21/05/2026
၂၀၂၆ ခုနှစ်၊ မေလ (၁၇)ရက်နေ့မှာ ကျွန်တော်များ Steel King Co.,Ltd ကြီး၏ နှစ်(၄၀)ပြည့်အခမ်းအနားကို Pan Pacific Hotel ကြီးမှာ ချစ်ရတဲ့ဝန်ထမ်းများနှင့်အတူ ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါတယ်
နှစ်(၄၀)တိုင် ကုမ္ပဏီကြီး ရေရှည် ရပ်တည် အောင်မြင် တိုးတက်ခြင်းများရရှိအောင် အတူလက်တွဲ ကြိုးစားအားထုတ်ခဲ့ကြသော ဝန်ထမ်းများကိုလည်း ထိုက်တန်သော ဆုတံဆိပ်များ ပေးအပ်ခဲ့ပါသည်။ ထို့အတူ ချစ်ခင်လေးစားတန်ဖိုးထားရသော Customer များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် အရည်အသွေးပြည့်ဝသော သံချောင်းလုံးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးစွမ်းနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကျွန်တော်များ Steel King Co.,Ltd ကြီးလည်း နှစ်ပေါင်း(၄၀)မှသည် ထာဝရ တိုးတက်အောင်မြင်ခြင်းနှင့်အတူ ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကုမ္ပဏီကြီး၏ နှစ်(၄၀)ပြည့်အခမ်းအနားလေးအား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျာ.....