LWIN Family

LWIN Family Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LWIN Family, Building Materials, Yangon.

12/05/2025
အိမ်လည်ရဲရဲသွားပါရစေ ...     တစ်ခါတုန်းက ကျွန်တော့်အဖေက ကျွန်တော့်ကို ဆုံးမဖူးတယ် ။ " သားရေ...မင်းတို့လိမ္မာဖို့လိုတယ်နေ...
09/09/2024

အိမ်လည်ရဲရဲသွားပါရစေ ...

တစ်ခါတုန်းက ကျွန်တော့်အဖေက ကျွန်တော့်ကို ဆုံးမဖူးတယ် ။ " သားရေ...မင်းတို့လိမ္မာဖို့လိုတယ်နော်... မင်းတို့လိမ္မာမှ အဖေတို့အသက်ကြီးလာတဲ့အခါ သူများအိမ်တွေကို အိမ်အလည်ရဲရဲသွားရဲမှာ...အဖေ အိမ်လည်ရဲရဲ သွားပါရစေကွာ " တဲ့ ။

" ဘာဖြစ်လို့လဲ...ဖေဖေရယ် " လို့မေးတော့ " မင်းတို့က မလိမ္မာလို့ မိဘကို ကောင်းကောင်းမွန်မွန် မစောင့်ရှောက်နိုင်ရင် အဖေအိမ်သွားလည်တဲ့အခါ လာချေးတာလား...လာတောင်းတာလားလို့ ထင်ကြလိမ့်မယ်..." တဲ့ ။ " ဟာ...ဖေဖေကလည်း ဖေဖေလည်း စက်ပြင်ဆရာတစ်ယောက်ပဲဟာ...ဘယ်သူက ထင်မှာတုန်း " ဆိုတော့...

" ဒါက အခုအခြေအနေလေ သားရယ်... အသက်ကြီးလာတဲ့တစ်နေ့ ကိုယ့်ရှာစာမရှိတော့တဲ့တစ်နေ့မှာ မိဘတွေဟာ သားသမီးတွေအပေါ်ပြန်ပြီး မှီခိုရတယ်...အဲဒိအချိန်မှာ မင်းတို့တစ်တွေက လောက်လောက်လားလား အားကိုးရရင် ... သူ့သားကတော့ဘာဟဲ့...သူသမီးကတော့ဘာဟဲ့နဲ့...လူတွေက အဖေတု့ိကို လေးစားကြလိမ့်မယ် "

" မင်းတို့ငယ်ငယ်က အဖေတို့မျက်နှာနဲ့ လူလုပ်ခဲ့ရသလို... တစ်နေ့အဖေတို့အသ-က်ကြီးလာရင် မင်းတို့မျက်နှာနဲ့ လူပြန်လုပ်ရဦးမှာ ငါ့သား... အဲဒီအချိန် တပည့်တစ်ယောက်အိမ်ဝင်လည်ရင်တောင်... ဟော...ငါ့ဆရာတော့လာပြီး အကန်တော့ခံချင်လို့လား မသိဘူးလို့ အဖေအထင်မခံနိုင်ဘူးကွာ "

" အဲဒိတော့ အဖေ့ရဲ့ရှာစာမရှိတော့တဲ့ အချိန်တွေမှာ အဖေအရင်လိုပဲ ရဲရဲတင်းတင်း အိမ်လည်ပါရစေ...ငါ့သားရယ် " တဲ့ ။ ဘဝမှာ ကျရှုံးတော့မယ်ကြံတိုင်း (ယခုလည်း အောင်မြင်မနေပါ 😁😁) အဖေ့ရဲ့ ပြောစကားလေးကို ပြန်ကြားယောင်မိရင်း ပိုကြိုးစားမိ်တယ် ။ ဟုတ်တယ် ။ ငါအဖေနဲ့အမေ အိမ်လည်ရဲရဲသွားရဖို့ ငါ့မှာတာဝန်ရှိတယ်လို့ ခံယူထားတယ် ။

ညီ ညီမ တူ တူမတို့လည်း လိုအပ်ခဲ့မယ်ဆိုရင် အဲဒိစကားကလေးကို ယူပြီးရင်ထဲမှာသိမ်းထားလိုက်ပါ ။ ဘဝအတွက်ကြိုးစားနေရင်း အားလျော့လိုက်တော့မယ်ကြံတိုင်း ဒီစကားလေးကို ရင်ထဲကထုတ်ထုတ်ပြီး နားထောင်ကြည့်ပေါ့ ။ မိဘအတွက်လို့ ရည်ရွယ်ပြီး ကြိုးစားရင် အဆင်မပြေတဲ့ သားသမီးရယ်လို့ မရှိပါဘူး ။

မိဘတွေ သူတို့ရှာစာမရှိတဲ့တစ်နေ့ အရင်တုန်းကအတိုင်း ရဲရဲတင်းတင်း အိမ်လည်ရဲအောင် ပြုစုထောက်ပံ့နိုင်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာလေးတွေ ဖြစ်ကြပါစေကွာ ။ ။

လူကြီးမင်းတို့ အဆောက်အဦးခိုင်မာတောက်တင်းပြီး အကြမ်းခံquality ကောင်းကောင်းသုံးချင်ရင်လွင်မိသားစု ယိုးဒယားသံထည်ပစ္စည်းဖြန်...
20/05/2024

လူကြီးမင်းတို့ အဆောက်အဦး
ခိုင်မာတောက်တင်းပြီး အကြမ်းခံ
quality ကောင်းကောင်းသုံးချင်ရင်

လွင်မိသားစု ယိုးဒယားသံထည်ပစ္စည်း
ဖြန့်ချိရေးကိုသတိရလိုက်ပါ။

သံထည်ပစ္စည်းအမျိုးမျိူးကို ပစ္စည်းမှန်
စျေးနှုန်းချိုသာစွာဖြင့် လက်လီ လက်ကား ဝယ်ယူ ရရှိနိုင်ပါသည်။

− ပေါ်လစ်ရှပ် ဝင်ရိုး ဆိုဒ်စုံ
− H Beam, I Beam ဆိုဒ်စုံ
− Square Hollow Pipe များ
− Round Pipe များ
− Angles ဟင်္ဂလန်များ
− U Beam ဆိုဒ်စုံ
− Flat Bar ဆိုဒ်စုံ
− သံပြား မျိုးစုံ

certificate ပါပြီး
ပစ္စည်းကောင်းများကို
စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနေပါသည်။

အချိန်နှင့် တပြေးညီ စျေးနှုန်းတွေကို
013100781 01 3100902 013100903
09965145534
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

ဆိုင်လိပ်စာ
အမှတ် 84 , 85 B လောပိတလမ်း စက်မှုဇုန် (၃)၊ တောင်ဒဂုံမြို့နယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when LWIN Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share