဲရေစိမ်ထားတဲ့ကန်မှာမြေဖြူ ခဲကို ရေစွတ်ပြီး ဘယ်လုပ်ကွက်ဘယ် Size ဘယ်နေ့ ကလောင်းတယ်၊ဘယ်နေ့စသုံးလို့ရ ပြီလို့ရေးထားရပါမယ်။
🌸ကိုယ်မဟုတ်တဲ့ တစ်ခြားသူပါ သိအောင်မှား မသုံးမိအောင် ပါ။ အရည်အသွေးညံတဲ့ Cover Block ဒါမှမဟုတ် ဘိလပ်မြေ နဲ့ ပဲလုပ် ထားတဲ့ Cover Block ကိုသုံးမိရင် ဘာဖြစ်မ လဲ?
🌸Slab လုပ်ကွက်မှာဆိုရင် Concrete လောင်းတဲ့ အခါ ကာယလုပ်သားတွေ သံတွေ ပေါ်နင်းမိတော့။ Cover Block ကအောက်မှာ ကြေသွားပါတယ်။ Form Work ခွာတော့ သူ က ကျွတ်ထွက်လာပြီး အဲဒီ အပေါက်က သံ ပေါ် လာပါတယ်။ သူ့ကို ရိုးရိုး ဘိလပ်မြေနဲ့ ပြင်လို့ဖာလို့မရတော့ပါဘူး။
🌸Non Shrink Grout , နဲ့ Bonding Agent ပါ တွဲပြီးမှ ပြင်လို့ဖာလို့ရတယ်။ ဒါတောင်လုပ် တဲ့သူကသေချာမှ Okay တာ ပါ။
🌸Cover Block ထည့် ရတဲ့ အဓိကရည်ရွယ် ချက်က သံတွေကို လိုအပ်တဲ့ Cover ရချင် တာနဲ့ Position အမှန် ရစေချင်တာပါ။
🌸Cover နည်းရင် ဘာဖြစ်မှာလဲ?
🌸Cover နည်းရင် စိုစွတ်တဲ့ရာသီမှာ ပြင်ပစိုထိုင်းမှုကနေ ရေတွေသံဆီရောက်မယ်။ ပြီး ရင်ရေထဲမှာပါလာတဲ့ အောက်ဆီဂျင်နဲ့ သံ တွေ့ပြီး သံချေးတက်မယ်။ သံကသူ နေ
စရာမရှိရင် Concrete ကိုကန်မယ်။ Concrete ကွဲမယ်။ ပြီးရင်ပြိုကျမယ်။
🌸အပြင်မှာ မီး လောင်ရင် သံတွေက မီး
ပြင်းလာရင် အထဲ မှာပုံပျက်လာမယ်။
ပြီးရင် Structure ကျလာမယ်။ နောက်ပြိုကျ မယ်။ လိုတာထက် ပိုထူရင် သံတွေ လိုအပ်တဲ့ Position တွေ၊ Effect တွေ၊ အား တွေ မရဘူး။ အဲဒီအခါ Structure ကျလာမယ်။ Strength ကျလာမယ်။
🌸Cover Block ကို ၃ ပေထက် ပိုစိတ်ပြီးလည်း မသုံးသင့်ပါဘူး။ Space စိတ်လာရင် Concrete Strength ကျလာပါတယ်။ ဒါကြောင့် Cover Block ဆိုပြီး လွယ်လွယ်လေး မလုပ်လိုက်ကျပါနဲ့။ Construction မှာ သူ့နေ ရာနဲ့သူ အားလုံး အရေးကြီးပါတယ်။
Credit Aye Aye Win
🏛🏛🏛🏛🏛🏛🏛🏛🏛🏛🏛🏛🏛🏛🏛🏛🏛
Concrete Cover Block
Production
မှ ထုတ်လုပ်သော အရည်အသွေးပြည့်မှီပြီး အရွယ်အစားမျိုးစုံ concrete cover block များကို Page Messenger မှာလည်ကောင်း
📞 095099045 ကိုလည်ကောင်း ဆက်သွယ် ဝယ်ယူရရှိနိုင်ပါပြီ။