11/01/2026
ဝန်ထမ်းအလိုရှိသည်
အောင်ကျော်ကြား အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်ပြီး အရည်အချင်းရှိသော ဝန်ထမ်းကောင်းများကို ဖိတ်ခေါ်အပ်ပါသည်။
၁။ Sales Staff / Executive - (၃) ဦး
တာဝန်နှင့် လိုအပ်ချက်များ
• ဆိုင်သို့ လာရောက်သော Customer များကို ပစ္စည်းများအကြောင်း သေချာစွာ ရှင်းလင်းပြသပြီး လိုအပ်ချက်နှင့် ကိုက်ညီအောင် ရောင်းချပေးရမည်။
• စကားပြောဆို ပြေပြစ်သွက်လက်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်ရမည်။
• အခြေခံပညာ အထက်တန်း သို့မဟုတ် ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
• လုပ်ငန်းအတွေ့အကြုံ မရှိသော်လည်း အိမ်ဆောက်ပစ္စည်းများအကြောင်းကို စိတ်ပါဝင်စားစွာ သင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။
•လစာ 400000 ~ 500000
၂။ Sales Supervisor - (၁) ဦး
တာဝန်နှင့် လိုအပ်ချက်များ
• အရောင်းအဖွဲ့ကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး သတ်မှတ်ထားသော အရောင်းရည်မှန်းချက် (Target) ပြည့်မီအောင် ဦးဆောင်နိုင်ရမည်။
• အိမ်ဆောက်ပစ္စည်း လုပ်ငန်းနယ်ပယ်တွင် အရောင်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်။
• Customer များနှင့် ရေရှည်ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ရမည်။
• နေ့စဉ်၊ အပတ်စဉ် အရောင်းစာရင်းဇယားများနှင့် Report များကို တိကျစွာ တင်ပြနိုင်ရမည်။
• လစာ 500000 ~ 700000
အထွေထွေသတ်မှတ်ချက်များ
• အလုပ်ချိန်နှင့် စည်းကမ်းများကို တိကျစွာ လိုက်နာနိုင်သူဖြစ်ရမည်။
• ရိုးသားကြိုးစားပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
• ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူများကို ဦးစားပေးမည်။
ရရှိမည့်ခံစားခွင့်များ
• ကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ ကောင်းမွန်သော အခြေခံလစာ။
• နှစ်တိုးလစာနှင့် အခြားသော ဝန်ထမ်းခံစားခွင့်များ။
လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် ကိုယ်ရေးအကျဉ်း (CV Form)၊ မှတ်ပုံတင်မိတ္တူ နှင့်အတူ Viber (+959985229036) ကို ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
• 📞 ဆက်သွယ်ရန်ဖုန်း: 09985229036
• 📍 ဆိုင်လိပ်စာ: ပြည်ထောင်စုလမ်း၊ ကုန်ပဒေသာမှတ်တိုင်၊ မြောက်ဒဂုံ