ပြည့်လျှံအိမ်သုတ်ဆေးနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး

  • Home
  • ပြည့်လျှံအိမ်သုတ်ဆေးနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး

ပြည့်လျှံအိမ်သုတ်ဆေးနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပြည့်လျှံအိမ်သုတ်ဆေးနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး, Building Materials, အမှတ် (၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅) ထိပ် ပန်းခြံဘေး၊ လှိုင်သာယာ, .

ဆေးသုတ်တယ်ဆိုတာ ခဏခဏလုပ်ဖြစ်တဲ့ အလုပ်မျိုးမဟုတ်တာကြောင့် တစ်ခါသုတ်ပြီးရင် နောင်တမရဘဲ နှစ်ရှည်လများ စိတ်အေးရဖို့က တကယ်ကို...
01/06/2026

ဆေးသုတ်တယ်ဆိုတာ ခဏခဏလုပ်ဖြစ်တဲ့ အလုပ်မျိုးမဟုတ်တာကြောင့် တစ်ခါသုတ်ပြီးရင် နောင်တမရဘဲ နှစ်ရှည်လများ စိတ်အေးရဖို့က တကယ်ကို အရေးကြီးပါတယ် 🏠✨

ကန်ထရိုက်တာကြီးတို့အတွက် အကြီးမားဆုံး အောင်မြင်မှုဆိုတာ အိမ်ရှင်တွေဆီက ရရှိတဲ့ ရေရှည်ယုံကြည်မှု ပါပဲ။ လက်ရာကောင်းတယ်၊ စိတ်ချရတယ်လို့ အသိအမှတ်ပြုခံရဖို့ဆိုရင် အသုံးပြုတဲ့ ဆေးသားအရည်အသွေးက အဓိက သက်သေပြပေးမှာပါ 😊

အလုပ်တစ်ခုပြီးသွားတဲ့အခါ ဆေးတွေကွာကျလို့၊ မှိုတက်လို့ "ပြန်ပြင်ပေးပါဦး" ဆိုတဲ့ စကားမျိုးက လုပ်ငန်းရှင်တိုင်း အစိုးရိမ်ဆုံးအရာပါပဲ။ ပြန်ပြင်ရရင် အချိန်ရော လုပ်အားခပါ ထပ်မံကုန်ကျသလို ကိုယ့်ရဲ့ လုပ်ငန်းဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်ပါတယ်🥹

ဒါကြောင့် ဆေးသုတ်ပြီးရင် ရေရှည်စိတ်ချမ်းသာဖို့အတွက်ဆိုရင် "ပြည့်လျှံ" ကိုသာ သတိရလိုက်ပါ ✨

စိတ်ကူးထဲက အရောင်အတွဲအစပ်တွေကို တိတိကျကျနဲ့ ချက်ချင်းဖော်စပ်ပေးနိုင်လို့ အရောင်လွဲမှာလည်း ပူစရာမလိုပါဘူး

ဒါ့အပြင် ဝါရင့်ဆေးဆရာကြီးတွေရဲ့ လက်စွဲတော်တွေဖြစ်တဲ့ Nippon၊ UPG နဲ့ Bravo ဆေးဗူးကြီးတွေကိုလည်း ဆိုဒ်စုံ ပစ္စည်းစုံ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ

ပစ္စည်းမှန်၊ ဈေးနှုန်းမှန်နဲ့ လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေဖို့ "ပြည့်လျှံ" က အမြဲတမ်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေပါတယ် 👍✨

📍လိပ်စာ - အမှတ် (၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅) ထိပ် ပန်းခြံဘေး၊ လှိုင်သာယာမြို့နယ်။
📞 ဆက်သွယ်ရန် - 09 795 245 536, 09 443 179 908, 09 443 007 923

တန်ဖိုးထားရတဲ့ အိမ်လေးကို ဆေးသုတ်ပြီးတဲ့အခါမှာ ဆေးသားတွေ ကွာကျတာ ဒါမှမဟုတ် ဖောင်းကြွလာတာမျိုး မဖြစ်စေဘဲ နှစ်ပေါင်းများစွ...
26/05/2026

တန်ဖိုးထားရတဲ့ အိမ်လေးကို ဆေးသုတ်ပြီးတဲ့အခါမှာ ဆေးသားတွေ ကွာကျတာ ဒါမှမဟုတ် ဖောင်းကြွလာတာမျိုး မဖြစ်စေဘဲ နှစ်ပေါင်းများစွာ လှပတောက်ပြောင်နေဖို့ အားလုံးက လိုလားကြမှာပါ 🏡✨

"ဆေးဘယ်လောက်ပဲ ကောင်းကောင်း... အောက်ခံ Putty မကောင်းရင်တော့ တစ်နှစ်နဲ့တင် ဆေးတွေ ဖောင်းကြွပြီး ကွာကျလာတတ်ပါတယ်" ⚠️

ဒါကြောင့် အိမ်တစ်အိမ်ရဲ့ နံရံတွေ ရေရှည်ခိုင်ခံ့လှပနေဖို့ဆိုရင် အပေါ်ယံဆေးသုတ်တာထက် အောက်ခံ Putty ရဲ့ အရည်အသွေးက အဓိက အကျဆုံးပါပဲ 💯

ဝါရင့်ဆေးဆရာကြီးတွေနဲ့ အိမ်ရှင်တွေ ယုံကြည်စိတ်ချစွာ ရွေးချယ်နေကြတဲ့ အမေရိကန်နည်းပညာသုံး GECKO Wall Putty Powder နဲ့ ဂျာမန်နည်းပညာသုံး Alligator Wall Putty Powder တွေကို Pyae Hlyan မှာ စိတ်ကြိုက် ဝယ်ယူရရှိနိုင်ပါပြီ 🤝

GECKO ကော Alligator Putty နှစ်မျိုးစလုံးက တခြားဘာတစ်ခုမှ ထပ်မံရောစပ်နေစရာမလိုဘဲ ရေနဲ့ဖျော်ပြီး တိုက်ရိုက်အသုံးပြုနိုင်လို့ ကုန်ကျစရိတ်ကို အများကြီး သက်သာစေပါတယ်။

🌧️ မိုးရာသီရဲ့ စိုထိုင်းဆဒဏ်နဲ့ ရေငွေ့ဒဏ်တွေကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ Alkali & Water Resistant ပါဝင်လို့ နံရံတွေ ဆေးကွာတာနဲ့ မှိုတက်တာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ 🛡️

✨ မျက်နှာပြင်ကို အဖုအထစ်မရှိ ဖြူစင်ချောမွေ့တဲ့ ဆေးသားအောက်ခံကို ပေးစွမ်းနိုင်လို့ အပေါ်ဆေးသုတ်တဲ့အခါ အရောင်ထွက် စိုပြေလှပစေမှာပါ။

အသုံးပြုရလွယ်ကူပြီး အရည်အသွေး စိတ်ချရတဲ့ Alligator နဲ့ GECKO Putty တွေကို ရှာနေတယ်ဆိုရင်တော့ Pyae Hlyan ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ 🤗🎉

📍 လိပ်စာ - အမှတ် (၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅) ထိပ် ပန်းခြံဘေး၊ လှိုင်သာယာမြို့နယ်။
📞 ဆက်သွယ်ရန် - 09 795 245 536, 09 443 179 908, 09 443 007 923

ဝါရင့်ဆေးဆရာကြီးတွေ အိမ်အတွင်းနံရံအတွက်ဆို  Nippon Matex ကိုပဲ လက်စွဲတော်အဖြစ် အမြဲရွေးချယ်လေ့ရှိတာ အကြောင်းမဲ့ သက်သက်တေ...
25/05/2026

ဝါရင့်ဆေးဆရာကြီးတွေ အိမ်အတွင်းနံရံအတွက်ဆို Nippon Matex ကိုပဲ လက်စွဲတော်အဖြစ် အမြဲရွေးချယ်လေ့ရှိတာ အကြောင်းမဲ့ သက်သက်တော့မဟုတ်ဘူးနော် 🧐

Nippon Matex ဆိုတာ အရောင်အသွေး စုံလင်လှပရုံတင်မကဘဲ အရည်အသွေးပိုင်းမှာလည်း တကယ်ကို စိတ်ချရတဲ့အပြင် ဈေးနှုန်းကလည်း ချိုသာတာကြောင့် အခုချိန်ထိ လူကြိုက်အများဆုံး အိမ်တွင်းသုတ်ဆေးအဖြစ် ရပ်တည်နေတာပါ 🤍✨

အိမ်တွင်းပိုင်း နံရံတွေနဲ့ မျက်နှာကြက်တွေကို အလှဆင်ဖို့အတွက်ဆိုရင်တော့ အဆင့်မြင့် Acrylic Copolymer နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Nippon Matex က အသင့်တော်ဆုံးပါပဲ ✨

Nippon Matex ရဲ့ ထူးခြားတဲ့ အားသာချက်တွေကတော့ . . .
✅ဆေးသားတက်တာ အရမ်းကောင်းလို့ နံရံတွေကို ညီညာ လှပစေခြင်း
✅ မှိုတက်တာနဲ့ ရေညှိတက်တာတွေကို ထိထိရောက်ရောက် ကာကွယ်ပေးခြင်း
✅ ခဲဆိပ်နဲ့ ပြဒါးဓာတ်များ လုံးဝမပါဝင်လို့ မိသားစုကျန်းမာရေးအတွက် စိတ်ချရခြင်း
✅ ဆေးသုတ်ရတာ လွယ်ကူပြီး အချိန်ကုန်သက်သာစေခြင်း စတာတွေပဲ ဖြစ်ပါတယ် 🏠

နံရံတွေ၊ မျက်နှာကြက်တွေတင်မကဘဲ သစ်သားမျက်နှာပြင်တွေနဲ့ ကွန်ကရစ်မျက်နှာပြင်တွေမှာလည်း စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်နော်။

ဆေးသားက ပြောင်လက်မနေဘဲ မျက်စိအေးစေမယ့် Matt Finish (ဆေးမှိန်) အမျိုးအစားဖြစ်လို့ အိမ်လေးကို ပိုပြီး ခန့်ညားစေမှာပါ 🏠

လူကြိုက်အများဆုံး ရွေးချယ်စရာ White Color များ White BS 9102
White BS 9102 / Apple White 043 / Lily White 042 / Light Beige 032
Off White BS08B15 / Pearl White 4046 / Rose White 041 / Sweet 045

ဆိုဒ်အနေနဲ့ကတော့ (၇) လီတာ နဲ့ (၂၀) လီတာ ဆိုပြီး အရွယ်အစား နှစ်မျိုး ရရှိနိုင်ပါတယ်ခင်ဗျာ

အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာတဲ့ ဆေးကိုမှ ရှာနေတယ်ဆိုရင်တော့ ဝါရင့်ဆရာကြီးတွေရဲ့ အကြိုက် Nippon Matex ကို Pyae Hlyan မှာ လာရောက်ဝယ်ယူ အားပေးနိုင်ပါပြီဗျာ 😊

📌 လိပ်စာ: အမှတ်(၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅)ထိပ် ပန်းခြံဘေး၊ လှိုင်သာယာ။
☎️ 09 795 245 536, 09 443 179 908, 09 443 007 923

#အိမ်သုတ်ဆေး

ဆေးဆရာကြီးတို့ရေ... လှပတဲ့လက်ရာနောက်ကွယ်မှာ ဘေးကင်းလုံခြုံမှုက အရေးအပါဆုံးပါပဲနော် 👷လှပတဲ့ အိမ်လေးတွေဖြစ်အောင် အနုပညာဆန်...
21/05/2026

ဆေးဆရာကြီးတို့ရေ... လှပတဲ့လက်ရာနောက်ကွယ်မှာ ဘေးကင်းလုံခြုံမှုက အရေးအပါဆုံးပါပဲနော် 👷

လှပတဲ့ အိမ်လေးတွေဖြစ်အောင် အနုပညာဆန်ဆန် ဆေးခြယ်ပေးနေတဲ့ ဆေးဆရာကြီးတို့ရဲ့ ကြိုးစားမှုကို ကျွန်တော်တို့ Pyae Hlyan ကအမြဲတမ်း လေးစားဂုဏ်ယူနေပါတယ်ခင်ဗျာ . . . 🙏

အလုပ်ကို အကောင်းဆုံးဖြစ်အောင် အာရုံစိုက်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း မေ့မထားဖို့ အထူးတိုက်တွန်းချင်ပါတယ်ခင်ဗျာ ⛑️

ဆေးဆရာကြီးတို့ ဘေးကင်းလုံခြုံစွာနဲ့ အလုပ်လုပ်နိုင်ဖို့ ဒီအချက်လေးတွေကို အမြဲသတိပြုပေးပါနော် 📍

✅ ဆေးသုတ် နေစဉ် အချိန်အတွင်း အကာအကွယ်ပစ္စည်းများ အမြဲဝတ်ဆင်ပါ

လေဝင်လေထွက် ကောင်းမွန်တဲ့နေရာမှာအသုံးပြုပါ

အလုပ်လုပ်ဖို့ လိုအပ်သလို နှာခေါင်းစည်း (Mask)၊ လက်အိတ် နဲ့ မျက်မှန်တို့ကို စနစ်တကျ ဝတ်ဆင်ဖို့ မမေ့ပါနဲ့။

အရေပြားဓာတ်မတည့်ခြင်းမှ ရှောင်ကြဉ်ရန် အိမ်သုတ်ဆေးအား အရေပြားသို့ တိုက်ရိုက်မထိတွေ့အောင် သတိထားပေးပါ

⚠️ အရေးပေါ် အခြေအနေများအတွက် သတိပြုရန်

မျက်လုံးထဲ ဆေးဝင်သွားပါက ရေအေးဖြင့် ချက်ချင်းဆေးကြောပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ

အရေပြားပေါ် ဆေးပေပါက ဆပ်ပြာနှင့်ရေကိုသာ အသုံးပြု၍ စင်ကြယ်အောင် ဆေးကြောပါ

ဆေးသုတ်နေစဉ်အတွင်း စားသောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပေးပါ

ဆေးဆရာကြီးတို့ ဘေးကင်းကျန်းမာမှသာ ပိုမိုလှပတဲ့ လက်ရာမွန်တွေကို စိတ်အေးချမ်းသာစွာ ဖန်တီးနိုင်မှာပါ 💚

Pyae Hlyan Construction Materials
📌 လိပ်စာ: အမှတ်(၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅)ထိပ် ပန်းခြံဘေး၊ လှိုင်သာယာ။
☎️ 09 795 245 536 (Viber), 09 443 179 908, 09 443 007 923.

အိမ်လေးတစ်အိမ်ရဲ့ ပျော်ရွှင်မှုဟာ မိသားစုဝင်တွေ အေးအေးချမ်းချမ်းနဲ့ စိတ်လက်ပေါ့ပါးစွာ နေထိုင်နိုင်ခြင်းကနေ စတင်တာပါ ✨အိမ...
21/05/2026

အိမ်လေးတစ်အိမ်ရဲ့ ပျော်ရွှင်မှုဟာ မိသားစုဝင်တွေ အေးအေးချမ်းချမ်းနဲ့ စိတ်လက်ပေါ့ပါးစွာ နေထိုင်နိုင်ခြင်းကနေ စတင်တာပါ ✨

အိမ်တစ်အိမ်ရဲ့ လှပမှုဟာ နံရံဆေးသားရဲ့ ချောမွေ့ညီညာမှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။

မျှော်လင့်ထားတဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံးအရည်အသွေးကို Bravo Ecolite က အပြည့်အဝ ပေးစွမ်းနိုင်ပါတယ် 💪

Bravo Eco Lite က မျက်နှာပြင်ကို ချောမွေ့ညီညာစေပြီး အိမ်တွင်းခန်းကို လင်းလက်တောက်ပမှု ပေးစွမ်းပါတယ် 🌈

အနံ့နည်းတဲ့အတွက် ဆေးနံ့ကြောင့် မအီမသာမဖြစ်စေဘဲ အိမ်ထဲမှာ နေထိုင်ရတာ သက်တောင့်သက်သာဖြစ်ပါတယ် 😷

Bravo Ecolite နဲ့အတူ စိတ်ကူးထဲက အရောင်တွေကို လက်တွေ့ဖန်တီးမယ် 🌻

စိတ်ကူးထဲကအတိုင်း လှပတဲ့ အရောင်အသွေးတွေကို ပိုင်ဆိုင်နိုင်ဖို့ Pyae Hlyan မှာ Color Mixing Machine စက်နဲ့ စိတ်ကြိုက်ဖန်တီးပေးနေပါပြီ 🎨

Pyae Hlyan ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကလည်း အကောင်းဆုံး ဆွေးနွေးအကြံ‌ပေးသွားမှာ ဖြစ်ပါတယ်

UPG, Nippon, Bravo စတဲ့ နာမည်ကြီး Brand တွေကို ပစ္စည်းမှန်၊ ဈေးမှန်ဖြင့် Pyae Hlyan မှာဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

"အိမ်တစ်အိမ်ရဲ့ အလှတရားအတွက်... Bravo Ecolite ကို ရွေးချယ်ပါ"

📌 လိပ်စာ: အမှတ်(၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅)ထိပ် ပန်းခြံဘေး၊ လှိုင်သာယာ။
☎️ 09 795 245 536, 09 443 179 908, 09 443 007 923.

#လှိုင်သာယာ

အိမ်တွင်းအတွက်တစ်မျိုး၊ အပြင်အတွက်တစ်မျိုး ဝယ်နေတုန်းလား? ကန်ထရိုက်တာကြီးတို့အတွက် ဘတ်ဂျက် သက်သာစေမယ့် နည်းလမ်းရှိတယ်နော...
18/05/2026

အိမ်တွင်းအတွက်တစ်မျိုး၊ အပြင်အတွက်တစ်မျိုး ဝယ်နေတုန်းလား?

ကန်ထရိုက်တာကြီးတို့အတွက် ဘတ်ဂျက် သက်သာစေမယ့် နည်းလမ်းရှိတယ်နော်! 👷

အိမ်ဆေးသုတ်ဖို့ ပြင်ဆင်တိုင်း... အိမ်တွင်းအတွက် တစ်မျိုး၊ အပြင်အတွက် တစ်မျိုး Budget ကိုပါ ထည့်သွင်းစဉ်းစားကြရပါတယ် . . . 🤔

ဒါဆိုရင်တော့ အိတ်စိုက်လည်းသက်သာ၊ တစ်အိမ်လုံးလှဖို့ အတွက် Nippon Atom Plus က Interior ရော Exterior အတွက်ပါ တစ်မျိုးတည်းနဲ့ အကုန်အဆင်ပြေအောင် ဖြေရှင်းပေးလိုက်ပါပြီ။

Nippon Atom Plus က အိမ်တွင်းရော အပြင်ပါ တစ်မျိုးတည်း သုံးလို့ရလို့ အိမ်သုတ်ဆေးတွေ အစုံဝယ်ရမယ့် ကုန်ကျစရိတ်ကို အထိရောက်ဆုံး လျှော့ချပေးလို့ ကန်ထရိုက်တာကြီးတို့လည်း တွက်ခြေကိုက်၊ အိမ်ရှင်တို့လည်း တွက်ခြေကိုက်မှာ သေချာသလောက်ပါပဲ 💰

မြန်မာနိုင်ငံရဲ့ ပြင်းထန်လှတဲ့ နေဒဏ်၊ မိုးဒဏ်တွေကို ကောင်းကောင်းကြီး ခံနိုင်ရည်ရှိအောင် အထူးဖော်စပ်ထားလို့ အိမ်အပြင်နံရံတွေအတွက် နှစ်ရှည်လများ စိတ်ပူစရာမလိုတော့ပါဘူး ☀️🌧️

ဒါ့အပြင် အိမ်တွင်း အိမ်အပြင် နံရံတွေအတွက်လည်း လှပချောမွေ့ပြီး အရောင်အသွေး စိုပြေတဲ့ ဆေးသားကို ပေးစွမ်းနိုင်ပါတယ် 🌈

အိတ်စိုက်သက်သာ၊ တစ်အိမ်လုံးလှဖို့ Nippon Atom Plus ကို Pyae Hlyan မှာ အသက်သာဆုံး၊ အချိုဆုံးဈေးနှုန်းနဲ့ စိတ်ချလက်ချ လှမ်းလာဝယ်ယူလိုက်တော့နော်! 🏃🏻‍♂️🛒

ပြည့်လျှံအိမ်သုတ်ဆေးနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး

📌 လိပ်စာ: အမှတ်(၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅)ထိပ် ပန်းခြံဘေး၊ လှိုင်သာယာ။
☎️ 09 795 245 536 (Viber), 09 443 179 908, 09 443 007 923.

ဒီနေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အ‌မေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ပြည့်လျှံ မိသ...
10/05/2026

ဒီနေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အ‌မေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ပြည့်လျှံ မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏

အမေ့ကို ချစ်တဲ့ သားသမီးတိုင်းလည်း အမေ့ကို အနီးကပ် ပြုစုစောင့်ရှောက်နိုင်ပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ 😁

#ပြည့်လျှံအိမ်သုတ်ဆေးနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး

08/05/2026

"ဆေးသုတ်ပြီးမှ နံရံတွေ ဖောင်းကြွလာလို့ စိတ်ညစ်နေရသလား? 🛠️💔
အဖြေကတော့ ဆေးအောက်ခံ (Sealer) ကောင်းကောင်း မသုံးခဲ့လို့ပါ။ ဒီနေ့မှာတော့ အိမ်ရှင်တိုင်း သိထားသင့်တဲ့ Nippon Vinilex 2000 Sealer အကြောင်းကို ကျွန်မ ကိုယ်တိုင် ရှင်းပြပေးသွားမှာပါ။
အိမ်တစ်ခါဆောက်ရင် နှစ်ပေါင်းများစွာ ခိုင်ခံ့နေဖို့ဆိုတာ အောက်ခံ Sealer က အဓိကပဲလေ။ ဗဟုသုတရအောင် Video လေးကို အဆုံးထိ ကြည့်သွားပေးပါဦးနော်။"

ကဆုန်လပြည့် ဗုဒ္ဓ‌နေ့ရဲ့ အေးမြတဲ့ အရှိန်အဝါနဲ့အတူ အားလုံးပဲ ကိုယ်စိတ်နှပါး အေးချမ်းကြပါစေ။ ‌ညောင်ရေသွန်းလောင်းရတဲ့ ကုသို...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓ‌နေ့ရဲ့ အေးမြတဲ့ အရှိန်အဝါနဲ့အတူ အားလုံးပဲ ကိုယ်စိတ်နှပါး အေးချမ်းကြပါစေ။

ညောင်ရေသွန်းလောင်းရတဲ့ ကုသိုလ် အစုစု‌ ကြောင့် ပူပင်သောကတွေ ကင်းဝေးပြီး ကြည်နူးမူတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့ Pyae Hlyan မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ 🙏

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးသွားတဲ့ ကန်ထရိုက်တာကြီးကို အထူးပဲ ကျေးဇူးတင်ရှိကြေ...
21/04/2026

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးသွားတဲ့ ကန်ထရိုက်တာကြီးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောပါရစေခင်ဗျာ 😊

ကျွန်တော်တို့ ပြည့်လျှံ ဟာဆိုရင် လူကြိုက်များပြီး အရည်အသွေးစိတ်ချရတဲ့ UPG ၊ Nippon နဲ့ Bravo စတဲ့ နာမည်ကြီး ဆေးတံဆိပ်တွေရဲ့ Authorized Distributor အဖြစ် မြန်မာတစ်နိုင်ငံလုံးကို ယုံကြည်စိတ်ချစွာ ဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ် 🏠🎨

ကိုယ့်အိမ်အတွက် ဘယ်လိုအရောင်မျိုးက အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ ဝေခွဲမရဖြစ်နေရင်လည်း စိတ်မပူပါနဲ့နော်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ခေတ်မီ Color Mixing Machine တွေနဲ့ မိမိစိတ်ကြိုက်အရောင်ကို စိတ်တိုင်းကျ ဖန်တီးရွေးချယ်နိုင်မှာပါ 🖌️💻

ဒါတင်မကသေးပါဘူး။ အိမ်ဆောက်ဖို့ လိုအပ်တဲ့ တခြားသော ဆက်စပ်ပစ္စည်းတွေကိုလည်း တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်တာကြောင့် လူကြီးမင်းတို့အတွက် အချိန်ကုန်သက်သာပြီး အားလုံးအဆင်ပြေစေမှာ သေချာပါတယ် ✅

လိပ်စာလေးကတော့ အမှတ် (၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅)ထိပ် ပန်းခြံဘေး၊ လှိုင်သာယာမြို့နယ် မှာ တည်ရှိပါတယ်ခင်ဗျာ 📍

Address

အမှတ် (၂၁၆)၊ ပီမိုးနင်းလမ်း၊ (၅) ထိပ် ပန်းခြံဘေး၊ လှိုင်သာယာ

Telephone

+959795245536

Website

Alerts

Be the first to know and let us send you an email when ပြည့်လျှံအိမ်သုတ်ဆေးနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Hardware Service?

Share