30/10/2026
KOMTRAX System ဆိုတာဘာလဲ?
KOMTRAX ဟာ Komatsu Machine တွေရဲ့ Operating Information ကို အဝေးကနေ စောင့်ကြည့်စီမံနိုင်ဖို့ အသုံးပြုတဲ့ Telematics System ဖြစ်ပါတယ်။
KOMTRAX တပ်ဆင်ထားတဲ့ Machine တွေကနေ ရရှိနိုင်တဲ့ Data တွေကို အသုံးပြုပြီး Machine Usage၊ Maintenance Planning နဲ့ Fleet Management ကို ပိုမိုစနစ်တကျ စီမံနိုင်ပါတယ်။
အဓိကအသုံးဝင်တဲ့ Information တွေက
☑ Machine Location
Machine ရှိနေတဲ့နေရာနဲ့ Movement Information ကို စောင့်ကြည့်နိုင်ပါတယ်။
☑ Operating Hours & Usage
Machine အလုပ်လုပ်ထားတဲ့ Hours၊ Productive Time၊ Idle Time နဲ့ Usage Pattern တွေကို စောင့်ကြည့်နိုင်ပါတယ်။
☑ Fuel Information
Fuel Consumption Data ကို Daily၊ Weekly သို့မဟုတ် အချိန်ကာလအလိုက် ကြည့်ရှုနိုင်ပြီး Operating Pattern နဲ့ Fuel Usage ကို ပြန်လည်သုံးသပ်နိုင်ပါတယ်။
☑ Caution / Abnormality Information
Machine မှာ Caution သို့မဟုတ် ပုံမှန်မဟုတ်တဲ့ Condition တစ်ခုရှိလာတဲ့အခါ သက်ဆိုင်ရာ Alert Information တွေကို Maintenance နဲ့ Inspection Planning အတွက် အသုံးချနိုင်ပါတယ်။
☑ Equipment History
Machine ရဲ့ Operating History နဲ့ Condition Trend တွေကို ပြန်လည်ကြည့်ရှုနိုင်တာကြောင့် Fleet Management နဲ့ Maintenance Decision တွေအတွက် Data အဖြစ် အသုံးဝင်ပါတယ်။
တချို့ Model နဲ့ Service Configuration တွေမှာ Machine Movement Alert၊ Fuel Level Monitoring သို့မဟုတ် Remote Security Functions စတဲ့ Feature တွေလည်း ရရှိနိုင်ပါတယ်။
KOMTRAX က Machine ကို အဝေးကနေ Data နဲ့ စောင့်ကြည့်နိုင်စေတဲ့ Support System ဖြစ်ပြီး Daily Inspection၊ Scheduled Maintenance နဲ့ Operator Check တွေနဲ့ တွဲဖက်အသုံးပြုတဲ့အခါ Machine Management ကို ပိုမိုစနစ်တကျ လုပ်ဆောင်နိုင်ပါတယ်။
KOMTRAX နဲ့ Komatsu Technology အကြောင်း အသေးစိတ်သိရှိလိုပါက Komatsu Myanmar Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။