18/08/2026
သံချောင်းမျက်နှာပြင်မှာ သံချေးတွေ့တာနဲ့ အသုံးပြုလို့မရတော့ဘူးလား❓
သံချောင်းပေါ်မှာ သံချေးရှိနေတိုင်း အသုံးပြုလို့မရတော့ဘူးလို့ မဆိုလိုပါဘူး။ အရေးကြီးတာက သံချေးရဲ့အခြေအနေနဲ့ Rebar ရဲ့ မူလအရွယ်အစား၊ အလေးချိန်၊ ပုံသဏ္ဌာန်တို့ ထိခိုက်မှုရှိ၊ မရှိကို သေချာစစ်ဆေးဖို့ ဖြစ်ပါတယ်။
🟨 မျက်နှာပြင်ပေါ်မှာ ပါးပါးလေးဖြစ်နေပြီး သံချေးအခွံကွာကျခြင်း၊ ချိုင့်ဝင်စားသွားခြင်းနဲ့ အရွယ်အစားလျော့နည်းခြင်း မရှိဘူးဆိုရင် ချက်ချင်းပယ်ဖို့ မလိုပါဘူး။
🟨 သတိထားသင့်တဲ့အခြေအနေများ
⚠️ သံချေးအခွံများ ကွာကျနေခြင်း
⚠️ သံချောင်းမျက်နှာပြင်မှာ ချိုင့်များ ဖြစ်ပေါ်နေခြင်း
⚠️ အချင်း၊ အလေးချိန် သို့မဟုတ် Rib ပုံသဏ္ဌာန် လျော့နည်းပျက်စီးနေခြင်း
⚠️ ဆီ၊ ရွှံ့နဲ့ အခြားအညစ်အကြေးများ ကပ်နေခြင်း
⚠️ အချိန်ကြာမြင့်စွာ စိုစွတ်တဲ့နေရာမှာ သိုလှောင်ထားခြင်း
ဒီလိုလက္ခဏာတွေ တွေ့ရှိရင်တော့
✅ ပစ္စည်းကို သီးခြားခွဲထားပါ
✅ အခြေအနေမှတ်ထားပါ
✅ အချင်းနဲ့ အလေးချိန်ကို ပြန်လည်စစ်ဆေးပါ
✅ လိုအပ်ရင် Loose Rust နဲ့ အညစ်အကြေးတွေကို သန့်ရှင်းပါ
✅ Site Engineer သို့မဟုတ် Quality Control Team ရဲ့ အတည်ပြုချက်ရယူပါ
သံချေးမတက်အောင် ကာကွယ်ဖို့ သံချောင်းကို မြေပြင်နဲ့တိုက်ရိုက်မထိစေဘဲ ထားသိုခြင်း၊ မိုးရေမဝင်အောင်ဖုံးအုပ်ခြင်းနဲ့ လေဝင်လေထွက်ရတဲ့နေရာတွေမှာ ထားပေးခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။
အရည်အသွေးမှန်ကန်တဲ့ သံချောင်းနဲ့ Project လိုအပ်ချက်အလိုက် သံမဏိပစ္စည်းမျိုးစုံကို ရွှေကျွန်းမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🏤 ရွှေကျွန်းဆိုင်လိပ်စာ – အမှတ် (B) ၃၄, ၃၅, ၃၆ လောပိတလမ်း၊ စက်မှုဇုံ (၃) ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်။
⛪️ ဂိုဒေါင်လိပ်စာ – (၄၇၈ / ၁)၊ မြစ်ကြီးနားလမ်း၊ တောင်ဒဂုံ စက်မှုဇုန် (၁)၊ ရန်ကုန်မြို့။
🏦 ရုံးချုပ်လိပ်စာ – အမှတ် (၁၁၀)၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
#ရွှေကျွန်း #သံချောင်း #မျက်နှာပြင်သံချေး #ဆောက်လုပ်ရေးဗဟုသုတ #အရည်အသွေးစစ်ဆေးမှု