Myanmar Power Tool Master

Myanmar Power Tool Master Focus All Professional Quality Hardware Tools

သစ်သားထောင့်တွေကို အတိအကျဖြတ်တောက်ဖို့ Hoteche Mitre Box & Back Saw Set လက်သမားလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ကိုယ...
17/03/2026

သစ်သားထောင့်တွေကို အတိအကျဖြတ်တောက်ဖို့ Hoteche Mitre Box & Back Saw Set

လက်သမားလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ကိုယ်တိုင် DIY လုပ်ဖို့ဖြစ်ဖြစ် သစ်သားတွေကို အချိုးကျကျ (45° / 90°) လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်မယ့် အရည်အသွေးမြင့် ထောင့်ဖြတ်လွှခုံနဲ့ ကျောတင်းလွှပဲဖြစ်ပါတယ်။

သေသပ်ကောင်းမွန်တဲ့ ပရိဘောဂပစ္စည်းတွေကို ဖန်တီးချင်လို့မှာယူလိုပါက 09774315794 ကို အခုပဲ ဆက်သွယ်လိုက်ပါ။

ပွတ်လုံးထိုးစက်နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် 8pcs Wood Turning Chisel Setလက်ရာမြောက်တဲ့ သစ်သားအနုပညာတွေ ဖန်တီးဖို့ဆိုရင် က...
16/03/2026

ပွတ်လုံးထိုးစက်နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် 8pcs Wood Turning Chisel Set

လက်ရာမြောက်တဲ့ သစ်သားအနုပညာတွေ ဖန်တီးဖို့ဆိုရင် ကိရိယာကောင်းကောင်းရှိဖို့ လိုပါတယ်..

သစ်သားပွတ်စက် (Wood Lathe) သုံးတဲ့ ဆရာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ HOTECHE 8pcs Wood Turning Chisel Set ရပါပြီ။ လိုအပ်တဲ့ ပုံစံ (၈) မျိုး အစုံပါဝင်လို့ အကြမ်းထည်ကနေ အနုစိတ်အထိ လွယ်ကူသက်သာစွာ ပုံဖော်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက Page Messenger နဲ့ 09774315794 ကို အခုပဲ ဆက်သွယ်လိုက်ပါ။

သပ်ရပ်သေသပ်တဲ့ ကြွေပြားခင်းကျင်းမှုတွေအတွက် Hoteche Tile Cutterကြွေပြားဖြတ်တဲ့အခါ အမှုန်အမွှားတွေထွက်လို့ စိတ်ညစ်နေရပြီလ...
15/03/2026

သပ်ရပ်သေသပ်တဲ့ ကြွေပြားခင်းကျင်းမှုတွေအတွက် Hoteche Tile Cutter

ကြွေပြားဖြတ်တဲ့အခါ အမှုန်အမွှားတွေထွက်လို့ စိတ်ညစ်နေရပြီလား? လိုချင်တဲ့ထောင့်ချိုးကို တိတိကျကျ ဖြတ်ချင်တာလား? ဒါဆိုရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Hoteche Tile Cutter လာပါပြီ။

Hoteche ရဲ့ Tile Cutter မှာ ဘာတွေပါဝင်ပြီး ဘယ်လိုအားသာချက်တွေ ရှိလဲဆိုရင် -

📐 (၄၅) ဒီဂရီအထိ စောင်းဖြတ်နိုင်ခြင်း
ကြွေပြားတွေကို မိမိလိုချင်တဲ့ ဒီဂရီ အတိအကျရအောင် ၄၅ ဒီဂရီအထိ လိုသလို စောင်းဖြတ်နိုင်ပါတယ်။

💧 ရေပါတာကြောင့် အမှုန်မထွက်ခြင်း
အောက်ခံရေခွက် ပါဝင်တဲ့အတွက် ကြွေပြားဖြတ်တဲ့အခါ ဖုန်ထခြင်း၊ အမှုန်အမွှားထွက်ခြင်းတွေကို လုံးဝ(လုံးဝ) ကာကွယ်ပေးနိုင်လို့ ကျန်းမာရေးအတွက်လည်း စိတ်ချရပါတယ်။

⚙️ ထက်မြက်သော အသွားပါရှိခြင်း
အရည်အသွေးမြင့်ပြီး အလွန်ထက်မြက်တဲ့ ဖြတ်စက်အသွား ပါဝင်တာကြောင့် ကြွေပြားတွေကို အက်ကွဲခြင်းမရှိဘဲ ညီညာလှပစွာ ဖြတ်တောက်ပေးနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ အချိန်ကုန်သက်သာပြီး လက်ရာသေသပ်ဖို့ဆိုရင် Hoteche ရဲ့ Tile Cutter ကိုသာ ရွေးချယ်လိုက်ပါ။

အသေးစိတ် သိရှိလိုပါက page messenger ကနေဖြစ်စေ၊ ဖုန်းနံပါတ် 09774315794 ကိုဖြစ်စေ တိုက်ရိုက် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းဖို့ ဘာတွေဝတ်ဆင်သင့်လဲ? လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဟာ အလုပ်သမားတွေအတွက်သာမက လုပ်ငန်...
13/03/2026

လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းဖို့ ဘာတွေဝတ်ဆင်သင့်လဲ?

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဟာ အလုပ်သမားတွေအတွက်သာမက လုပ်ငန်းရှင်တွေအတွက်ပါ လျစ်လျူရှုထားလို့မရတဲ့ အဓိကအချက်ဖြစ်ပါတယ်။ဒါဆို ထိခိုက်ဒဏ်ရာရမှုတွေကို အများဆုံးလျော့ချပေးနိုင်ဖို့ ဘယ်လို လုပ်ဆောင်သင့်လဲ?

ဘေးအန္တရာယ်ကာကွယ်ရေး ဝတ်စုံတွေကို ဝတ်ထားသင့်ပါတယ်။

◾ ဦးထုပ် : အထက်ကနေ ပြုတ်ကျလာနိုင်တဲ့ ပစ္စည်းတွေ၊ ခေါင်းနဲ့ ဝင်တိုက်မိနိုင်တဲ့ အရာတွေကနေ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ စံချိန်မီ ကြံ့ခိုင်တဲ့ ဦးထုပ်မျိုးဖြစ်ဖို့ လိုပါတယ်။

◾ဖိနပ်: သံစူးတာ၊ လေးလံတဲ့ စက်ပစ္စည်းတွေ ခြေထောက်ပေါ် ပြုတ်ကျတာတွေကနေ ကာကွယ်ဖို့ Steel-toe (ရှေ့သံပြားခံ) ပါတဲ့ ဖိနပ်မျိုးကို မဖြစ်မနေ ရွေးချယ်စီးသင့်ပါတယ်။

◾လက်အိတ် : လုပ်ငန်းခွင်သဘာဝပေါ်မူတည်ပြီး ထိခိုက်ရှနာ၊ ဓာတုပစ္စည်းနဲ့ လျှပ်စစ်အန္တရာယ်တွေကို ကာကွယ်ပေးမယ့် သင့်တော်တဲ့ လက်အိတ် (ဥပမာ - သားရေ၊ ရာဘာ) ကို ဝတ်ဆင်ရပါမယ်။

◾မျက်မှန် : ဖုန်မှုန့်တွေ၊ လွှစာမှုန့်၊ သံဖြတ်စတွေနဲ့ ဓာတုအရည်တွေ မျက်စိထဲ မဝင်ရောက်အောင် ကာကွယ်ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

◾အလင်းပြန်အင်္ကျီ : အလင်းရောင်နည်းတဲ့ နေရာတွေ၊ ညဘက်အလုပ်လုပ်ရတဲ့ အချိန်တွေမှာ ယာဉ်အန္တရာယ်နဲ့ တခြားထိခိုက်မှုတွေကနေ ကင်းဝေးအောင် တခြားသူတွေ အလွယ်တကူ မြင်နိုင်ဖို့ ဝတ်ဆင်ရပါမယ်။

◾နားကြပ် : အသံဆူညံတဲ့ စက်ယန္တရားတွေအနီးမှာ အလုပ်လုပ်ရရင် ရေရှည်မှာ နားအကြားအာရုံ မထိခိုက်အောင် တပ်ဆင်ထားသင့်ပါတယ်။

အရည်အသွေးမပြည့်မီတဲ့ အသုံးအဆောင်တွေက အန္တရာယ်ကို ပိုဖိတ်ခေါ်နိုင်တဲ့အတွက် အကြမ်းခံပြီး စိတ်ချရတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်သုံးစွဲဖို့ တိုက်တွန်းပါရစေ။

လုပ်ငန်းခွင်သုံး ယုံကြည်စိတ်ချရတဲ့ စက်ပစ္စည်းတွေနဲ့ Hardware Tool မျိုးစုံကို လက်ကားစျေး၊ အထူးစျေးနှုန်းတွေနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ အခုပဲ 09774315794 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

# PPE

Clamp multimeter နဲ့ ရိုးရိုး Multimeter ဘာကွာခြားချက်ရှိလဲ?  လျှပ်စစ်အလုပ် လုပ်တဲ့အခါတိုင်း မရှိမဖြစ်တဲ့ Multimeter တွေ...
12/03/2026

Clamp multimeter နဲ့ ရိုးရိုး Multimeter ဘာကွာခြားချက်ရှိလဲ?


လျှပ်စစ်အလုပ် လုပ်တဲ့အခါတိုင်း မရှိမဖြစ်တဲ့ Multimeter တွေထဲမှာ ဒီနှစ်မျိုးက ဘာကွာလဲဆိုတာ အတိုချုပ်လေး မျှဝေပေးချင်ပါတယ်။

🔻ရိုးရိုး Multimeter
Voltage, Resistance နဲ့ သေးငယ်တဲ့ Current တွေကို တိတိကျကျ တိုင်းချင်တဲ့ အီလက်ထရောနစ်သမားတွေ၊ အိမ်သုံးနဲ့ ဘုတ်ပြင်သမားတွေအတွက် အကိုက်ဆုံးပါ။

🔻Clamp Multimeter
ဝိုင်ယာကြိုးကို ဖြတ်တောက်စရာမလိုဘဲ အပြင်ကနေ ညှပ်ပြီး (Clamp) တိုင်းရုံနဲ့ High Current တွေကို အလွယ်တကူနဲ့ ဘေးကင်းကင်း တိုင်းနိုင်ပါတယ်။ စက်ရုံသုံး မော်တာတွေနဲ့ လျှပ်စစ်လိုင်းကြီးတွေ ကိုင်တွယ်ရတဲ့ ဆရာတွေအတွက် မရှိမဖြစ်ပါ။

အသေးစိတ်နဲ့ တိကျမှုအတွက် ရိုးရိုးကိုသုံးပြီး၊ High current ကို ဘေးကင်းမြန်ဆန်စွာ တိုင်းဖို့ဆိုရင် Clamp Meter ကို သုံးတာ အကောင်းဆုံးပါပဲ။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင် လိုအပ်ချက်တိုင်းအတွက် တိကျမှန်ကန်ပြီး Quality စိတ်ချရတဲ့ Hoteche Brand Multimeter တွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါပြီ။

Miter Saw တစ်လုံးကို နှစ်ပေါင်းများစွာ အသစ်အတိုင်း သုံးနိုင်မယ့် လျှို့ဝှက်ချက် (၃) ချက်စျေးကြီးပေးဝယ်ထားရတဲ့ လူကြီးမင်း...
11/03/2026

Miter Saw တစ်လုံးကို နှစ်ပေါင်းများစွာ အသစ်အတိုင်း သုံးနိုင်မယ့် လျှို့ဝှက်ချက် (၃) ချက်

စျေးကြီးပေးဝယ်ထားရတဲ့ လူကြီးမင်းတို့ရဲ့ Miter Saw ကို ခဏခဏ ပျက်လို့ စိတ်မညစ်ရအောင် ဒါလေးတွေတော့ မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်...

◾ တန်းမဖြတ်ပါနဲ့ဦး -
ခလုတ်နှိပ်ပြီးတာနဲ့ သစ်သားကို အတင်းဖိမချပါနဲ့။ လွှသွား (Blade) အရှိန်အပြည့် (Full Speed) ရပြီဆိုမှ ဖြည်းဖြည်းချင်း ဖိဖြတ်ပါ။ ဒါမှ မော်တာ ဝန်မပိဘဲ အနားသတ်တွေ Smooth ဖြစ်မှာပါ။

◾ အမှုန်အမွှားတွေကို ဂရုစိုက်ပါ။
အလုပ်သိမ်းတိုင်း Blower နဲ့ လွှစာမှုန့်တွေကို သေချာမှုတ်ထုတ်ပါ။ အထူးသဖြင့် မော်တာ လေဝင်ပေါက်မှာ ဖုန်ပိတ်ရင် စက်မြန်မြန်ပူပြီး လောင်တတ်လို့ပါ။

◾ တိကျမှုကို Lock ချပါ
၄2၅ ဒီဂရီ၊ ၉၀ ဒီဂရီ ဖြတ်တဲ့အခါ Lock ခလုတ်ကို သေချာကျပ်ပါ၊ Clamp (ညှပ်ခလုတ်) ကို အမြဲသုံးပါ။ စက်မတုန်မှ လက်ရာက ကွက်တိထွက်မှာပါ။

ဒီအချက် (၃) ချက်ကိုသာ ဂရုစိုက်ရင် လူကြီးမင်းတို့ရဲ့ Miter Saw က အသစ်အတိုင်း အမြဲဒေါင်ဒေါင်မည်နေမှာ သေချာပါတယ်။

လူကြီးမင်းတို့ရော Miter Saw သုံးတဲ့အခါ ဘယ်လို အခက်အခဲလေးတွေ အဖြစ်များလဲ? Comment မှာ ဖြေပေးသွားပါဦး။

Drill တစ်ခုကို ဘယ်လိုမျိုး စနစ်တကျ အသုံးပြုမလဲ?Drill တစ်ခုကို စနစ်တကျ အသုံးပြုတတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ အချိန်ကုန်...
20/02/2026

Drill တစ်ခုကို ဘယ်လိုမျိုး စနစ်တကျ အသုံးပြုမလဲ?

Drill တစ်ခုကို စနစ်တကျ အသုံးပြုတတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ အချိန်ကုန်သက်သာပြီး ပစ္စည်းတာရှည် အသုံးခံဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်ရှင့်..

1️⃣ အလုပ်နဲ့လိုက်ဖက်တဲ့ Bit (လွန်ပူခေါင်း) ကိုရွေးပါ
နံရံဖောက်မှာလား၊ သစ်သားလား၊ သံလား? အမျိုးအစားမှန်မှ Drill ရဲ့ Motor ကို မထိခိုက်မှာ ဖြစ်သလို အပေါက်ကလည်း လှလှပပ ထွက်မှာပါ။
2️⃣ Safety Gear အမြဲသုံးပါ
"ခဏလေးပဲ" ဆိုပြီး မပေါ့ဆပါနဲ့။ ဖုန်မှုန့်နဲ့ အစအနတွေရန်က ကာကွယ်ဖို့ Safety မျက်မှန်ကို အမြဲတပ်ဆင်ပါ။
3️⃣ ကိုင်တွယ်ပုံ မှန်ပါစေ
လက်နှစ်ဖက်နဲ့ ခိုင်ခိုင်ကိုင်ပါ။ Drill ကို အားနဲ့ အတင်းဖိမချပါနဲ့။ Drill ရဲ့ လည်ပတ်နှုန်းကိုပဲ အလုပ်လုပ်ခွင့်ပေးပြီး ကိုယ်က လမ်းကြောင်းတည့်အောင်ပဲ ထိန်းပေးပါ။
4️⃣ အနက်ကို တိပ် (Tape) နဲ့ မှတ်ပါ
နံရံကို လိုတာထက် ပိုမဖောက်မိအောင် လွန်ပူခေါင်းမှာ လိုချင်တဲ့ အနက်အတိုင်း တိပ်လေးပတ်ပြီး အမှတ်အသားလုပ်ပါ။
5️⃣ အပူကို သတိထားပါ
ဖောက်ပြီးပြီးချင်း လွန်ပူခေါင်းကို လက်နဲ့ တန်းမကိုင်ပါနဲ့။ ပွတ်တိုက်မှုကြောင့် အရမ်းပူနေတတ်လို့ ခဏစောင့်ပြီးမှ ဖြုတ်ပါ။
Professional သုံး Tool တွေကို အသုံးပြုပြီး အလုပ်ပိုတွင်ချင်ရင်တော့ ယုံကြည်စိတ်ချရတဲ့ Hoteche Drill မျိုးစုံကို Hoteche Myanmar မှာ အခုပဲ မေးမြန်းဝယ်ယူနိုင်ပါပြီ။

အမှတ် (၂၇၆)၊ရွှေမြင့်မိုရ်ပတ်လမ်း၊ရွှေလင်ဗန်းစက်မှုဇုန်၊လှိုင်သာယာ၊ရန်ကုန်။
📞 09255692511

ကြိုးနဲ့သုံးတဲ့စက်တွေ ဘာလို့ မော်တာလောင်ရသလဲ?Battery နဲ့မဟုတ်ပဲ ကြိုးနဲ့သုံးတဲ့စက်တွေ မော်တာလောင်ရတဲ့ အဓိကတရားခံက စက်မကေ...
18/02/2026

ကြိုးနဲ့သုံးတဲ့စက်တွေ ဘာလို့ မော်တာလောင်ရသလဲ?

Battery နဲ့မဟုတ်ပဲ ကြိုးနဲ့သုံးတဲ့စက်တွေ မော်တာလောင်ရတဲ့ အဓိကတရားခံက စက်မကောင်းလို့မဟုတ်ဘဲ "မီးကြိုး" ကြောင့် ဖြစ်ဖို့ ၉၀% လောက်သေချာပါတယ်။

ဘာတွေကြောင့်လဲဆိုရင် -

၁။ မီးကြိုးကို အကုန်မဆန့်ထုတ်ခြင်း: ကြိုးကို အခွေလိုက်ထားသုံးရင် အပူတက်ပြီး စက်ဆီကို မီးအားအပြည့်မရောက်တော့လို့ မော်တာကို ပူလာစေပါတယ်။

၂။ မီးကြိုးအရှည်ကြီးတွေ သုံးခြင်း: ကြိုးရှည်လေလေ မီးအား (Voltage) ကျလေလေဖြစ်လို့ မော်တာကို အားစိုက်ရုန်းစေပြီး လောင်သွားတတ်ပါတယ်။

၃။ အူတိုင်သေးတဲ့ ကြိုးကိုသုံးခြင်း: စက်ရဲ့ အားစားမှုကို မနိုင်တဲ့ မီးကြိုးအသေးလေးတွေ သုံးမိတဲ့အတွက် စက်ကို ထိခိုက်စေပါတယ်။

ထို့ကြောင့် ကြိုးနဲ့သုံးတဲ့စက်တွေကို သုံးရင် ကြိုးကို အဆုံးထိ ဆန့်ထုတ်ပါ၊ အူတိုင်တုတ်တဲ့ မီးကြိုးကောင်းကောင်း ကိုပဲ ရွေးသုံးပေးပါ။

အမှတ် (၂၇၆)၊ရွှေမြင့်မိုရ်ပတ်လမ်း၊ရွှေလင်ဗန်းစက်မှုဇုန်၊လှိုင်သာယာ၊ရန်ကုန်။
📞 09255692511

တန်ဖိုးကြီးပေးဝယ်ထားရတဲ့ စက်ပစ္စည်းတွေ ကြာရှည်ခံဖို့ဆိုရင် ဒီ (၅) ချက်ကိုပဲ ဂရုစိုက်လုပ်‌‌ေဆာင်ပါ -1️⃣ ဖုန်မှုတ်ပါ: အလုပ...
17/02/2026

တန်ဖိုးကြီးပေးဝယ်ထားရတဲ့ စက်ပစ္စည်းတွေ ကြာရှည်ခံ
ဖို့ဆိုရင် ဒီ (၅) ချက်ကိုပဲ ဂရုစိုက်လုပ်‌‌ေဆာင်ပါ -

1️⃣ ဖုန်မှုတ်ပါ: အလုပ်ပြီးတိုင်း လေဝင်လေထွက်ပေါက်တွေကို Blower နဲ့ မှုတ်ထုတ်ပါ။ (Motor ပူတာ သက်သာစေတယ်)

2️⃣ Carbon Brush စစ်ပါ: စက်နှိုးရတာ ခက်နေရင် ဒါကို အရင်စစ်ပါ။ ကုန်နေရင် ချက်ချင်းလဲပါ။

3️⃣ ချောဆီထည့်ပါ: လှုပ်ရှားနေတဲ့ Gear တွေကို ချောမွေ့နေအောင် အမဲဆီ/ချောဆီ ပုံမှန်ထည့်ပါ။

4️⃣ ခြောက်သွေ့အောင်ထားပါ: သံချေးမတက်အောင် Tool Box ထဲမှာ စနစ်တကျ သိမ်းပါ။

5️⃣ အသွားတွေကို ထက်နေပါစေ: တုံးနေတဲ့ အသွားနဲ့ အတင်းဖိမသုံးပါနဲ့၊ စက်အပူလွန်စေပါတယ်။

Hoteche သုံးစွဲသူ ဆရာကြီးတို့ရော... စက်တွေကို ဘယ်လို ထိန်းသိမ်းလေ့ရှိလဲ? နည်းလမ်းကောင်းလေးတွေ ရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦး!

အမှတ် (၂၇၆)၊ရွှေမြင့်မိုရ်ပတ်လမ်း၊ရွှေလင်ဗန်းစက်မှုဇုန်၊လှိုင်သာယာ၊ရန်ကုန်။
📞 09255692511

Grinder သုံးရင် သတိထားရမယ့် အချက် (၃) ချက် ⚠️ကျွမ်းကျင်တဲ့ ဆရာကြီးတွေတောင် မတော်တဆဖြစ်တတ်တဲ့ ဒီအချက်‌လေးတွေကို သတိထားမိက...
16/02/2026

Grinder သုံးရင် သတိထားရမယ့် အချက် (၃) ချက် ⚠️

ကျွမ်းကျင်တဲ့ ဆရာကြီးတွေတောင် မတော်တဆဖြစ်တတ်တဲ့ ဒီအချက်‌လေးတွေကို သတိထားမိကြလား?

Grinder သုံးတဲ့အခါ ဒါလေးတွေ ရှောင်ပေးပါ -
1️⃣ အကာ (Guard) ဖြုတ်သုံးခြင်း: အလုပ်ရှုပ်လို့ဆိုပြီး Guard ကို ဖြုတ်မသုံးပါနဲ့။ မတော်တဆ Disc ကွဲထွက်ရင် ကိုယ့်ကို အကာအကွယ်ပေးမယ့် တစ်ခုတည်းသော အရာက guard ပါ။
2️⃣ Disc အမှားရွေးခြင်း: သံဖြတ်ချင်တာလား၊ ကျောက်ဖြတ်ချင်တာလား? ပစ္စည်းနဲ့ Disc မကိုက်ရင် စက်ကို ဝန်ပိစေပြီး အန္တရာယ်များပါတယ်။ Disc အမျိုးအစားတွေကိုလည်း အမှန်ကန်ဆုံး ရွေးပါ။
3️⃣ စက်ကို အတင်းဖိခြင်း: စက်ရဲ့ အရှိန် (RPM) နဲ့တင် ဖြတ်ရမှာပါ။ အတင်းဖိပြီး ဖြတ်တာက Disc ကွဲတာနဲ့ စက်အပူလွန်တာကို ဖြစ်စေပါတယ်။
"ဘေးကင်းမှ အလုပ်ပိုတွင်မှာပါ" 👷‍♂️
ကိုယ့်ရဲ့ လုပ်ငန်းခွင် ဘေးကင်းဖို့အတွက် ဒီ Post လေးကို Save ထားဖို့ မမေ့နဲ့နော်!

အမှတ် (၂၇၆)၊ရွှေမြင့်မိုရ်ပတ်လမ်း၊ရွှေလင်ဗန်းစက်မှုဇုန်၊လှိုင်သာယာ၊ရန်ကုန်။
📞 09255692511

ဘက်ထရီသုံးနဲ့ (Cordless) vs ကြိုးနဲ့သုံး (Corded)  ဘယ်ဟာ ပိုကောင်းလဲ? အဖြေကတော့ တိတိကျကျ မရှိပေမယ့် အားသာချက်ကိုယ်စီ‌ေတာ...
15/02/2026

ဘက်ထရီသုံးနဲ့ (Cordless) vs ကြိုးနဲ့သုံး (Corded) ဘယ်ဟာ ပိုကောင်းလဲ?

အဖြေကတော့ တိတိကျကျ မရှိပေမယ့် အားသာချက်ကိုယ်စီ‌ေတာ့ရှိကြပါတယ်..

၁။ Cordless (ဘက်ထရီသုံး) 🔋
✅ အားသာချက်: ကြိုးရှုပ်တာမရှိဘူး၊ ပေါ့ပါးတယ်၊ လျှပ်စစ်မီးမရှိတဲ့နေရာ ဒါမှမဟုတ် လှေကားပေါ်တက်လုပ်ရတဲ့အလုပ်တွေအတွက် အဆင်ပြေဆုံး။
❌ အားနည်းချက်: ဘက်ထရီအားကုန်ရင် အားပြန်သွင်းရမယ် (သို့) အပိုဘက်ထရီလိုမယ်။
၂။ Corded (ကြိုးနဲ့သုံး) 🔌
✅ အားသာချက်: အားအမြဲအပြည့်ရှိနေမယ်၊ နံရံထူထူတွေ တစ်နေ့ကုန်ဖောက်ရမယ့် Heavy Duty အလုပ်တွေအတွက် ပိုစိတ်ချရတယ်။
❌ အားနည်းချက်: မီးပလပ်ပေါက်နားမှာပဲ သုံးလို့ရမယ်၊ ကြိုးရှည်ကြီးတွေ သယ်ရမယ်။

အကြံပြုချက်: တစ်ခါတစ်ရံအိမ်ပြုပြင်ရေးအတွက်ဆိုရင် Cordless က ပိုသွက်လက်ပြီး၊ နေ့တိုင်း အလုပ်ကြမ်းလုပ်မယ့်သူဆိုရင်တော့ Corded က ပိုအဆင်ပြေပါတယ်။
"လူကြီးမင်းတို့ကရော ဘယ်လို အလုပ်မျိုးတွေအတွက် သုံးမှာလဲ? လိုအပ်တဲ့ အမျိုးအစားကို Message ကနေ အသေးစိတ် လာမေးလို့ ရပါတယ်ခင်ဗျာ။" 👷‍♂️

အမှတ် (၂၇၆)၊ရွှေမြင့်မိုရ်ပတ်လမ်း၊ရွှေလင်ဗန်းစက်မှုဇုန်၊လှိုင်သာယာ၊ရန်ကုန်။
📞 09255692511

မီးပျက်လည်းစိတ်ကြိုက်မှုတ်နိုင်မယ့်20V Lithium Cordless Spray Gun ..
30/03/2024

မီးပျက်လည်းစိတ်ကြိုက်မှုတ်နိုင်မယ့်
20V Lithium Cordless Spray Gun ..

Address

Hlaing Thar Yar, Shwe Myint Mo Street, Shwe Lin Pan Instruction
Yangon
11401

Telephone

+959255692551

Website

Alerts

Be the first to know and let us send you an email when Myanmar Power Tool Master posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Power Tool Master:

Share