09/10/2021
⚠️ CONCRETE DECOR MYANMAR အမှတ်တံဆိပ် အမည်အမှတ်အသားနှင့်ပတ်သက်၍အများသိစေရန်ကြေ ညာခြင်း⚠️
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့ပိုင်းစက် မှုဇုန်၊ အမှတ်(၂)လမ်းနှင့် အင်းဝလမ်းထောင့်၊ အင်းဝလမ်းသွယ်၊ အမှတ်(၈၁)ရှိ CONCRETE DECOR MYANMAR COMPANY LIMITED, REG NO : 113579773 ၏လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။
အထက်တွင်ဖော်ပြထားသော အမှတ်တံဆိပ်အမည်နှင့် အမှတ်အသားအား ၂၀၁၈ခုနှစ်မှစ၍ ကုမ္ပဏီတည်ထောင်ကာ ကွန်ကရစ်နှင့်ပတ်သက်သော အိမ်ဆောက်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများအား ရန်ကုန်မြို့နှင့်
မန္တလေးမြို့တို့တွင် အရောင်းဆိုင်ခွဲများဖွင့်လှစ်၍ ကောင်းသတင်းဖြင့် မြန်မာတစ်ပြည်လုံးသို့ လက်လီလက်ကား ဖြန့်ချိရောင်းချလျက်ရှိပါသည်။
ထို့အပြင် Concrete Decor Myanmar (CDM)
အမှတ်တံဆိပ် အမည်နှင့်အမှတ်အသားကို ရန်ကုန်မြို့တော် စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် Reg No : 3373 ဖြင့်မှတ်ပုံတင်သွင်းပြီး ဖြစ်ပါသည် ။
အင်တာနက်ဖြင့်အသုံးပြုရသော ရုပ်သံမီဒီယာများနှင့် page, Instagram, Youtube နှင့် Internet စာမျက်နှာများ တွင်လည်း အထက်ဖော်ပြပါ အမှတ်တံဆိပ်နှင့် အမည်အမှတ်အသားကို အသုံးပြုဖော်ပြု၍ ရောင်းချလျက်ရှိပါသည်။
ယခုအခါ CONCRETE DECOR MYANMAR အမှတ်တံဆိပ်အမည်နှင့် အမှတ်အသားအား ဆင်တူယိုးမှား ထင်ယောင်ထင်မှား တုပသုံးစွဲကာ page အသုံးပြု ခြင်း CONCRETE DECOR MYANMAR မှပြုလုပ်ပြီးစီး ထားသော Project ဓါတ်ပုံများကို ကူးယူ အသုံးပြု၍ ရောင်းချကြော်ညာလာခြင်းတို့ကို တွေ့မြင်နေရပါသဖြင့် ဆက်လက်အသုံးမပြုရန် အသိပေးတားမြစ်အပ်ပါသည်။
အကယ်၍ တုပသုံးစွဲ နေသူများ ကူးယူသုံးစွဲနေသူများ သည် လိုက်နာခြင်းမရှိဘဲ ဆက်လက်သုံးစွဲနေမည်ဆိုပါက ဥပဒေနဲ့အညီ တရားစွဲဆို၍ နစ်နာကြေးငွေများ ထည့်သွင်းတောင်းဆိုသွားမည်ဖြစ်ကြောင်း အများသိစေရန်အသိပေးကြေ ညာအပ်ပါသည်။
CONCRETE DECOR MYANMAR COMPANY LIMITED လွှဲအပ်ညွှန်ကြားချက်အရ-
ဒေါ်ဝင်းမွန်မွန်သူ
(စဉ် - ၉၉၄၆)
ဦးကျော်မျိုးသူ
(စဉ် - ၁၁၃၅၃)
⚠️ Notice warning ⚠️
This is an announcement to inform the public about the trademark and name of our company CONCRETE DECOR MYANMAR
Location and Registration of CONCRETE DECOR MYANMAR COMPANY LIMITED -
Yangon Division, Eastern Dagon Industrial Zone, Corner of Number (2) Road & Inn Wa Street, Number 81, REG NO: 113579773
The statement below is made on behalf of CONCRETE DECOR MYANMAR COMPANY LIMITED, as requested by the organization.
The name and trademark of the organization mentioned above was officially registered starting from the year 2018. This company provides decorative concrete home improvement products and materials as a wholesales supplier, for customers in the city of Yangon and Mandalay, by establishing branches in the respective cities.
Moreover, the trademark and name of CONCRETE DECOR MYANMAR (CDM) has been registered with Reg No : 3373, at the Documents Registration Office of the City of Yangon.
The organization also uses the social media platforms, such as Facebook, Instagram, YouTube, and other media on the internet, with the trademark mentioned above, to sell and promote products.
An unofficial copycat page, imitating CONCRETE DECOR MYANMAR, have appeared on the social media. This page is deliberately attempting to imitate, by downloading and uploading photos of decorative concrete projects done by CDM Company, straight from the Facebook business page of CDM. All these illegal attempts are made, to promote and advertise the copycat page. A warning has been issued, to stop the attempt to imitate CONCRETE DECOR MYANMAR.
If the attempt to imitate CDM persists, regardless of the warnings issued, legal action will be taken in accordance with the law. Legal proceedings will also be issued, to compensate, for the disruption of a legally registered company.