New Steel

New Steel Build with good material to your coming future

Happy Chinese new year ပါခင်ဗျာ❤️စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ😊
16/02/2026

Happy Chinese new year ပါခင်ဗျာ❤️
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ😊

🏗️ကဲ Mezzanine Floor တွေ Frame structure အပိုင်းတွေမှာ အရေးပါတဲ့ U Beam တွေကိုရှာနေသလား?👷🏼‍♂️လူကြီးမင်းတို့လိုအပ်နေသောအရ...
09/02/2026

🏗️ကဲ Mezzanine Floor တွေ Frame structure အပိုင်းတွေမှာ အရေးပါတဲ့ U Beam တွေကိုရှာနေသလား?

👷🏼‍♂️လူကြီးမင်းတို့လိုအပ်နေသောအရည်အသွေးမြင့် U Beam တွေကို New Steel မှ အကောင်းဆုံး service တွေပေးပြီး supply လုပ်ပေးနေပါတယ်နော်။

😊 ကျွန်တော်တို့ New Steel မှ လက်ရှိ U Beam များကိုလူကြီးမင်းတို့လိုအပ်​တဲ့အတိုင်းအတာ အရေအတွက်အတိုင်းဝယ်ယူနိုင်အောင် ကျွန်တော်တို့ဘက်က ပစ္စည်းတွေဖြည့်ထားပါတယ်ခင်ဗျ။

✅လူကြီးမင်းတို့အနေနဲ့ ကျွန်တော်တို့ New Steel မှသံပစ္စည်းတွေကိုရွေးချယ်ဝယ်ယူမည်ဆိုပါက -

⚪️ လူကြီးမင်းတို့အတွက် အချိန်ကုန်သက်သာစေရန် delivery service တွေ
⚪️ လိုအပ်သောသံပစ္စည်းမျိုးစုံကို တစ်နေရာတည်းမှာ ရရှိနိုင်မှုတွေ
⚪️ အရည်အသွေး မြင့်မားသော ပစ္စည်းများကိုဝယ်ယူနိုင်ခြင်းတွေအပြင်
⚪️ စျေးနှုန်းစိတ်တိုင်းကျ ညှိ၍ဝယ်ယူနိုင်တာတွေကြောင့် စိတ်ကျေနပ်မှုအပြည့်အဝရစေဖို့ ၁၀၀% အာမခံပါတယ်ခင်ဗျာ။

😊လူကြီးမင်းတို့အနေနဲ့ ဒီလိုအရည်အသွေးမြင့် U Beam တွေအပြင် ဆောက်လုပ်ရေးသုံး သံပစ္စည်းမျိုးစုံလိုချင်ပါက - 09 787 900 016 ကိုဆက်သွယ်
နိုင်ပါတယ်ခင်ဗျာ။

📩 Messenger မှလည်း တိုက်ရိုက် Message ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🏠Address:No. (203), Sin Tae Street, South Dagon Industrial Zone (3), Yangon.Myanmar.
🏗️Warehouse- No (533/12), Moe Gote Street, South Dagon Industrial Zone(1) Yangon Myanmar.






04/02/2026

🧐Hot Rolled Sheet တွေကိုဘယ်လိုထုတ်လုပ်ကြလဲ?

🏗️ကျွန်တော်တို့တွေသုံးနေကြတဲ့ Angle Bar တွေအကြောင်းနည်းနည်းလေ့လာကြည့်ရအောင်…Angle Bar ဆိုတာကတော့ အဆောက်အအုံနဲ့ စက်မှုလုပ...
17/01/2026

🏗️ကျွန်တော်တို့တွေသုံးနေကြတဲ့ Angle Bar တွေအကြောင်းနည်းနည်းလေ့လာကြည့်ရအောင်…

Angle Bar ဆိုတာကတော့ အဆောက်အအုံနဲ့ စက်မှုလုပ်ငန်းတွေမှာ အရေးကြီးဆုံး steel section တစ်မျိုး ဖြစ်ပြီး၊ L ပုံစံဖြစ်တဲ့အတွက် Load bearing, framing နဲ့ structural support အတွက် အသုံးများပါတယ်။

Angle Bar ကို Civil Engineering, Structural Engineering, Mechanical Engineering နယ်ပယ်တွေမှာ အထူးသဖြင့်
• Building structure
• Steel framework
• Truss system
• Tower & Platform
• Machine support frame

တွေမှာ မဖြစ်မနေ အသုံးပြုကြပါတယ်။



📐 Angle Bar ရဲ့ အမျိုးအစားများ ကိုပြောရမယ်ဆိုရင် Angle Bar ကိုအောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

🔹 Equal Angle Bar
• နှစ်ဖက်အရွယ်အစား တူညီတယ်။
• Load ကိုညီညွတ်စွာ ခံနိုင်တယ်။
• General structural work တွေမှာ အသုံးများတယ်။

🔹 Unequal Angle Bar
• တစ်ဖက်ကြီး၊ တစ်ဖက်သေး ဖြစ်တယ်။
• Special load condition နဲ့ limited space design အတွက် သင့်တော်တယ်



🏗️ Engineering Work တွေမှာ Angle Bar ကို ဘယ်လိုအသုံးပြုကြလဲ?

Professional Engineering Design တွေမှာ Angle Bar ကို
✔️ Column & Beam support
✔️ Bracing system
✔️ Roof truss
✔️ Stair & railing structure
✔️ Equipment support frame

အဖြစ် အသုံးပြုကြပါတယ်။

Engineer တွေက Angle Bar အသုံးပြုတဲ့အခါ
• Load calculation
• Bending moment
• Shear force
• Connection detail (Welding / Bolting)

တွေကို စနစ်တကျတွက်ချက်ပြီးမှ အသုံးပြုကြပါတယ်။



⚠️ Angle Bar အသုံးပြုရာမှာ သတိပြုရမယ့် အချက်များကတော့

🔸 Steel grade ကို design requirement နဲ့ ကိုက်ညီအောင် ရွေးချယ်ရပါမယ်
🔸 Thickness မမှန်ရင် deformation ဖြစ်နိုင်ပါတယ်
🔸 Welding quality မကောင်းရင် structural failure ဖြစ်နိုင်ပါတယ်
🔸 Corrosion protection (painting / galvanizing) မလုပ်ရင် ရှိသင့်ရှိထိုက်တဲ့ သက်တမ်းမခံနိုင်ပါဘူး။

မိတ်ဆွေတို့ဒီအချက်တွေကိုသိထားပြီး သတိထားမယ်ဆိုရင် မိတ်ဆွေတို့လုပ်ငန်းမှာအများကြီးအကျိုးရှိစေမှာပါခင်ဗျာ။

👷🏼‍♂️မိတ်ဆွေတို့ Project မှာ သံပစ္စည်းများလိုအပ်တိုင်း
New Steel ကိုသတိရလိုက်ပါခင်ဗျာ။






🤔Hot Rolled Sheet အကြောင်းကောင်းကောင်းကြီးသိပြီလားမိတ်ဆွေ???Hot Rolled Sheet ဆိုတာက Steel ကို အပူချိန်အမြင့် (over 1,700...
12/01/2026

🤔Hot Rolled Sheet အကြောင်းကောင်းကောင်းကြီးသိပြီလားမိတ်ဆွေ???

Hot Rolled Sheet ဆိုတာက Steel ကို အပူချိန်အမြင့် (over 1,700°F / 927°C) မှာ လှိမ့်ပြီး ထုတ်လုပ်ထားတဲ့ Industrial Grade Steel Sheet တစ်မျိုးဖြစ်ပါတယ်။

ဒီအပူချိန်မှာ Steel က ပိုပြီး soft ဖြစ်သွားတဲ့အတွက်
👉 Rolling
👉 Shaping
👉 Thickness Control
တွေကို တိကျလွယ်ကူစွာ လုပ်နိုင်ပြီး Strong & Reliable Structure Steel ကိုရရှိနိုင်ပါတယ်။

🔩 Hot Rolled Sheet ရဲ့ အားသာချက်တွေအနေနဲ့

✔ Cold Rolled ထက် Surface rough ဖြစ်ပေမယ့်
✔ Thickness tolerance ကောင်းမယ်
✔ Heavy load ခံနိုင်မယ်
✔ Cost သက်သာမယ်
✔ Welding, Bending, Cutting လုပ်ရ လွယ်ကူမယ်

ဒီအချက်တွေကြောင့် Structure, Fabrication & Heavy Duty Project တွေအတွက် အကောင်းဆုံး Steel ဖြစ်ပါလိမ့်မယ်ဗျ။

🏗️ Hot Rolled Sheet ကို ဘယ်မှာသုံးကြလဲ?
Hot Rolled Sheet တွေကို
🚗 Automotive Parts
🛢 Oil & Gas Equipment
🏭 Machine Frames
🚧 Shipbuilding & Marine Structure
တို့မှာ အဓိက အသုံးပြုကြပါတယ်။

အထူးသဖြင့် Shipbuilding, Steel Structure, Heavy Machinery လို Force တွေ၊ အလေးချိန်
တွေ၊ လှုပ်ရှားမှုဒဏ်တွေကို ခံနိုင်ရည်ရှိရမယ့် Project တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျ။

ဒီလို အရေးကြီးတဲ့ Steel Material ကို
New Steel Team မှ Quality Control, Standard Thickness & Reliable Supply နဲ့ ပံ့ပိုးပေးနေပါတယ်ခင်ဗျာ။

သံပစ္စည်းအမျိုးမျိုးလိုအပ်ပါက -
09 787 900 016 ကိုဆက်သွယ်ဆုံစမ်းနိုင်ပါတယ်ခင်ဗျာ။






🔶 ပစ္စည်းအရည်အသွေးမြင့်ပြီး စျေးနှုန်းချိုတဲ့ ROUND PIPE တွေကိုရွေးချယ်ဖို့ဆိုရင် New Steel ကိုသတိရလိုက်ပါခင်ဗျာ! 🔶အဆောက...
07/01/2026

🔶 ပစ္စည်းအရည်အသွေးမြင့်ပြီး စျေးနှုန်းချိုတဲ့ ROUND PIPE တွေကိုရွေးချယ်ဖို့ဆိုရင် New Steel ကိုသတိရလိုက်ပါခင်ဗျာ! 🔶

အဆောက်အဦးဆောက်လုပ်ရေးတွေ၊ စက်ရုံဆောက်လုပ်ရေးတွေ လိုအပ်ရင် လိုအပ်သလိုအသုံးပြုနိုင်အောင် New Steel ဘက်က ပစ္စည်းတွေဖြည့်ထားပါတယ်ခင်ဗျ။

ကျွန်တော်တို့တင်သွင်းရောင်းချတဲ့ Round Pipe (သံပိုက်လုံး) တွေဟာ
✔️ သံအရည်အသွေးမြင့်မယ်
✔️ ခိုင်ခံ့မှုကောင်းမယ်
✔️ သံချေးကင်းမယ်
✔️ စျေးချိုမယ်
ဒီအတွက်မိတ်ဆွေတို့လိုအပ်သလို လုပ်ငန်းသုံးအတွက်ဖြစ်ဖြစ်၊ မိတ်ဆွေတို့လိုအပ်သောနေရာမှာဖြစ်ဖြစ် လိုအပ်ရင်လိုအပ်သလို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။



🔹 ကျွန်တော်တို့စီမှာအရွယ်အစား အမျိုးမျိုး ရရှိနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့လိုအပ်ချက်အပေါ် မူတည်ပြီး
အရွယ်အစားအမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။
Thickness တွေ length တွေစသည့် Specification များကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။



📞 ပစ္စည်းအကြောင်းအသေးစိတ်သိလိုပါက
Ph – 09 787900016 ကိုဆက်သွယ်ပြီးမေးပေးပါခင်ဗျာ။
Messenger မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
အရွယ်အစား၊ အရေအတွက် မျိုးစုံရပါမယ်။

🏠Address:No. (203), Sin Tae Street, South Dagon Industrial Zone (3), Yangon.Myanmar.
🏗️Warehouse- No (533/12), Moe Gote Street, South Dagon Industrial Zone(1) Yangon Myanmar.






🎉နှစ်သစ်မှာ စီးပွါးလာဘ်လာဘတွေတိုးတက်ပြီး အောင်မြင်မှုတွေရရှိနိုင်ကြပါစေလို့ New Steel team မီဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...
31/12/2025

🎉နှစ်သစ်မှာ စီးပွါးလာဘ်လာဘတွေတိုးတက်ပြီး အောင်မြင်မှုတွေရရှိနိုင်ကြပါစေလို့ New Steel team မီဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

💪🏻အားပေးကြမ်းကြတဲ့ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတို့အတွက် သံပိုက်လုံးအသစ်တွေထပ်မံရောက်ရှိထားပါကြောင်း✅အရည်အသွေးပိုင်းစိတ်ပူန...
29/12/2025

💪🏻အားပေးကြမ်းကြတဲ့ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတို့အတွက် သံပိုက်လုံးအသစ်တွေထပ်မံရောက်ရှိထားပါကြောင်း

✅အရည်အသွေးပိုင်းစိတ်ပူနေကြတဲ့ မိတ်ဆွေတို့ အတွက်လည်း ပုံလေးတွေကိုသေချာရိုက်ပြီး
ကျွန်တော်တို့တင်သွင်းထားတဲ့ သံပိုက်လုံးက သံသားသန့်သန့်လေးတွေနဲ့ တကယ်ကို အရည်အသွေးကောင်းကြောင်းပြထားပါတယ်ခင်ဗျ။

📏သံပိုက်လုံးကို မိတ်ဆွေတို့လိုချင်တဲ့ အတိုင်းအတာအတိုင်းမျိုးစုံ, Diameter မျိုးစုံဝယ်ယူရရှိနိုင်ပါတယ်နော်။

🤩လက်ရှိကျွန်တော်တို့စီမှာ အရောင်းရဆုံးဒီသံပိုက်လုံးတွေကို အသက်သာဆုံးစျေးနှုံး များဖြင့်ရောင်းချပေးသွားပါမယ်ခင်ဗျာ။

စျေးနှုန်းလည်းလုံးဝ လုံးဝ သင့်တင့်တာမလို့ လိုချင်ပါက လိုအပ်ပါက 📩 Page Messenger မှာ ဆက်သွယ်နိုင်သလို
📲 09 787900016
ဒီ ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🏠Address:No. (203), Sin Tae Street, South Dagon Industrial Zone (3), Yangon.Myanmar.
🏗️Warehouse- No (533/12), Moe Gote Street, South Dagon Industrial Zone(1) Yangon Myanmar.






🎄Happy Christmas ပါခင်ဗျာ🎄ပျော်ရွှင်စရာကောင်းသောနှစ်သစ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။
25/12/2025

🎄Happy Christmas ပါခင်ဗျာ🎄

ပျော်ရွှင်စရာကောင်းသောနှစ်သစ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

22/12/2025

🤗New Steel မှာ လူကြီးမင်းတို့လိုသော သံပစ္စည်းမျိုးစုံကို ဝယ်ယူလိုက်ပါတော့ခင်ဗျာ။🏗️







🔩 လူတိုင်းသိသင့်တဲ့ Deformed Bar အကြောင်းလေးရှင်းပြပါရစေခင်ဗျာ။❕အချိန်ရရင် ပြီးအောင်ဖတ်ထားသင့်ပါတယ်။အချိန်မရရင် Share ထာ...
18/12/2025

🔩 လူတိုင်းသိသင့်တဲ့ Deformed Bar အကြောင်းလေးရှင်းပြပါရစေခင်ဗျာ။
❕အချိန်ရရင် ပြီးအောင်
ဖတ်ထားသင့်ပါတယ်။အချိန်မရရင် Share ထားနိုင်ပါတယ်ခင်ဗျာ။❕

🏗️ ကျွန်တော်တို့ အဆောက်အဦးဆောက်တဲ့အခါမှာ မရှိမဖြစ်၊ မပါမဖြစ်ဟာ Deformed Bar တွေပါပဲခင်ဗျာ။အဆောက်အဦးရဲ့ ကြန့်ခိုင်မှုအတွက် တကယ်ကိုအရေးပါတဲ့ သံချောင်းတွေလို့ဆိုလည်းမမှားပါဘူးဗျ။

အိမ်ပဲဆောက်ဆောက်၊ တိုက်ပဲဆောက်ဆောက်၊ RC Structure တစ်ခုကိုတည်ဆောက်မယ်ဆိုရင်
Deformed Bar ကမပါမဖြစ်ပဲဗျ။
အချို့ကတော့ “အော် သံချောင်းပါပဲ” ပေါ့…
အမှန်တော့ Deformed Bar ရဲ့ အရေးပါမှုတွေက
အဆောက်အဦးရဲ့ ကျန့်ခိုင်ရေးနှင့် Safety ပိုင်းကို တိုက်ရိုက်အကျိုးသက်ရောက်ပါတယ် ခင်ဗျာ။



🔹 Deformed Bar ကိုအလွယ်သိနိုင်အောင်ဆိုရင်
Plain Bar လိုမျက်နှာပြင်ပေါ်မှာ လိမ်
လိမ်ကောက်ကောက် လိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Steel Bar တွေပဲဖြစ်ပါတယ်ဗျ။

အဲ့လိုအလိမ်အကောက်လိုင်းတွေကြောင့်
👉 Concrete နဲ့ သံချောင်း ကိုပိုမို ခိုင်ခံ့စေတယ်
👉 Slippage ပြသနာကိုလျှော့ချပေးတယ်
👉 Load ကို ပိုပြီးကောင်းမွန်စွာ ထမ်းပေးနိုင်တယ်

ဒါကြောင့် RC Structure တွေမှာ
Plain Bar ထက် Deformed Bar ကို ပိုပြီးအသုံးများကြတာပါနော်။


🔸 Deformed Bar ကို Beam, Column, Slab, Footing အကုန်လုံးမှာတွင်တွင်ကျယ်ကျယ်အသုံးပြကြပါတယ်ခင်ဗျာ။

🔹 Deformed Bar ရဲ့ အရွယ်အစားတွေကိုပြောရမယ်ဆိုရင် အများဆုံးတွေ့ရတဲ့ Size တွေကတော့
• 8 mm
• 10 mm
• 12 mm
• 16 mm
• 20 mm
• 25 mm

📌
Slab မှာဆိုရင် 8mm / 10mm
Beam, Column မှာဆိုရင် 12mm, 16mm နဲ့အထက်တွေကို အသုံးများပါတယ် ခင်ဗျ။

မသေချာဘဲ ကိုယ့်သဘောနဲ့ သံချောင်းရွေးတာ မလုပ်သင့်ပါဘူးခင်ဗျာ။



🔹 Grade (Strength) က ဘာလို့အရေးကြီးတာလဲဆိုပြီးလည်းမေးခွန်းထုတ်စရာရှိပါသေးတယ်ဗျ။

Deformed Bar တွေမှာ
Yield Strength (Fy) ဆိုတဲ့ အရေးကြီးတဲ့ အချက်ရှိပါတယ် ခင်ဗျ။

အများဆုံးအသုံးများတာတွေက —
• Grade 40 (Fy ≈ 280 MPa)
• Grade 60 (Fy ≈ 420 MPa)

Grade မြင့်လေလေ
👉 သံချောင်း ပိုမာ၊ Load ဒဏ်ပိုခံနိုင်၊ Design အရ သံချောင်းအရေအတွက် လျော့နိုင်ပါမယ်။

ဒါပေမယ့် Structure Design ကိုမလိုက်နာဘဲ Grade ကို ပြောင်းသုံးတာမျိုးတော့သတိထာပါမယ်ဗျ။



🔹 Deformed Bar ကို ဘာကြောင့် Concrete ထဲမှာ မြှုပ်လဲဆိုရင်…

✔ အဓိကအကြောင်းကတော့ Concrete ရဲ့ ဖိအား (Compression) ကိုကောင်းကောင်းခံနိုင်လို့ပဲဖြစ်ပါတယ်ခင်ဗျာ။
ဒါကြောင့် Tension ကို သံချောင်းက ထမ်း Compression ကို Concrete က ထမ်းရင်း
ဒီနှစ်ခု ပေါင်းပြီး RC Structure တစ်ခု တည်တံ့ခိုင်မာလာတာပါ ခင်ဗျ။



🔹 သံချောင်းရွေးချယ်တဲ့အခါ သတိထားရမယ့်
အချက်တွေကတော့

❕သံချေးတက်နေတာမျိုးကိုရှောင်ပါ
❕Diameter လျော့နေတာမျိုးကိုလည်းရှောင်သင့်ပါတယ်
❕Bending လုပ်တဲ့အခါ ကွဲနိုင်မဲ့အရည်အသွေးနိမ့် ပစ္စည်းတွေကိုရှောင်ပါ
❕Standard နဲ့မကိုက်ညီတဲ့ပစ္စည်းများကိုမရွေးချယ်မိအောင်သတိထားပါ

စျေးချိုတယ်ဆိုပြီး
အရည်အသွေးမကောင်းတဲ့ သံချောင်း သုံးလိုက်မိရင်
ရေရှည်အတွက် risk အရမ်းများပါတယ်ခင်ဗျာ။



ဆိုတော့
Deformed Bar ဆိုတာ
သံချောင်းလေးတစ်ချောင်းလို ထင်ရပေမယ့်
အဆောက်အဦးတစ်ခုလုံးရဲ့ အခြေကိုခိုင်အောင်
ထိန်းချုပ်ထားတဲ့ အရေးအကြီးဆုံး Material တစ်ခု ဆိုတာ ကွဲကွဲပြားပြားသိနိုင်ပါပြီဗျ။

ဒီ post လေးက လူတိုင်းသိထားသင့်တာမလို့ လိုတဲ့အခါတိုင်း ပြန်ဖတ်လို့ရအောင် Share ထားလိုက်ပါခင်ဗျ။အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။





🏗️ အဆောက်အဦးတည်ဆောက်ရာမှာအထူးလိုအပ်တဲ့ H Beam / I Beam တွေကို New Steel မှာ ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူနိုင်ပါပြီခင်ဗ...
14/12/2025

🏗️ အဆောက်အဦးတည်ဆောက်ရာမှာအထူးလိုအပ်တဲ့ H Beam / I Beam တွေကို New Steel မှာ ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူနိုင်ပါပြီခင်ဗျာ 🏗️

အဆောက်အဦးတစ်ခု ဆောက်လုပ်တဲ့အခါ
👉 ခိုင်ခံ့မှုရှိဖို့ရော၊ Load Bearing Capacity ကောင်းဖို့ရော၊ အရည်အသွေးမြင့်ပြီး ရေရှည်အတွက်အဆင်ပြေဖို့ရော အရေးကြီးဆုံးဖြစ်ပါတယ်ခင်ဗျ။
ဒါကြောင့် Construction, Factory, Warehouse, Bridge, Steel Structure အလုပ်များအတွက်
H Beam / I Beam ကို မဖြစ်မနေ အသုံးပြုလာကြပါတယ်။

🏗️ H Beam နဲ့ I Beam ကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုရင်…

🔹 နေရာအလိုက်တိုင်ထောင်တာမျိုး၊ Column အလုပ်မျိုးဆိုရင် → H Beam
🔹 Column နှစ်ခုကြား Beam အနေနဲ့ဆိုရင် → I Beam

မိတ်ဆွေတို့ Project Design, Load Requirement အပေါ်မူတည်ပြီးမှန်ကန်တဲ့ Beam ကို ရွေးချယ်ခြင်းကအဆောက်အဦး အတွက် ခိုင်ခံ့မှုအပိုင်းရော စနစ်ကျမှုအပိုင်းကိုပါမှန်ကန်စေမှာပါခင်ဗျာ။



👷🏻 New Steel မှာ ဝယ်ယူမယ်ဆိုရင် မိတ်ဆွေတို့အတွက်

✅ စစ်မှန်သော အရည်အသွေးမြင့် H Beam / I Beam များ
✅ Size အမျိုးမျိုး ရွေးချယ်နိုင်မှုတွေ
✅ Construction ကြီးများစွာကို သံပစ္စည်း Supply လုပ်နေတဲ့အတွက် အရည်အသွေးပိုင်းကိုရော ကုမ္ပဏီပိုင်းကိုပါ စိတ်ချရခြင်း
✅ စျေးနှုန်းမှန်ကန်မှုရှိခြင်း
✅ Project Requirement အလိုက် ကျွမ်းကျင်သောအရောင်းဝန်ထမ်းများရဲ့အကြံပေးမှုများရှိခြင်း
✅ဝယ်ယူသူမိတ်ဆွေတို့ လိုအပ်သလို Size ဖြတ်ပေးသော service များကိုပါ ရရှိမှာပါခင်ဗျာ။

New Steel မှာတော့
👉 ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ Steel item အပြည့်အစုံ ကို
တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။



📞 H Beam / I Beam စျေးနှုန်း၊ Size အသေးစိတ် သိလိုပါက
📩 Page Messenger မှာ ဆက်သွယ်နိုင်သလို
📲 09 787900016
ဒီ ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🏠Address:No. (203), Sin Tae Street, South Dagon Industrial Zone (3), Yangon.Myanmar.
🏗️Warehouse- No (533/12), Moe Gote Street, South Dagon Industrial Zone(1) Yangon Myanmar.







Address

No(227), Sin Tae Street, South Dagon Industrial Zone(1)
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959787900016

Alerts

Be the first to know and let us send you an email when New Steel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Steel:

Share