20/03/2026
အိမ်တစ်အိမ်ရဲ့ သက်သောင့်သက်သာရှိမှုနဲ့ လုံခြုံမှုဟာ အိမ်ရဲ့ နေရာတိုင်းမှာ ရှိသင့်ပါတယ်။ အထူးသဖြင့် ရေချိုးခန်းလို နေ့စဉ်အသုံးပြုရတဲ့ နေရာတွေမှာပေါ့။ Häfele က HEWI နဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ barrier-free collection က သင့်ရဲ့ ရေချိုးခန်းကို ခေတ်မီလှပပြီး အသက်အရွယ်မရွေး အသုံးပြုနိုင်တဲ့ ဇိမ်ခံ spa တစ်ခုလို ပြောင်းလဲပေးမှာပါ။
ဒီထုတ်ကုန်တွေရဲ့ အဓိက ထူးခြားချက်ကတော့ ဆေးရုံသုံး ပစ္စည်းတွေလို မဟုတ်ဘဲ ခေတ်မီဒီဇိုင်းနဲ့ ဆုတံဆိပ်ရထားတဲ့ အလှတရားပဲ ဖြစ်ပါတယ်။ HEWI ရဲ့ System 900 လို ထုတ်ကုန်တွေမှာ သန့်ရှင်းတဲ့ မျဉ်းကြောင်းတွေ၊ matte finish တွေက အဆင့်မြင့် ရေချိုးခန်းအတွင်းပိုင်း ဒီဇိုင်းတွေနဲ့ တစ်သားတည်းကျနေအောင် ပေါင်းစပ်ပေးထားပါတယ်။ Häfele ရဲ့ sanitary fittings တွေနဲ့ လိုက်ဖက်ညီအောင် matte black, white, anthracite စတဲ့ အရောင်မျိုးစုံနဲ့ ရွေးချယ်နိုင်တာကြောင့် သင့်ရေချိုးခန်းရဲ့ အလှကို ပိုမိုပြည့်စုံစေပါတယ်။
အသုံးပြုသူတွေရဲ့ သက်သောင့်သက်သာရှိမှုအတွက် HEWI ရဲ့ အရည်အသွေးမြင့် Polyamide ပစ္စည်းဟာ သံမဏိလို အေးစက်နေခြင်းမရှိဘဲ နွေးထွေးတဲ့ အထိအတွေ့ကို ပေးစွမ်းပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေအတွက် အရေပြားထိခိုက်မှု မရှိအောင် အရေးကြီးပါတယ်။ ဒီဇိုင်းကိုလည်း လူ့လက်နဲ့ ကိုင်တွယ်ရ အဆင်ပြေအောင် ergonomic grip နဲ့ ပြုလုပ်ထားလို့ စိုစွတ်နေချိန်မှာတောင် ခိုင်မြဲတဲ့ ဖမ်းဆုပ်မှုကို ပေးနိုင်ပါတယ်။ ရေချိုးကုလားထိုင်တွေနဲ့ support rails တွေကို 150 kg အထိ ခံနိုင်ဝန်ရှိအောင် စမ်းသပ်ထားပြီး အိမ်တွင်းအသုံးပြုမှုအတွက် ပရော်ဖက်ရှင်နယ်အဆင့် လုံခြုံစိတ်ချရမှုကို ပေးစွမ်းပါတယ်။ မူပိုင်ခွင့်ရထားတဲ့ တပ်ဆင်မှုစနစ်တွေကြောင့် နေ့စဉ် အသုံးပြုနေချိန်မှာတောင် ချောင်ထွက်တာမျိုးမရှိဘဲ ရေရှည်ခိုင်ခံ့စေပါတယ်။
နေရာအသုံးချမှုအပိုင်းမှာလည်း ဉာဏ်အမြော်အမြင်ရှိရှိ ဒီဇိုင်းထုတ်ထားပါတယ်။ ရေချိုးကုလားထိုင်နဲ့ အိမ်သာ support rails တွေကို မလိုအပ်တဲ့အခါ နံရံနဲ့ ကပ်ပြီး ခေါက်ထားနိုင်လို့ ရေချိုးခန်းနေရာကို အတားအဆီးမရှိ ကျယ်ဝန်းစွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အချို့ hanging models တွေကတော့ လိုအပ်သလို ရွှေ့ပြောင်းတပ်ဆင်နိုင်တဲ့အတွက် အသုံးပြုသူရဲ့ လိုအပ်ချက်အလိုက် ပြောင်းလဲနိုင်ပါတယ်။ သန့်ရှင်းရေးအတွက်လည်း ဂျာမန်တို့ရဲ့ သန့်ရှင်းမှုစံနှုန်းအတိုင်း non-porous ဖြစ်တဲ့ မျက်နှာပြင်တွေနဲ့ ထုတ်လုပ်ထားလို့ မှိုနဲ့ ဘက်တီးရီးယားတွေ ကင်းစင်ပြီး သန့်ရှင်းရလွယ်ကူပါတယ်။
Häfele x HEWI barrier-free collection က သင့်အိမ်ကို အလှအပ၊ သက်တောင့်သက်သာရှိမှု၊ လုံခြုံမှုနဲ့ ဉာဏ်ပညာပေါင်းစပ်ထားတဲ့ "Complete Home Solution" တစ်ခုအဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။