အိမ်ကြီးရှင်

အိမ်ကြီးရှင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အိမ်ကြီးရှင်, Building Material Store, No (269), Bo Hmu Ba Htoo Road, 5 Quarter, East Dagon Township, Yangon.

❤ကရင်နှစ်သစ်ကူး  ❤{ 11.1.2024 } ကြာသပတေးနေ့ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်        "'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည...
11/01/2024

❤ကရင်နှစ်သစ်ကူး ❤

{ 11.1.2024 } ကြာသပတေးနေ့

ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်

"'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။

💥ယနေ့မှာကျရောက်သောကရင်နှစ်သစ်ကူးနေ့လေးမှာ ကရင်တိုင်းရင်းသားများ နှင့် တကွ
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး
ကျန်းမာ ချမ်းသာ၊ စီးပွားဥစ္စာများ တိုးတက်၍​ ရောဂါ ကပ်ဆိုးအပေါင်းမှ ကင်းလွှတ်ပြီး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော
နှစ်သစ် ဖြစ်ပါစေကြောင်း အိမ်ကြီးရှင် မိသားစုမှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ 🙏🙏🙏

“အပူဒဏ်ကနေ အပြည့်အဝကာကွယ်ပေးပြီး 15 Years Guaranteeပါရှိတဲ့ 𝐓𝐑𝐈 𝐏𝐄 𝐖𝐚𝐭𝐞𝐫 𝐓𝐚𝐧𝐤 (𝐔𝐕 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞)"💦 နွေ၊ မိုး၊ ဆောင်းဥတုသုံး...
29/12/2023

“အပူဒဏ်ကနေ အပြည့်အဝကာကွယ်ပေးပြီး 15 Years Guaranteeပါရှိတဲ့ 𝐓𝐑𝐈 𝐏𝐄 𝐖𝐚𝐭𝐞𝐫 𝐓𝐚𝐧𝐤 (𝐔𝐕 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞)"

💦 နွေ၊ မိုး၊ ဆောင်းဥတုသုံးပါးမရွေး ရေပူပူတွေ သုံးဖို့ မလိုတော့ဘူးနော်။ 💦

အရည်အသွေးကောင်း အကြမ်းခံတဲ့ Polyethylene (PE) အဆင့်မြင့်ပလတ်စတစ်သားနဲ့ Three Layers စနစ်ကို အသုံးပြုထုတ်လုပ်ထားပြီး အပူဒဏ်ကနေလည်း ကာကွယ်မှုပေးနိုင်တဲ့ TRI PE Water Tank (UV Resistance)ကို ကျွန်တော်တို့ရဲ့ “အိမ်ကြီးရှင်”မှာ အားပေးနိုင်ပါပြီခင်ဗျာ။

TRI Water Tankရဲ့ အားသာချက်တွေက….
💦 ရေညှိမတက်ခြင်း။
💦 ထုံးချိုးမကပ်ခြင်း။
💦 သံချေးမတက်ခြင်း။
💦 ကျန်းမာရေးအထောက်အကူပြု ကုန်ကြမ်းများပါဝင်တဲ့အတွက် Bacteria အန္တရာယ်ကနေလည်း ကင်းဝေးစေခြင်း။
💦 Non-Toxic, Food Grade Systemနဲ့ ထုတ်လုပ်ထားတဲ့အတွက် သောက်သုံးရေနဲ့ ဓာတ်ပြုပြီး အဆိပ်အတောက်များ လုံးဝ(လုံးဝ) မဖြစ်ပေါ်ခြင်း။
💦 UV Resistance ပါဝင်ခြင်း။

👉အရောင်အနေနဲ့လည်း ရွေးချယ်စရာ (၂)မျိုးရှိတယ်နော်။
💦 ခဲရောင်(မီးခိုးရောင်)။
💦 လက်ဖက်စိမ်းရောင်။

👉အရွယ်အစား (၄)မျိုးရှိလို့ နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။
💦 550Liter (110 Gal)
💦 1000Liter (200 Gal)
💦 1500Liter (300 Gal)
💦 2000Liter (400 Gal)

အရည်အသွေးအထူးစိတ်ချရတဲ့အပြင် အပူဒဏ်ကိုတားဆီးပေးပြီး 15 Years Guaranteeလည်း ပါရှိတဲ့ TRI PE Water Tank (UV Resistance)ကို ရွေးချယ်သုံးစွဲဖို့ တိုက်တွန်းလိုက်တယ်နော်။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်”ကို သတိရလိုက်ပါနော်။**

🏠 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📲 09940040071 / 09940040072

#အိမ်ကြီးရှင်
#အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေးပစ္စည်း

💦“ရာသီဥတုဒဏ်ခံနိုင်ပြီး အရည်အသွေးစိတ်ချရတဲ့ 𝐆𝐨𝐥𝐝 𝐅𝐢𝐛𝐞𝐫𝐠𝐥𝐚𝐬𝐬”💦မင်္ဂလာပါခင်ဗျာ …နေဒဏ်၊ လေဒဏ်အကြမ်းခံ၊ အရည်အသွေးကောင်းမွန်ပ...
27/12/2023

💦“ရာသီဥတုဒဏ်ခံနိုင်ပြီး အရည်အသွေးစိတ်ချရတဲ့ 𝐆𝐨𝐥𝐝 𝐅𝐢𝐛𝐞𝐫𝐠𝐥𝐚𝐬𝐬”💦

မင်္ဂလာပါခင်ဗျာ …
နေဒဏ်၊ လေဒဏ်အကြမ်းခံ၊ အရည်အသွေးကောင်းမွန်ပြီး တိုင်ကီသက်တမ်း နှစ်(၃၀)အာမခံတဲ့ “Gold Fiberglass” ဖိုက်ဘာတိုင်ကီ အရွယ်အစားမျိုးစုံကို ကျွန်တော်တို့ရဲ့ “အိမ်ကြီးရှင်”မှာ ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာ။

Gold Fiberglass တိုင်ကီတွေဟာဆိုရင် …
💦 FDA အသိအမှတ်ပြုလက်မှတ်ရရှိထားခြင်း။
💦 သက်တမ်းပြည့်မီတဲ့ Thailand ကုန်ကြမ်းကိုသာ အသုံးပြုထားခြင်း။
💦 နှစ် (၃၀)အာမခံချက် ရှိခြင်း။
💦 ရေညှိမတက်ခြင်း။
💦 အပူဒဏ်ကို ကောင်းစွာခံနိုင်ခြင်း။
💦 စိုစွတ်မှုကို ကောင်းစွာထိန်းသိမ်းပေးနိုင်ခြင်း။
💦 အချိန်ကြာမြင့်လာတဲ့အခါ အရောင်လွင့်ခြင်း၊ ကျုံ့ခြင်း၊ ကွဲအက်ခြင်း၊ ကျွတ်ဆက်ပေါက်ထွက်ခြင်း၊ ခုံးခြင်းတို့ မဖြစ်ပေါ်စေတဲ့အတွက် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမှာ ဖြစ်ပါတယ်။

အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ Gold ရွှေအမှတ်တံဆိပ် ဖိုက်ဘာရေတိုင်ကီ အရွယ်အစားမျိုးစုံကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ဖို့ “အိမ်ကြီးရှင်”ကို လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို ဈေးမှန်၊ ပစ္စည်းမှန်နဲ့ တစ်နေရာတည်းမှာပဲ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်” ကို သတိရလိုက်ပါနော်။**

🏠 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📲 09940040071 / 09940040072

#အိမ်ကြီးရှင်
#အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေးပစ္စည်း

#ဖိုက်ဘာရေတိုင်ကီ

💦“အရည်အသွေးမှန် အကြမ်းခံတဲ့ "𝐒𝐭𝐞𝐞𝐥 𝐓𝐚𝐧𝐤"တွေကို အသက်သာဆုံး‌ဈေးနှုန်းနဲ့ "အိမ်ကြီးရှင်"မှာ ဝယ်ယူပါ”💦မင်္ဂလာပါခင်ဗျာ…ရာသီမရ...
26/12/2023

💦“အရည်အသွေးမှန် အကြမ်းခံတဲ့ "𝐒𝐭𝐞𝐞𝐥 𝐓𝐚𝐧𝐤"တွေကို အသက်သာဆုံး‌ဈေးနှုန်းနဲ့ "အိမ်ကြီးရှင်"မှာ ဝယ်ယူပါ”💦

မင်္ဂလာပါခင်ဗျာ…
ရာသီမရွေး အကြမ်းခံပြီး အရည်အသွေးအထူးစိတ်ချရတဲ့ “Steel Tank”တွေကို ကျွန်တော်တို့ရဲ့ “အိမ်ကြီးရှင်”မှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ခင်ဗျာ။

ယခုလက်ရှိ ရောင်းချပေးနေတဲ့ Steel Tank တွေကတော့…
💦 GSS Steel Water Tank
💦 SONHA Steel Tank
💦 Super Star Steel Tank တို့ပဲ ဖြစ်ပါတယ်။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်”ကို သတိရလိုက်ပါနော်။**

🏠 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📲 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း

💦“ကျန်းမာရေးနဲ့ညီညွတ်ပြီး စမတ်ကျစေဖို့ 𝐒𝐔𝐏𝐄𝐑 𝐓𝐀𝐍𝐊ကို သုံးကြစို့”💦မင်္ဂလာပါခင်ဗျာ…ဥတုသုံးပါးမရွေး အကြမ်းခံ ခိုင်ခံ့ပြီး အ...
21/12/2023

💦“ကျန်းမာရေးနဲ့ညီညွတ်ပြီး စမတ်ကျစေဖို့ 𝐒𝐔𝐏𝐄𝐑 𝐓𝐀𝐍𝐊ကို သုံးကြစို့”💦

မင်္ဂလာပါခင်ဗျာ…
ဥတုသုံးပါးမရွေး အကြမ်းခံ ခိုင်ခံ့ပြီး အရည်အသွေးစိတ်ချရတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ SUPER TANK (PE ရေသိုလှောင်ကန်)များကို ကျွန်တော်တို့ရဲ့ “အိမ်ကြီးရှင်”မှာ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ခင်ဗျာ။

Super Tank (PE ရေသိုလှောင်ကန်)ရဲ့ အားသာချက်တွေကတော့ …
💦 ခိုင်ခံ့၍အကြမ်းခံပြီး ရေယိုစိမ့်မှုမရှိစေရန် တစ်သားတည်း ထုတ်လုပ်ထားခြင်း။
💦 နိုင်ငံတကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ အသိအမှတ်ပြု လက်ခံသည့် ကျန်းမာရေးနှင့် ဘေးဥပါဒ်မဖြစ်စေနိုင်သော ကုန်ကြမ်းများ အသုံးပြုထားခြင်း။
💦 ထုံးဓာတ်၊ သံဓာတ်အများဆုံး ပါဝင်သောရေများ သိုလှောင်ရာတွင် ထုံးချိုးကပ်ခြင်းနှင့် ပေါက်ပြဲမှုမရှိဘဲ ကြာရှည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း။
💦 ဘက်တီးရီးယားများအား ချေဖျက်ပေးနိုင်ခြင်း။
💦 နေရောင်ခြည်ဒဏ်ခံနိုင်မှုအဆင့်မြင့်မားသဖြင့် ပြင်ပနေအပူချိန်အောက်၌ အရောင်နှင့် ရေအရည်အသွေး ပြောင်းလဲမှုမရှိဘဲ နှစ်ကြာရှည်စွာ အသုံးပြုနိုင်ခြင်း။
💦 လျှပ်ကာစေနိုင်သော ဂုဏ်သတ္တိများ ပါဝင်ခြင်း။
💦 ပေါ့ပါး၍ အကြမ်းခံသဖြင့် သယ်ယူခြင်း၊ တင်/ချပြုလုပ်ခြင်း၊ တပ်ဆင်ခြင်းပြုလုပ်ရာ၌ လွယ်ကူလျင်မြန်ခြင်း။
💦 ကုန်ပစ္စည်းအရည်အသွေးအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားခြင်း။

ရရှိနိုင်တဲ့အရွယ်အစားတွေကတော့…
💦 Vertical Tank – (550, 1000, 2000, 3000, 3800, 4800, 6400, 9000) Liters
💦 Rectangular Tank – (225, 500, 900) Liters
💦 Rectangular Tank (New) – (520, 570, 760, 800) Liters
💦 Taper Tank – (770, 1450, 2300) Liters တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

PEအဆင့်မြင့်ပလတ်စတစ်သားနဲ့ (Thick Layer, Two Layers)စနစ်ကို အသုံးပြုထုတ်လုပ်ထားပြီး 30 Years Guarantee လည်း ပါရှိတာမို့ တစ်ခါဝယ်ပြီး တစ်သက်တာလုံးသုံးစွဲဖို့ အခုပဲ ဝယ်ယူလိုက်တော့နော်။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်”ကို သတိရလိုက်ပါနော်။**

🏠 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📲 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း

"တစ်ခါဝယ်ပြီး နှစ်ရှည်စိတ်ချမ်းသာမှုရရှိစေဖို့ 𝐇𝐔𝐈𝐃𝐀 ရေချိုးခန်းသုံးပစ္စည်းများကို အခုပဲ တပ်ဆင်လိုက်ပါ"မင်္ဂလာပါခင်ဗျာ…န...
19/12/2023

"တစ်ခါဝယ်ပြီး နှစ်ရှည်စိတ်ချမ်းသာမှုရရှိစေဖို့ 𝐇𝐔𝐈𝐃𝐀 ရေချိုးခန်းသုံးပစ္စည်းများကို အခုပဲ တပ်ဆင်လိုက်ပါ"

မင်္ဂလာပါခင်ဗျာ…
နိုင်ငံတကာအရည်အသွေးမြင့် စံနှုန်းများ၊ အမြင့်မားဆုံး ထုတ်ကုန်နည်းပညာစနစ်များ၊ ဆန်းသစ်လှပတဲ့ ဒီဇိုင်းများနဲ့ ဖန်တီးထုတ်လုပ်ထားပြီး နိုင်ငံတကာအသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းများ ရရှိထားတဲ့ HUIDA အမှတ်တံဆိပ် ရေချိုးခန်းသုံးပစ္စည်းများကို ကျွန်တော်တို့ရဲ့ “အိမ်ကြီးရှင်”မှာ ပစ္စည်းမှန်၊ ဈေးမှန်တဲ့ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။

ရရှိနိုင်တဲ့ Itemsတွေကတော့…
🔸One-piece Toilet
🔸Close-coupled Toilet
🔸Art Vanity Basin
🔸Wall Hung Basin
🔸Pedestal Basin
🔸Vanity Basin
🔸Under Counter Basin
🔸Semi Recessed Basin
🔸Bathroom Accessories
🔸Angle Valve
🔸Basin Waste
🔸Bottle Trap
🔸Shower Accessories
🔸Concealed Shower Mixer
🔸Basin Mixer
🔸Bath Tub Mixer
🔸Cold Water Tap
🔸Handy Spray
🔸Shower Set
🔸Freestanding Bathtub
🔸Drop in Bathtub
🔸Urinal
🔸Flush Valve
🔸Jacuzzi တို့ပဲ ဖြစ်ပါတယ်။

ကဲ… မိတ်ဆွေတို့ရဲ့ နေအိမ်မှာ လူနေမှုစနစ်မြင့်မားစွာ နေထိုင်နိုင်ဖို့အတွက် အရည်အသွေးမြင့်ပြီး နှစ်ရှည်အသုံးခံတဲ့အပြင် စျေးနှုန်းသက်သာတဲ့ HUIDAရဲ့ ရေချိုးခန်းသုံးပစ္စည်းများကို “အိမ်ကြီးရှင်”မှာ အခုပဲ လာဝယ်လိုက်တော့နော်။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်” ကို သတိရလိုက်ပါနော်။**

🏠 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📲 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း

“ရောင်းအားအကောင်းဆုံးနဲ့ လူသုံးအများဆုံး 𝐂𝐎𝐓𝐓𝐎 နဲ့ 𝐏𝐑𝐄𝐌𝐀ဘိုထိုင်အိမ်သာများကို “အိမ်ကြီးရှင်”မှာ ရရှိပါပြီ”မင်္ဂလာပါခင်ဗျ...
18/12/2023

“ရောင်းအားအကောင်းဆုံးနဲ့ လူသုံးအများဆုံး 𝐂𝐎𝐓𝐓𝐎 နဲ့ 𝐏𝐑𝐄𝐌𝐀ဘိုထိုင်အိမ်သာများကို “အိမ်ကြီးရှင်”မှာ ရရှိပါပြီ”

မင်္ဂလာပါခင်ဗျာ…
မိသားစုတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အိမ်သာတစ်လုံးကို ရွေးချယ်ရခက်နေရင် အရည်အသွေးယုံကြည်စိတ်ချရပြီး ရောင်းအားအကောင်းဆုံးနဲ့ လူသုံးအများဆုံးအဖြစ် ရပ်တည်နေတဲ့ ထိုင်းနိုင်ငံရဲ့ နံပါတ်(၁) အမှတ်တံဆိပ် COTTO နဲ့ PREMA ဘိုထိုင်အိမ်သာများကို ကျွန်တော်တို့ရဲ့ “အိမ်ကြီးရှင်”မှာ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူအားပေးလို့ရပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ခင်ဗျာ။

ရရှိနိုင်တဲ့ 𝐂𝐎𝐓𝐓𝐎 ဘိုထိုင်အိမ်သာ အမျိုးအစားတွေကတော့…
🚽(P-Trap) နောက်ထွက် 4/6 Liters Dual Flush ခလုတ်နှစ်ခု Soft Close
🚽(S-Trap) နောက်ထွက် 4/6 Liters Dual Flush ခလုတ်နှစ်ခု Soft Close တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ရရှိနိုင်တဲ့ 𝐏𝐑𝐄𝐌𝐀 ဘိုထိုင်အိမ်သာ အမျိုးအစားတွေကတော့…
🚽(P-Trap) နောက်ထွက် ခလုတ်တစ်ခု Soft Close
🚽(S-Trap) အောက်ထွက် 3/ 4.5 Liters ခလုတ်နှစ်ခု Soft Close
🚽ဦးချွန် (S-Trap) အောက်ထွက် ခလုတ်တစ်ခု Soft Close
🚽ဦးဝိုင်း (S-Trap) အောက်ထွက် ခလုတ်တစ်ခု Soft Close တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

COTTO နဲ့ PREMA ဘိုထိုင်အိမ်သာများဟာဆိုရင်…
👉သဘာဝကြွေသားဖြစ်လို့ ကြွေသားအရောင်သွင်းထားခြင်း မရှိတဲ့အတွက် ကြွေသားအရောင်ပြောင်းလဲမှုများ မဖြစ်စေနိုင်သလို ပင့်ကူရစ်များ မဖြစ်ပေါ်ခြင်း။
👉ကြွေအိုးပုံစံ မသေးလွန်း မကြီးလွန်းတဲ့အပြင် အနေတော်ဆိုဒ်ဖြစ်တဲ့အတွက် အိုးပုံသေသေသပ်သပ်လေးနဲ့ အမြင်လှခြင်း။
👉ခံနိုင်ရည်အား တောင့်တင်းပြီး အတွင်းကလီစာများလည်း ကောင်းမွန်ခြင်းစတဲ့ အားသာချက်တွေကြောင့် ရေရှည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးတွေကိုသာ ထည့်သွင်းထုတ်လုပ်ပေးထားပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ COTTO နဲ့ PREMA အမှတ်တံဆိပ် ဘိုထိုင်အိမ်သာများကို ရွေးချယ်ကြဖို့ တိုက်တွန်းလိုက်တယ်နော်။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်” ကို သတိရလိုက်ပါနော်။**

🏠အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📲 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း

“ကြွေပြားတွက်နည်း”မိမိရဲ့အိမ်လေးကို ကြွေပြားကပ်ပြီး အလှဆင်ချင်သူတို့အတွက် ကြွေပြားတွက်နည်းလေးကိုဗဟုသုတအနေနဲ့ လေ့လာလို့ရအ...
15/12/2023

“ကြွေပြားတွက်နည်း”

မိမိရဲ့အိမ်လေးကို ကြွေပြားကပ်ပြီး အလှဆင်ချင်သူတို့အတွက် ကြွေပြားတွက်နည်းလေးကို
ဗဟုသုတအနေနဲ့ လေ့လာလို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

၁၀'×၁၀' ပေ ပတ်လည်ကို ၁ကျွင်းဟု မြန်မာစံနှုန်း သတ်မှတ်ထားပါတယ်။
၁ပေတွင် ၁၂ လက်မရှိသောကြောင့်
၁၀×၁၂= ၁၂၀
၁၂၀×၁၂၀= ၁၄၄၀၀
၁ကျွင်းတွင်ရှိသော စကွဲယားလက်မ ၁၄၄၀၀ ရရှိပါတယ်။

ရရှိလာသော ၁၄၄၀၀ လက်မကို မူတည်ပြီး မိမိသိလိုသော ကြွေပြား Sizeနှင့် စားပါက ၁ကျွင်းတွင် ရှိသော ကြွေပြားအချပ်ရေကို အလွယ်တကူ သိရှိနိုင်ပါပြီ။

ဥပမာ......

၈"×၁၂"
ကြွေပြားကို ၁ကျွင်းတွင် ဘယ်နှချပ်ရမလဲတွက်လိုပါက …..
၈"×၁၂"=၉၆
၁၄၄၀၀
÷ ၉၆
------------
၁၅၀ ချပ်

၁၂"×၁၂"
ကြွေပြားကို ၁ကျွင်းတွင် ဘယ်နှချပ်ရမလဲတွက်လိုပါက …..
၁၂"×၁၂"=၁၄၄
၁၄၄၀၀
÷၁၄၄
------------
၁၀၀ ချပ်

ဘယ်ကြွေပြားSizeမဆို အထက်ပါနည်းအတိုင်း အလွယ်တကူတွက်ကြည့်လို့ ရပါပြီ။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို ဈေးမှန်၊ ပစ္စည်းမှန်နဲ့ တစ်နေရာတည်းမှာပဲ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်”ကို သတိရလိုက်ပါနော်။**

🏠 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📲 09940040071 / 09940040072

#အိမ်ကြီးရှင်
#ကြွေပြားတွက်နည်း
#အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေးပစ္စည်း
Credittooriginalwriter

✨“လင်းအားကောင်းပြီး ကြာရှည်အသုံးခံဖို့အတွက် 𝐖𝐞𝐥𝐥𝐦𝐚𝐱 𝐋𝐄𝐃 များကို ရွေးချယ်သုံးစွဲပါ”✨အရည်အသွေးနိမ့်တဲ့ Lightingတွေကို သုံး...
14/12/2023

✨“လင်းအားကောင်းပြီး ကြာရှည်အသုံးခံဖို့အတွက် 𝐖𝐞𝐥𝐥𝐦𝐚𝐱 𝐋𝐄𝐃 များကို ရွေးချယ်သုံးစွဲပါ”✨

အရည်အသွေးနိမ့်တဲ့ Lightingတွေကို သုံးစွဲမိတဲ့အခါ မကြာခဏ ပျက်စီးလောင်ကျွမ်းတာမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါကြောင့် လင်းအားကောင်းပြီး တာရှည်အသုံးခံတဲ့အပြင် ဈေးနှုန်းသင့်တဲ့ LEDကို ရှာနေတယ်ဆိုရင် အရည်အသွေးပိုင်း စိတ်ချရပြီး အာမခံချက်ပါရှိတဲ့ Wellmax Lighting (Samsung LED)များကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

ရရှိနိုင်တဲ့ Wellmax LEDများကတော့...
💡LED Panel Light Series
💡LED Tube Light Series
💡LED Down Light Series
💡LED Solar Light Series
💡LED Ceiling Light Series
💡LED Flood Light Series
💡LED Light Bulb Series
💡LED Street Light Series
💡LED Rechargeable Light Series

Wellmax LEDများကို လက်လီ/ လက်ကား ဝယ်ယူချင်ရင် "အိမ်ကြီးရှင်"ကို အရင်ဆုံး သတိရလိုက်ပါခင်ဗျာ။

🌟တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်” ကို သတိရလိုက်ပါနော်။🌟

🏡 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

☎ 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း

“လျှပ်စစ်အန္တရာယ်မှ အပြည့်အဝကာကွယ်ပေးနိုင်ဖို့ 𝐒𝐜𝐡𝐧𝐞𝐢𝐝𝐞𝐫 𝐁𝐫𝐞𝐚𝐤𝐞𝐫များကို ရွေးချယ်ပါ”နေ့စဉ်အသုံးပြုရတဲ့ လျှပ်စစ်ပစ္စည်းမျာ...
13/12/2023

“လျှပ်စစ်အန္တရာယ်မှ အပြည့်အဝကာကွယ်ပေးနိုင်ဖို့ 𝐒𝐜𝐡𝐧𝐞𝐢𝐝𝐞𝐫 𝐁𝐫𝐞𝐚𝐤𝐞𝐫များကို ရွေးချယ်ပါ”

နေ့စဉ်အသုံးပြုရတဲ့ လျှပ်စစ်ပစ္စည်းများကို တပ်ဆင်တဲ့အခါ အရည်အသွေးကောင်းမွန်တဲ့ လျှပ်စစ်ပစ္စည်းတွေကိုသာ ရွေးချယ်အသုံး​ပြုသင့်ပါတယ်။ အိမ်တစ်အိမ်မှာ လျှပ်စစ်မီးအတက်အကျကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တာကတော့ Breaker တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ နေအိမ် အဆောက်အအုံများအတွက် အရည်အသွေးစိတ်ချရပြီး လျှပ်စစ်အန္တရာယ်မှ အပြည့်အဝကာကွယ်ပေးနိုင်ဖို့အတွက် Schneider Breaker (Made in India)ကို ကျွန်တော်တို့ရဲ့ “အိမ်ကြီးရှင်”မှာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။

ရရှိနိုင်တဲ့ Schneider Easy9 Series (Made In India) Itemတွေကတော့…
👉 MCB
✨1P 6A, 10A, 16A, 20A, 25A, 32A 10KA
✨2P 16A, 20A, 25A, 32A, 40A, 63A 10KA
✨3P 16A, 20A, 32A, 40A, 63A......... 10KA

👉 RCCB
✨2P 25A 30MA , 2P 25A 100MA, 2P 40A 100MA
✨2P 63A 30MA, 2P 63A 100MA, 4P 40A 100MA
✨4P 40A 300MA, 4P 63A 100A, 4P 63A 300MA

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်”ကို သတိရလိုက်ပါနော်။**

🏡 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

☎ 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း

“မီးအားစားသက်သာပြီး ထိန်နေအောင်လင်းနေဖို့ Halo LEDများကို တပ်ဆင်လိုက်ပါ”မိတ်ဆွေတို့ရဲ့ နေအိမ်မှာ အရည်အသွေးစိတ်ချရတဲ့ လျှ...
12/12/2023

“မီးအားစားသက်သာပြီး ထိန်နေအောင်လင်းနေဖို့ Halo LEDများကို တပ်ဆင်လိုက်ပါ”

မိတ်ဆွေတို့ရဲ့ နေအိမ်မှာ အရည်အသွေးစိတ်ချရတဲ့ လျှပ်စစ်ပစ္စည်းများကို အသုံးပြုချင်ရင် ရွေးချယ်စရာ ဒီဇိုင်းစုံလင်တဲ့ Halo အမှတ်တံဆိပ် LED Productsများကို “အိမ်ကြီးရှင်”မှာ ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူအားပေးနိုင်ပါပြီ။

ရွေးချယ်နိုင်တဲ့ Halo LED Items တွေကတော့ …
✨LED Downlight / Panel Light
✨LED Tube T5
✨LED Spot Light
✨LED Spare Part
✨LED Security Light
✨Strip Light
✨LED T-Bulb Series
✨Acrylic Globe lamp
✨K12 Series (Switch and Socket)
✨Romantic Lighting တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

Halo Lighting ရဲ့ Products တွေက လင်းအားကောင်းတဲ့အပြင် အာမခံချက် (၁)နှစ်ပါရှိတာမို့ ယုံကြည်စိတ်ချစွာ သုံးစွဲကြဖို့ တိုက်တွန်းလိုက်တယ်နော်။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်”ကို သတိရလိုက်ပါနော်။**

🏡 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

☎ 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း

“အုတ်ကောင်း၊ မကောင်း စမ်းသပ်နည်း”အုတ်တစ်ချပ်ကောင်း မကောင်းကို အောက်ပါနည်းလမ်းများနဲ့ စမ်းသပ်နိုင်ပါတယ်။(1) Absorption Te...
11/12/2023

“အုတ်ကောင်း၊ မကောင်း စမ်းသပ်နည်း”

အုတ်တစ်ချပ်ကောင်း မကောင်းကို အောက်ပါနည်းလမ်းများနဲ့ စမ်းသပ်နိုင်ပါတယ်။
(1) Absorption Test ရေစုပ်ယူမှု
(2) Crushing Strength Test ဖိအားခံနိုင်မှု
(3) Hardness Test မာကြောမှု
(4) Shape and Size ပုံစံနှင့် အရွယ်အစား
(5) Color Test အရောင်
(6) Soundness Test အသံကောင်းမွန်မှု
(7) Structure of Brick ဖွဲ့စည်းပုံ
(8) Presence of Soluble Salts (Efflorescence Test) ဆားပေါက် မပေါက်စေတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်လို့ ရပါတယ်။

(1) Absorption Test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနဲ့ ဘယ်လောက်ရေစုပ်ယူသလဲဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ၊ အလေးချိန် ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့ ၂၀% မကျော်ရဘူး ဆိုပါတယ်။

(2) Crushing Test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံးခွဲစမ်းသလို Compression Test Machineမှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက် မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။

(3) Hardness Test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။

(4) Shape and Size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂၀လောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့်တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။

(5) Color Test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။

(6) Soundness Test အသံကောင်းမွန်မှုက အုတ်၂ချပ်ကိုယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံ အသံမျိုး မရှိရပါဘူး။

(7) Structure of Brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရဘဲ တစ်သားတည်း ရှိနေရပါမယ်။

(8) Efflorescence Test ဆားပေါက် မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။

အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပါ။ Lab တွေမှာ ဒီထက် အသေးစိတ် စမ်းသပ်ကြည့်လို့ ရပါတယ်။

ခုနကပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တချို့များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွှတ်ချရတာပါ။ အဲလိုလွှတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။

**တစ်အိမ်လုံးစာအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဝယ်ယူချင်ရင် “အိမ်ကြီးရှင်”ကို သတိရလိုက်ပါနော်။**

🏡 အိမ်ကြီးရှင် (ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်)
အမှတ်(၂၆၉)၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၅ရပ်ကွက်၊ အရှေ့
ဒဂုံမြို့နယ်၊ ရန်ကုန်။

☎ 09940040071 / 09940040072

#အိမ်ကြီးရှင်
#ဆောက်လုပ်ရေးပစ္စည်း
#အိမ်ဆောက်ပစ္စည်း
#အုတ်
CreditToOriginalWriter

Address

No (269), Bo Hmu Ba Htoo Road, 5 Quarter, East Dagon Township
Yangon
11421

Telephone

+959940040071

Website

Alerts

Be the first to know and let us send you an email when အိမ်ကြီးရှင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အိမ်ကြီးရှင်:

Share