Mega Steel

Mega Steel 🥇ဆောက်လုပ်ရေးပစ္စည်းမျိုးစုံ စက်ရုံနှင့် လက္ကားတိုက်ရိုက်ဖြန့်ချီရေးမှကြိုဆိုပါတယ် 🇲🇲

12/04/2026

🌿💦 နှစ်သစ်အကြိုနေ့ဆုမွန်ကောင်း 🌿💦

မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ် အကြိုနေ့ နှင့်အတူ ချစ်ခင်လေးစားရပါသော 𝐂𝐔𝐒𝐓𝐎𝐌𝐄𝐑 များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...🙏🙏🙏

Mega Steel ရဲ့ သင်္ကြန်အကြိုပါတီမှာ အားလုံးပဲ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်! 💦🎉ရိုးရာမပျက် မုန့်လုံးရေပေါ်တွေ အတူတူ...
07/04/2026

Mega Steel ရဲ့ သင်္ကြန်အကြိုပါတီမှာ အားလုံးပဲ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်! 💦🎉

ရိုးရာမပျက် မုန့်လုံးရေပေါ်တွေ အတူတူလုပ်စားရင်း၊ ဌာနအလိုက် အားကြိုးမာန်တက် ကပြဖျော်ဖြေမှုတွေနဲ့ ရင်ခုန်စရာ "ဗလာမပါ ကံစမ်းမဲ" အစီအစဉ်တွေကလည်း ပါတီကို ပိုပြီး သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။ 🎁🕺

ဝန်ထမ်းတိုင်းအတွက် သင်္ကြန်မုန့်ဖိုးတွေပေးအပ်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ရေပက်ကစားကြရင်း Mega Steel မိသားစုရဲ့ စည်းလုံးမှုကို ပြသခဲ့ကြတဲ့ အမှတ်တရ Video လေးကို အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။ 🌊✨

🏮 နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလမှာ ဆောက်လုပ်ရေး ပရောဂျက်တွေ စတင်ဖို့ 🧧  MEGA STEEL က 10% အထူး လျှော့စျေးနဲ့ အားဖြည့်ပ...
06/04/2026

🏮 နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလမှာ ဆောက်လုပ်ရေး ပရောဂျက်တွေ စတင်ဖို့
🧧 MEGA STEEL က 10% အထူး လျှော့စျေးနဲ့ အားဖြည့်ပေးနေပါပြီ...

🏡 နှစ်ကူးအမီ အိမ်အသစ် ဆောက်ဖို့လား?
🏢 ရုံးခန်း ဒါမှမဟုတ် ဆိုင်ခန်း ပြင်ဆင်ဖို့ အတွက်လား?
🏭 စက်ရုံနဲ့ ဂိုဒေါင် တည်ဆောက်ဖို့ အတွက်လား?

အမျိုးမျိုးသော ဆောက်လုပ်ရေး ပရောဂျက်တွေကို စတင်တော့မယ့် သူတွေအတွက်
👉🏻 အရည်အသွေး အာမခံချက်ရှိတဲ့ Mega Steel ကနေပြီးတော့
ဆောက်လုပ်ရေး လုပ်ငန်းသုံး သံထည်ပစ္စည်း အားလုံး အတွက် ✨ 10% Discount ✨ ကို စီစဉ်ပေးနေပြီနော်...

Mega Steel Group Of Companies တွင် ဝယ်ယူရရှိနိုင်သော သံထည်ပစ္စည်းများမှာ__
🛠️ GI Hollow, MS Hollow
🛠️ GI Round Pipe, MS Round Pipe
🛠️ GI Plate, MS Plate
🛠️ C-Channel, Deformed Bar
🛠️ H-Beam, I-Beam, U-Beam
🛠️ 4 Angle, Decking Sheet
🛠️ PPGI Coil, GI Coil တွေနဲ့
🛠️ အခြား ဆောက်လုပ်ရေး သံထည် ပစ္စည်းမျိုးစုံကိုလည်း
အရည်အသွေးပိုင်း စိတ်ချပြီးတော့ လက်လီ၊ လက္ကားဈေးနှုန်းတွေနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်လို့...

လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ အတွက် 🏗️ 🏗️
စိတ်အချရဆုံးဖြစ်တဲ့ MEGA STEEL ကို အခုပဲ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🌟သံထည်ပစ္စည်းများ အတွက်
🌟စိတ်အချရဆုံး MEGA STEEL

အသေးစိတ် သိရှိရန်နှင့် ဆက်သွယ်ရန်:
📱 Viber: 09750750754; 09750750752; 095150995
☎️ Phone: 09750750754; 09750750752

စက်ရုံနှင့် ဆိုင်လိပ်စာများ
🏢 ရန်ကုန်စက်ရုံ: အမှတ် ၅၂၉ - (၃)၊ ၅၂၉ - (၄)၊ ပင်လုံလမ်း၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
🏢 မန္တလေးစက်ရုံ: ၆ဝ × ၆၁လမ်းကြား၊ ၁၃၆လမ်း၊ မန္တလေးစက်မှုဇုန်၊ မန္တလေးမြို့။
🏢 စော်ဘွားကြီးကုန်းဆိုင်: အဆောင် (၁ဝ၃)၊ အခန်း (၄၊ ၅၊ ၆)၊ ရွှေဝါလမ်း၊ စော်ဘွားကြီးကုန်း။
🏢 နေပြည်တော်ဆိုင်: အမှတ် (၂၂၆၅/၂၂၆၂)၊ အောင်သာယာရပ်ကွက်၊ ရန်ကုန်မန္တလေးလမ်းဟောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။
🗺️ Google Map Link: https://goo.gl/maps/pCSwefWparCAkJiNA

#သံဆိုရင်megasteel #တရုတ်နှစ်ကူးပရိုမိုးရှင်း

📢 MEGA STEEL ၏ နှစ်သစ်ကူး ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📢🗓 မကြာခင် ကျရောက်တော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလတွ...
03/04/2026

📢 MEGA STEEL ၏ နှစ်သစ်ကူး ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📢

🗓 မကြာခင် ကျရောက်တော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလတွင် MEGA STEEL ရုံးချုပ်၊ ဆိုင်ခွဲနှင့် ဂိုဒေါင်များအား ရုံးပိတ်ရက် (11.04.2026) မှ (19.04.2026) အထိ ပိတ်ထားမည် ဖြစ်ပါသဖြင့်

🚛 ကုန်ပစ္စည်း တင်မည့်သူများ အနေဖြင့် (10.04.2026) သောကြာနေ့၊ နေ့လည် (၁၂:၀၀) နာရီ နောက်ဆုံးထားပြီး လာရောက် တင်ဆောင်ပေးပါရန် မေတ္တာရပ်ခံ ကြိုတင်အသိပေးအပ်ပါသည်...

(20.04.2026) တနင်္လာနေ့တွင် ရုံးလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားပါမည်...

✨အားလုံးပဲ ဘေးကင်းပျော်ရွှင်စရာ အတာသင်္ကြန်ကာလလေး ဖြစ်ပါစေကြောင်း MEGA STEEL မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်...

#သင်္ကြန်ပိတ်ရက်

တပ်မတော်နေ့ (Armed Forces Day) 🎖️💂🇲🇲 ခံစစ်မှာ သံမဏိတံတိုင်း၊ တိုက်စစ်မှာ အောင်ပွဲ ရဲရင့်ခြင်းတွေနဲ့ နိုင်ငံတော်ကို အသက်ပ...
27/03/2026

တပ်မတော်နေ့ (Armed Forces Day) 🎖️💂
🇲🇲 ခံစစ်မှာ သံမဏိတံတိုင်း၊ တိုက်စစ်မှာ အောင်ပွဲ ရဲရင့်ခြင်းတွေနဲ့ နိုင်ငံတော်ကို အသက်ပေး ကာကွယ်နေကြတဲ့ နိုင်ငံစစ်သည်တော်များ အားလုံး၏ သတ္တိနှင့် စိတ်ဓာတ်ကို အလေးအမြတ်ထားပြီး ဂုဏ်ပြု ကြိုဆိုအပ်ပါကြေင်းနှင့်… 🛡️
ဈေးဝယ်သူ မိဘပြည်သူများ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်... 🎖️
#တပ်မတော်နေ့ # ArmedForcesDay

Happy Eid Al-Adha Mubarak 2026🌙🕋ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်နေ့တွင် အစ္စလာမ်ဘာသာဝင် ညီအစ်ကို၊ မောင်နှစ်မမျာ...
20/03/2026

Happy Eid Al-Adha Mubarak 2026🌙🕋

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်နေ့တွင် အစ္စလာမ်ဘာသာဝင် ညီအစ်ကို၊ မောင်နှစ်မများ အားလုံး နှင့် (၇) ရက်သားသမီးများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပြီး ပျော်ရွှင်ဖွယ် အီးဒ်နေ့ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

💦 သင်္ကြန်မတိုင်ခင် အိမ်အမိုးအသစ် လှဲလှယ်ပြုပြင်မယ့် သူတွေ အတွက် Mega Steel ရဲ့ အရည်အသွေးမြင့် သွပ်အမိုးပြားအမျိုးမျိုး✨...
17/03/2026

💦 သင်္ကြန်မတိုင်ခင် အိမ်အမိုးအသစ် လှဲလှယ်ပြုပြင်မယ့် သူတွေ အတွက်
Mega Steel ရဲ့ အရည်အသွေးမြင့် သွပ်အမိုးပြားအမျိုးမျိုး✨

နွေအပူမှာ အပူဒဏ်ကို စိုးရိမ်စရာမလိုဘဲ ☀️
🏠 မိသားစုနဲ့အတူ အေးအေးလူလူ နားခိုနိုင်ဖို့ အိမ်အမိုးကို စောစောစီးစီး ကြိုတင် ပြင်ဆင်ထားမယ့် သူတွေ အတွက် ...

Mega Steel မှာ မြန်မာ့ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရုံတင်မကဘဲ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းမျိုးစုံနဲ့ တာရှည်ခံတဲ့
✨ Premium Quality သွပ်အမိုးပြား အမျိုးမျိုးကို တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်ပြီနော်...

🛠 လူကြိုက်များပြီး ရေပန်းစားသော အမိုးဒီဇိုင်းများမှာ -
ရိုးရာဒီဇိုင်း ကြိုက်နှစ်သက်သူများ အတွက်
✅ ၉/၁၁ လိုင်းသွပ်၊ 4 Angle သွပ်ဒီဇိုင်း အမျိုးမျိုး

Modern Aesthetics စတိုင်ကြိုက်နှစ်သက်သူများ အတွက်
✅ Oriental (Design & Convex), European, Asia, Crown & Eagle Design

Innovative Solutions အတွက် စကူမလိုသောအမိုးစနစ်
✅ Screwless Roofing ဒီဇိုင်း အမျိုးမျိုး

အပူဒဏ် ကာကွယ်ပေးသော
✅ Polyurethane (PU) Foam ကပ်ပြီးသား အမိုးနှင့် နံရံကပ်ပြားများ နှင့်

မရှိမဖြစ် လိုအပ်သော
✅ Transparent (သွပ်အကြည်) နှင့် အမိုး Accessories အမျိုးမျိုးတို့ကိုလည်း
စက်ရုံတိုက်ရိုက် လက်လီ/ လက္ကားဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်...

🌟သံထည်ပစ္စည်းများ အတွက်
🌟စိတ်အချရဆုံး 𝐌𝐄𝐆𝐀 𝐒𝐓𝐄𝐄𝐋

စက်ရုံလိပ်စာ 👇👇👇
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤 : https://goo.gl/maps/pCSwefWparCAkJiNA

စျေးနှုန်း 𝐔𝐩𝐝𝐚𝐭𝐞 လေးတွေ သိနိုင်ရန် 👇👇👇
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 : https://invite.viber.com/...

📱 Viber : 09750750754; 09750750752; 095150995
☎️ Phone : 09750750754; 09750750752

🏢စက်ရုံလိပ်စာ : အမှတ်(၅၂၉/၃,၄),ပင်လုံလမ်း,စက်မှုဇုန်(၁), တောင်ဒဂုံမြို့နယ်, ရန်ကုန်မြို့။
🏢တောင်ဒဂုံဝေးတဲ့သူတွေ အတွက် 𝐒𝐁𝐆𝐆 လိပ်စာ : အဆောင် (၁၀၃)၊ အခန်း (၄၊၅၊၆)၊ ရွှေဝါလမ်း၊ စော်ဘွားကြီးကုန်း။
🏢နယ်ဝေး 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် ဇေကမ္ဘာလိပ်စာ : အမှတ် (၇၀), ဇေကမ္ဘာ (၇) လမ်း, ဇေကမ္ဘာဝန်း, ရန်ကုန်မြို့။
🏢ပိုမို လွယ်ကူစေရန် မန္တလေးလိပ်စာ : အမှတ်(၉/၈၂), သခင်ဖိုးလှကြီးနှင့် ရောမင်းကြီးလမ်းကြား၊ ၆၂လမ်း, ဇုံ (၁), မန္တလေးမြို့။

#သံဆိုရင်megasteel #သင်္ကြန်အကြို #အမိုးပြင်ဆင်ခြင်း

ကွန်ကရစ်လောင်းပြီး ဘာကြောင့် ရေဖြန်း (Curing) ဖို့ မေ့ထားလို့ မရတာလဲ? 🛠️💧အဆောက်အဉီးတစ်ခု ကြံ့ခိုင်ဖို့ဆိုတာ အုတ်မြစ်ကောင...
16/03/2026

ကွန်ကရစ်လောင်းပြီး ဘာကြောင့် ရေဖြန်း (Curing) ဖို့ မေ့ထားလို့ မရတာလဲ? 🛠️💧

အဆောက်အဉီးတစ်ခု ကြံ့ခိုင်ဖို့ဆိုတာ အုတ်မြစ်ကောင်းဖို့ တင်မကဘဲ ကွန်ကရစ်ရဲ့ အရည်အသွေးကလည်း အဓိကကျပါတယ်။ အများစုက ကွန်ကရစ် လောင်းပြီးရင် ပြီးပြီလို့ ထင်တတ်ကြပေမယ့် "ရေဖြန်းခြင်း" (Curing) ဆိုတာ ကွန်ကရစ်ရဲ့ သက်တမ်းကို ဆုံးဖြတ်ပေးတဲ့ အဆင့်ပါ...

ဘာကြောင့် ကွန်ကရစ်လောင်းပြီး ရေဖြန်းပေးဖို့ လိုအပ်တာလဲ? 🤔
✅ ကွန်ကရစ်ထဲက ဘိလပ်မြေနဲ့ ရေဓာတ် ဓာတ်ပြုမှု အားကောင်းစေပြီး သတ်မှတ်ထားတဲ့ ခံနိုင်ရည်အား (Designed Strength) ကို ရရှိစေပါတယ်။
✅ ရေဓာတ် အငွေ့ပျံတာ မြန်သွားရင် ဖြစ်တတ်တဲ့ အပေါ်ယံ အက်ကြောင်းလေးတွေကို မဖြစ်အောင် တားဆီးပေးပါတယ်။
✅ စနစ်တကျ ရေဖြန်းထားတဲ့ ကွန်ကရစ်ဟာ ပိုမို သိပ်သည်းပြီး ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ရည် ရှိစေပါတယ်။

💡 ဒီလို အချက်တွေကြောင့် ကွန်ကရစ်လောင်းပြီး (၇) ရက်မှ (၁၄) ရက်အတွင်းမှာ စနစ်တကျ ရေဖြန်းပေးဖို့ မမေ့သင့်ဘူး‌နော်...

အဆောက်အဉီး ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး စနစ်တကျ ဝန်ဆောင်မှုပေးနေတဲ့ MEGA STEEL မှာ Turnkey Solutions များကို စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်...

🌟သံထည်ပစ္စည်းများ အတွက်
🌟စိတ်အချရဆုံး 𝐌𝐄𝐆𝐀 𝐒𝐓𝐄𝐄𝐋

စက်ရုံလိပ်စာ 👇👇👇
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤 : https://goo.gl/maps/pCSwefWparCAkJiNA

စျေးနှုန်း 𝐔𝐩𝐝𝐚𝐭𝐞 လေးတွေ သိနိုင်ရန် 👇👇👇
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 : https://invite.viber.com/...

📱 Viber : 09750750754; 09750750752; 095150995
☎️ Phone : 09750750754; 09750750752

🏢စက်ရုံလိပ်စာ : အမှတ်(၅၂၉/၃,၄),ပင်လုံလမ်း,စက်မှုဇုန်(၁), တောင်ဒဂုံမြို့နယ်, ရန်ကုန်မြို့။
🏢တောင်ဒဂုံဝေးတဲ့သူတွေ အတွက် 𝐒𝐁𝐆𝐆 လိပ်စာ : အဆောင် (၁၀၃)၊ အခန်း (၄၊၅၊၆)၊ ရွှေဝါလမ်း၊ စော်ဘွားကြီးကုန်း။
🏢နယ်ဝေး 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် ဇေကမ္ဘာလိပ်စာ : အမှတ် (၇၀), ဇေကမ္ဘာ (၇) လမ်း, ဇေကမ္ဘာဝန်း, ရန်ကုန်မြို့။
🏢ပိုမို လွယ်ကူစေရန် မန္တလေးလိပ်စာ : အမှတ်(၉/၈၂), သခင်ဖိုးလှကြီးနှင့် ရောမင်းကြီးလမ်းကြား၊ ၆၂လမ်း, ဇုံ (၁), မန္တလေးမြို့။

#သံဆိုရင်megasteel

❝အိမ်တစ်လုံးအတွက် 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 လိုအပ်ချက်နှင့် ပေတွက်နည်း❞အိမ်တစ်လုံးအတွက် လိုအပ်တဲ့ 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေတွက်ကို သိချင်တယ်ဆ...
14/03/2026

❝အိမ်တစ်လုံးအတွက် 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 လိုအပ်ချက်နှင့် ပေတွက်နည်း❞

အိမ်တစ်လုံးအတွက် လိုအပ်တဲ့ 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေတွက်ကို သိချင်တယ်ဆိုရင် အရင်ဆုံး အဆောက်အဦးရဲ့ အလျား၊ အနံနဲ့ ပါဝင်မဲ့ အထပ်အရေအတွက်ကို သိဖို့ လိုအပ်ပါတယ်။

ဥပမာ။ ။ ပေ 𝟰𝟬’ x 𝟲𝟬’ ရှိတဲ့ နှစ်ထပ် အဆောက်အဦး တစ်ခုကို ဆောက်လုပ်မည် ဆိုကြပါစို့။

𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အနံ = 𝟯 ပေအနံ

လိုအပ်သည့် 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အချပ်ရေ
~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်အနံ 𝟲𝟬’ / 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အနံ 𝟯’ = 𝟮𝟬 ချပ်

ခင်းရမည့် 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေတွက်
~~~~~~~~~~~~~~~~~~~~~~~~~
အိမ်အလျား 𝟰𝟬’ x 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အချပ်ရေ 𝟮𝟬 = 𝟴𝟬𝟬 ပေ

နှစ်ထပ် အဆောက်အဦးဖြစ်သည့် အတွက် 𝟮 x 𝟴𝟬𝟬 = 𝟭𝟲𝟬𝟬 ပေ

ပေ 𝟰𝟬’ x 𝟲𝟬’ ရှိတဲ့ နှစ်ထပ် အဆောက်အဦးကို ဆောက်လုပ်မည်ဆိုပါက 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေ 𝟭𝟲𝟬𝟬 လိုအပ်မည် ဖြစ်ပါသည်။

မိမိဆောက်လုပ်မည့် အဆောက်အဦး၏ အထပ်အမြင့်နှင့် လိုချင်သည့် ကြံ့ခိုင်မှု ပေါ်မူတည်ပြီး အထပ်မြင့်လျှင် 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 (𝟯) လက်မဇောက်နှင့် အထပ်နိမ့်လျှင် (𝟮) လက်မဇောက်ကို အသုံးပြုရမှာပဲဖြစ်ပါတယ်။

ကျမတို့ 𝐌𝐞𝐠𝐚 𝐒𝐭𝐞𝐞𝐥 မှာ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံနဲ့ 𝗢𝗿𝗱𝗲𝗿 ပေးနည်းနဲ့ အဆောက်အဦး အတွက် လိုအပ်တဲ့ 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေတွက်ကို အမြန်ဆုံး တွက်ချက်ပေးလျက် ရှိတဲ့အပြင် လူကြီးမင်းတို့ လိုချင်တဲ့ အရှည်နဲ့ အထူ၊ အပါး များကိုလည်း ထုမှန်ကန်ကြောင်း အာမခံချက်နဲ့အတူ စက်ရုံတိုက်ရိုက် စျေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်ရှင့်🇲🇲🇮🇹

ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်များ၊ ကိုယ်တိုင် အိမ်ဆောက်မည့် သူများနှင့် ဆောက်လုပ်ရေး 𝗣𝗿𝗼𝗷𝗲𝗰𝘁 များ အတွက် 𝗢𝗿𝗱𝗲𝗿 များကိုလည်း အလျင်မြန်ဆုံး စီစဉ်၊ ဆောင်ရွက်ပေးလျက် ရှိတဲ့အပြင် နယ်သမားများ အတွက်လည််း စျေးသက်သာတဲ့ ကားဂိတ်ဖြင့် စီစဉ်၊ ပို့ဆောင်ပေးလျက်ရှိပါတယ်ရှင့် 📲📲📲

ထုအလိုက် တစ်ပေစျေးများ ကွာဟချက်များ ရှိတာကြောင့် 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 တွင် ဆိုင် (သို့) 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗡𝗮𝗺𝗲 ကဒ် ပေးပို့ခြင်းအားဖြင့် 𝗣𝗿𝗶𝗰𝗲 𝗨𝗽𝗱𝗮𝘁𝗲 နှင့် 𝗟𝗶𝘀𝘁 များကို ရယူနိုင်ပါပြီ📥📥📥

🌟သံထည်ပစ္စည်းများ အတွက်
🌟စိတ်အချရဆုံး 𝐌𝐞𝐠𝐚 𝐒𝐭𝐞𝐞𝐥

📱 Viber : 09750750754; 09750750752; 095150995
☎️ Phone : 09750750754; 09750750752
🏢ရန်ကုန်လိပ်စာ : အမှတ်(၅၂၉/၃,၄),ပင်လုံလမ်း,စက်မှုဇုန်(၁), တောင်ဒဂုံမြို့နယ်, ရန်ကုန်မြို့။
🏢မန္တလေးလိပ်စာ : အမှတ်(၉/၈၂), သခင်ဖိုးလှကြီးနှင့် ရောမင်းကြီးလမ်းကြား၊ ၆၂လမ်း, ဇုံ (၁), မန္တလေးမြို့။








❝ ခေါင်မိုးနှင့် ပတ်သက်သည့် အခေါ်အဝေါ်‌များ (Parts of a Roof) ❞(၁) Ridge (ခေါင်ရိုး)အမိုးတစ်ခု၏ မျက်နှာပြင် အစောင်းနှစ်ခ...
12/03/2026

❝ ခေါင်မိုးနှင့် ပတ်သက်သည့် အခေါ်အဝေါ်‌များ (Parts of a Roof) ❞

(၁) Ridge (ခေါင်ရိုး)
အမိုးတစ်ခု၏ မျက်နှာပြင် အစောင်းနှစ်ခု ထိပ်ချင်းဆုံရာတွင် ဖြစ်ပေါ်နေသော အမြင့်ဆုံး အစိတ်အပိုင်းကို Ridge (ခေါင်ရိုး) ဟုခေါ်ခြင်းဖြစ်ပါသည်။

(၂) Ridge Cover (ခေါင်အုပ်)
ခေါင်းရိုးကို ဖုံးအုပ်ထားသော ခေါင်အုပ်ကို ခေါ်ပါသည်။

(၃) Hip (အုန်းလက်)
အမိုးအစွန်းနှစ်ဖက်သည် အပြင်ဘက်သို့ ၁၈၀ ဒီဂရီထက် များ၍ ထွက်နေသော အစွန်းကို အုန်းလက်ဟုခေါ်သည်၊

(၄) Hip Rafter (အုန်းလက်ဒိုင်း)
အုန်းလက်နေရာတွင် အသုံးပြုသော သစ်သားကို Hip Rafter (အုန်းလက်ဒိုင်း) ဟုခေါ်ပါသည်။

(၅) Valley (ရေလိမ်)
အမိုးအစွန်းနှစ်ခုသည် အတွင်းဘက်သို့ ၁၈၀ ဒီဂရီထက် နည်း၍ တွေ့ဆုံနေသည့် အစိတ်အပိုင်းကို Valley (ရေလိမ်) ဟုခေါ်သည်။

(၆) Valley Rafter (ရေလိမ်ဒိုင်း)
ရေလိမ်နေရာတွင် အသုံးပြုသော သစ်သား
ကိုရေလိမ်ဒိုင်း Valley Rafter ဟုခေါ်သည်။

(၇) Verge (ကျီးယက်)
မြင့်မိုရ်ပိတ် အမိုးများတွင် ခေါင်မှ တစက်မိတ် အထိ စောင်းလျှက် ဆင်းလာသော အစွန်းကို Verge ကျီးယက် ဟုခေါ်ပါသည်။

(၈) Gable (မြင့်မိုရ်ပိတ်)
အမိုးအစောင်းနှစ်ခု အဆုံးသပ်ရာ၌ ထိပ်တွင် တွေ့ရှိရသော တြိဂံပုံကို Gable (မြင့်မိုရ်ပိတ်) ဟုခေါ်ပါသည်။

(၉) Trusses (ဒိုင်းခွေ)
အခန်းတစ်ခု၏ အဖွင့် ကျယ်လာသောအခါ ဒိုင်းများကို အမာခံ ပြုလုပ်၍ မရတော့သဖြင့် ဒိုင်းခွေကြီးများခံ၍ ဆောက်လုပ်ပေးရသည်၊ အဆိုပါ ဒိုင်ခွေကြီးများကို Trusses (ဒိုင်းခွေ) ဟုခေါ်ပါသည်။

(၁၀) Eave (တစက်မြိတ်)
အမိုး၏ အနိမ့်ဆုံးသော အစိတ်အပိုင်းကို Eave (တစက်မြိတ်) ဟုခေါ်ပါသည်။

(၁၁) Eave Board (ပန်းဆွဲ)
တစက်မြိတ် ဒိုင်းအစွန်းများတွင် သွယ်တန်းထားသော ပျဥ်ပြားများကို Eave Board (ပန်းဆွဲ) ဟုခေါ်ပါသည်။

(၁၂) Purlin (မျှားတန်း)
အမိုးမိုးရန် ဒိုင်းများပေါ်တွင် သွယ်တန်းထားသော သစ်သားတန်းများကို Purlin (မျှားတန်း) ဟုခေါ်ပါသည်။

(၁၃) Tie (ထုပ်တန်း)
တိုင်နှစ်လုံးကို ချုပ်နှောင်ရန် သွယ်တန်းထားသောသစ်သားတန်းကို Tie (ထုပ်တန်း) ဟုခေါ်ပါသည်။

(၁၄) Collar (ဒိုင်းချုပ်)
ဒိုင်းနှစ်ခု ပြန့်မကားသွားစေရန် ထိန်ပေးထားသော တန်းကို Collar (ဒိုင်းချုပ်) ဟုခေါ်ပါသည်။

(၁၅) Fascia Board (ခါးပန်း)
ဆင့်အစွန်းများကို ဖုံးအုပ်ရန် ရိုက်ကပ်ထားသော ပျဥ်ပြားကို Fascia Board (ခါးပန်း) ဟုခေါ်ပါသည်။

(၁၆) Post Plate (ယောက်)
သစ်သားတိုင်များတွင် ဒိုင်းများ တင်ထားနိုင်ရန် အသုံးပြုသော သစ်သားချောင်းများကို ယောက် Post Plate (ယောက်) ဟုခေါ်ပါသည်။

(၁၇) Wall Plate (အုံးတုံး)
ဒိုင်းများကို လက်ခံ၍ နံရံပေါ်တွင် အလေးချိန် ညီမျှစွာ ပြန့်နှံစေရန် တပ်ဆင်ထားသော သစ်သားချောင်းများကို Wall Plate (အုံးတုံး) ဟုခေါ်ပါသည်။

(၁၈) Cleat (ဖါးတုံး)
မျှားတန်းများကို ဖြစ်စေ၊ ယက်မများကို ဖြစ်စေ ပင့်ထားရန် တပ်ဆင်ထားသော သစ်သားတုံးများကို Cleat (ဖါးတုံး) ဟုခေါ်ပါသည်။

(၁၉) Jack Rafter ( နို့စို့ဒိုင်း)
ဒိုင်းအတိုများကို နို့စို့ဒိုင်း ဟုခေါ်ပါသည်။
(အချို့မှာ ခေါင်ရိုးမှ ရေလိမ်ဒိုင်းတွင် အဆုံးသပ်
၍ အချို့မှာ အုန်းလက်မှ တစက်မြိတ်တွင် အဆုံး
သတ်ပါသည်)

(၂၀) Ridge Piece (ခေါင်ယောက်)
ခေါင်ရိုးတွင် အသုံးပြုထားသော သစ်သား
ကို Ridge Piece (ခေါင်ယောက်) ခေါ်ပါသည်။

(၂၁) Common Rafter (or) Spar (ရေဆင်းဒိုင်း)
ခေါင်မှတစက်မြိတ် အထိ မျှားတန်းများ တင်ထားနိုင်ရန် သွယ်တန်းထားသော ဒိုင်းများကို Common Rafter (or) Spar (ရေဆင်းဒိုင်း) ခေါ်ပါသည်။

(၂၂) Wind Filling
ဒိုင်းနှစ်ခု အကြားရှိ ကွက်လပ်ကို လင်းနို့၊ ကြွက် အစရှိသော သတ္တဝါများ မဝင်နိုင်စေရန် သံစကာနှင့်ဖြစ်စေ၊ နံရံကိုမြှင့်၍ဖြစ်စေ၊ အခြားသော ပစ္စည်းတမျိုးမျိုးကို အသုံးပြု၍ ပိတ်ထားသော အရာကို Wind Filling ဟုခေါ်ပါသည်။

(၂၃) Beam Filling
ဆင့်နှစ်ခုအကြားတွင် သင့်လျှော်သော ပစ္စည်းတမျိုးမျိုးနှင့် ပိတ်ထားပေးခြင်းကို Beam Filling ဟုခေါ်ပါသည်။

(၂၄) Sprocket (စွန်မြီးကော့)
နံရံတစ်ခု၏ အမြင့်အား လိုသောနေရာ၌ ထားရှိနိုင်ရန်နှင့် တခါတရံ မိုးရေ အရှိန်နည်းစွာ စီးဆင်းနိုင်စေရန် အတွက် တပ်ဆင်ရသည့် အရာကို Sprocket (စွန်မြီးကော့) ဟုခေါ်ပါသည်။

(၂၅) Ceiling (မျက်နှာကြက်)

(၂၆) Roofing (ခေါင်မိုးမိုးထားသည့် အရာဝတ္တု)

(၂၇) Webs tie (ကန့်လန့်တန်း)

(၂၈) Pitch (ခေါင်အစောင်း)
အမိုးတစ်ခု၏ မျက်နှာပြင် အစောင်းနှင့် ရေပြင်ညီမျဥ်း ဆုံရာတွင် ဖြစ်ပေါ်လာသော ထောင့်ကို Pitch (ခေါင်အစောင်း) ဟုခေါ်ပါသည်။

(၂၉) Pitched Roof (ခေါင်စောက်အမိုး)

(၃၀) Flat Roof (ခေါင်ပြန့်အမိုး)

(၃၁) Batten (ဇလီ)

(၃၂) Flashing
အိမ်မိုးနှင့် နံရံအဆက်ကို မိုးရေလုံအောင် ဖုန်းထားသည့် သတ္ထုပြားကို Flashing ဟုခေါ်ပါသည်။

(၃၃) Skylight (အလင်းဝင်ပေါက်)

(၃၄) Gutter (ရေတံလျောက်)

(၃၅) Chimney (မီးခိုးခေါင်းတိုင်)

(၃၆) Dorme (အမိုးစောင်းမတ်ရပ် ပြတင်းပေါက်)

(၃၇) Soffit (အောက်ဘက်မျက်နှာပြင်)

(၃၈) Leak Barrier (ရေစိမ့်ပေါက်အကာ)

(၃၉) Fall (ရေဆင်း)

(၄၀) Roof Member
အမိုးပစ္စည်းများကို ထမ်း‌ဆောင်နိုင်ရန် အတွက် ဒိုင်းများ၊ မျှားတန်းများ၊ ဒိုင်းခွေများ၊ အုံးလက်နှင့် ရေလိမ်ဒိုင်း အစရှိသည်တို့ကို Roof Member များဟုခေါ်ပါသည်။

(၄၁) Lightning- Conductor (မိုးကြိုးလွှဲပစ္စည်းကိရိယာ)

(၄၂) Drain Water Down (မိုးရေလွှတ်ပြွန်)

(၄၃) Cess Pool (ရေကန်ငယ်)

(၄၄) Lean To Roof (တစ်ဘက်အမိုး)

(၄၅) Couple Roof (နှစ်ဘက်စောင်းအမိုး)

(၄၆) Couple Closed Roof (အခြေထိမ်း ထုပ်တန်းစောင်းအမိုး)

(၄၇) Collar Roof (ဒိုင်းချုပ်ပါသောအမိုး)

(၄၈) King Post Roof Truss (ညာတိုင် တစ်လုံးပါသော ဒိုင်းခွေ)

(၄၉) Queen Post Roof Truss (ညာတိုင် နှစ်လုံးပါသော ဒိုင်းခွေ)

(၅၀) Mansard Truss (ညာတိုင်တစ်လုံးနှင့် နှစ်လုံးပေါင်းစပ် ပြုလုပ်ထားသော ဒိုင်းခွေ)

(၅၁) Laminated Roof Truss (နှစ်ထပ်ဒိုင်းခွေ)

(၅၂) Lantern Light (လည်ပေါ်)

(၅၃) Composite Roof Truss (သစ်သားနှင့်သံပေါင်းစပ်ပြုလုပ်ထားသောဒိုင်းခွေ)

(၅၄) Mild Steel Truss (သံဒိုင်းခွေ)

(၅၅) C.G.I Sheet Roofing (သွပ်ရည်သုတ် သံပြားတွန့်အမိုး)

(၅၆) C.A.C Sheet Roofing (ဘိလပ်မြေကျောက်ဂွမ်းပြားတွန့်အမိုး)

(၅၇) Wagut Roofing (ဝါးကပ်မိုး)

(၅၈) Thatch Roofing (သက်ငယ်အမိုး)

(၅၉) Dhani Roofing (ဓနိအမိုး)

(၆၀) Valley Gutter (ရေလိမ်ရေတံလျောက်)

(၆၁) Eave Gutter (တံစက်မြိတ်ရေတံလျောက်)

MEGA STEEL အိမ်ဆောက်ပစ္စည်း စက်ရုံကြီးမှာဆိုရင် အောက်ခြေကနေ အမိုးအထိ လိုအပ်တဲ့ သံထည်ပစ္စည်း အမျိုးအစား အစုံအလင်ကို စက်ရုံတိုက်ရိုက် စျေးနှုန်းများဖြင့် လက်လီ၊ လက္ကား ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါး တင်ပြလိုက်ပါတယ်ရှင့်🙋‍♀️🙋‍♂️

𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 တွင် ဆိုင် (သို့) 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗡𝗮𝗺𝗲 ကဒ် ပေးပို့ခြင်းအားဖြင့် 𝗣𝗿𝗶𝗰𝗲 𝗨𝗽𝗱𝗮𝘁𝗲 နှင့် 𝗟𝗶𝘀𝘁 များကို ရယူနိုင်ပါပြီ 📥📥📥

🌟သံထည်ပစ္စည်းများ အတွက်
🌟စိတ်အချရဆုံး 𝐌𝐄𝐆𝐀 𝐒𝐓𝐄𝐄𝐋

စက်ရုံလိပ်စာ 👇👇👇
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤 : https://goo.gl/maps/pCSwefWparCAkJiNA

စျေးနှုန်း 𝐔𝐩𝐝𝐚𝐭𝐞 လေးတွေ သိနိုင်ရန် 👇👇👇
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 : https://invite.viber.com/...

📱 Viber : 09750750754; 09750750752; 095150995
☎️ Phone : 09750750754; 09750750752

🏢စက်ရုံလိပ်စာ : အမှတ်(၅၂၉/၃,၄),ပင်လုံလမ်း,စက်မှုဇုန်(၁), တောင်ဒဂုံမြို့နယ်, ရန်ကုန်မြို့။
🏢တောင်ဒဂုံဝေးတဲ့သူတွေ အတွက် 𝐒𝐁𝐆𝐆 လိပ်စာ : အဆောင် (၁၀၃)၊ အခန်း (၄၊၅၊၆)၊ ရွှေဝါလမ်း၊ စော်ဘွားကြီးကုန်း။
🏢နယ်ဝေး 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် ဇေကမ္ဘာလိပ်စာ : အမှတ် (၇၀), ဇေကမ္ဘာ (၇) လမ်း, ဇေကမ္ဘာဝန်း, ရန်ကုန်မြို့။
🏢ပိုမို လွယ်ကူစေရန် မန္တလေးလိပ်စာ : အမှတ်(၉/၈၂), သခင်ဖိုးလှကြီးနှင့် ရောမင်းကြီးလမ်းကြား၊ ၆၂လမ်း, ဇုံ (၁), မန္တလေးမြို့။

#သံဆိုရင်megasteel

သံချောင်းတွေကို စစ်ဆေးတဲ့အခါ ဘာတွေဆောင်ထားပြီး ဘာတွေ သိထားဖို့ လိုအပ်လဲ⁉️𝗗𝗿𝗮𝘄𝗶𝗻𝗴 တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။°°°°°°...
10/03/2026

သံချောင်းတွေကို စစ်ဆေးတဲ့အခါ ဘာတွေဆောင်ထားပြီး ဘာတွေ သိထားဖို့ လိုအပ်လဲ⁉️

𝗗𝗿𝗮𝘄𝗶𝗻𝗴 တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ပထမဆုံး အနေနဲ့ 𝗗𝗿𝗮𝘄𝗶𝗻𝗴 များကို အရင်ဆုံး နားလည်အောင် အချိန်ပေး ကြည့်ရှုထားရပါမယ်၊ 𝗗𝗿𝗮𝘄𝗶𝗻𝗴 ထဲမှာ ပါတဲ့ သံချောင်းတွေရဲ့ အရွယ်အစား၊ အရေအတွက်နဲ့ နေရာတွေကို သိရှိနားလည် သဘောပေါက်ထားရပါမယ်၊ ထိုမှသာလျှင် 𝗦𝗶𝘁𝗲 ထဲမှာ ဖြတ်တောက် တပ်ဆင်ထားတဲ့ သံချောင်းတွေကို သေသေချာချာ မှန်/မမှန် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

ပေကြိုးဘူး ဆောင်ထားရပါမယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သံချောင်းတွေရဲ့ 𝗦𝗽𝗮𝗰𝗶𝗻𝗴, 𝗦𝗽𝗹𝗶𝗰𝗲 𝗟𝗲𝗻𝗴𝘁𝗵 နှင့် 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗟𝗲𝗻𝗴𝘁𝗵 တွေကို အချိန်မရွေး တိုင်းတာနိုင်ဖို့ အတွက် ပေကြိုးဘူး တစ်ခုကို အမြဲတန်း ဆောင်ထားဖို့ လိုအပ်ပါတယ်။

လက်အိပ်စွပ်ထားရပါမယ်။
°°°°°°°°°°°°°°°°°°°°°°°°°
သံချောင်းတွေကို လက်အိတ်မပါပဲ ဒီအတိုင်း ကိုင်မယ်ဆိုရင် ရေရှည်မှာ လက်အရည်ပြား ထိခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့် သံချောင်းတွေကို စစ်ဆေးတဲ့အခါမှာ လက်အိပ် စွပ်ထားဖို့ လိုအပ်ပါတယ်။

ရေပိုက်၊ မီးပိုက်တွေရဲ့ အရွယ်အစားကို သိထားရပါမယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သံချောင်းတွေနှင့်အတူ ကွန်ကရစ်ထဲမှာ ထည့်သွင်းမဲ့ ရေပိုက်၊ မီးပိုက်တွေရဲ့ အရွယ်အစားတွေနဲ့ နေရာအထားအသို များကိုသိထားရပါမယ်၊ မှန်ကန်စွာ ထည့်သွင်း တပ်ဆင်ထားခြင်း ရှိ/မရှိ တစ်ခါတည်း စစ်ဆေးရပါမယ်။

တိုင်းတာ၊ စစ်ဆေးမူတွေ ပြုလုပ်ရပါမယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သံချောင်း 𝗦𝗶𝘇𝗲 တွေ မှန်/မမှန် လုံးပတ်တိုင်း ကိရိယာ (𝗖𝗮𝗹𝗶𝗽𝗲𝗿) နှင့် တိုင်းတာရပါမယ်၊ သံချောင်း 𝗦𝗽𝗮𝗰𝗶𝗻𝗴 ရယ် 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗟𝗲𝗻𝗴𝘁𝗵 ရယ် 𝗟𝗮𝗽/𝗦𝗽𝗹𝗶𝗰𝗲 𝗟𝗲𝗻𝗴𝘁𝗵 တွေကိုလည်း တိုင်းတာ စစ်ဆေးရပါမယ်၊ သံချောင်းတွေ 𝗦𝗮𝗴 အိကျနေတာနဲ့ 𝗕𝘂𝗰𝗸𝗹𝗶𝗻𝗴 ကွေးနေတာမျိုး မရှိစေရပါ၊ သံချောင်းအဆက် 𝗖𝗼𝘂𝗽𝗹𝗲𝗿 တွေ သေသေချာချာ တပ်ဆင်ထားဖို့လည်း လိုအပ်ပါတယ်၊ သံချောင်းတွေ မှန်မှန်ကန်ကန် ဖြတ်တောက်ထားခြင်း ရှိ/မရှိနဲ့ 𝗖𝗼𝘃𝗲𝗿 လုံလောက်မှု ရှိ/မရှိ၊ သံချောင်း အရေအတွက် မှန်ကန်မှု ရှိ/မရှိ အစရှိသဖြင့် တိုင်းတာစစ်ဆေးရပါမယ်။

သံချောင်း အရည်အသွေးနဲ့ ပတ်သက်ပြီး စစ်ဆေးရပါမယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
𝗧𝗲𝗻𝘀𝗶𝗹𝗲 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵 𝗧𝗲𝘀𝘁, 𝗧𝗼𝗿𝘀𝗶𝗼𝗻 𝗙𝗮𝗶𝗹𝘂𝗿𝗲 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵 𝗧𝗲𝘀𝘁 စတဲ့ သံချောင်းအရည်အသွေးနဲ့ ပတ်သက်ပြီး စမ်းသပ်ပြီးသား သံချောင်းများ ဟုတ်/မဟုတ် စစ်ဆေးရပါမယ်။

သံချောင်း နေရာ၊ အထားအသို စစ်ဆေးရပါမယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သံချောင်းတွေ နေရာ အထားအသို မှားယွင်းခြင်း ရှိ/မရှိ စစ်ဆေးရပါမယ်။

ကျမတို့ 𝐌𝐞𝐠𝐚 𝐒𝐭𝐞𝐞𝐥 တွင် အရည်အသွေး ကောင်းမွန်သော 𝗗𝗲𝗳𝗼𝗿𝗺𝗲𝗱 𝗕𝗮𝗿 များကို 𝟭𝟬𝗺𝗺 မှစ၍ 𝟮𝟱𝗺𝗺 အထိ အရွယ်အစားမျိုးစုံကို စက်ရုံတိုက်ရိုက် စျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါး တင်ပြအပ်ပါတယ်ရှင်🙋‍♀️🙋‍♂️

𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 တွင် ဆိုင် (သို့) 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗡𝗮𝗺𝗲 ကဒ် ပေးပို့ခြင်းအားဖြင့် 𝗣𝗿𝗶𝗰𝗲 𝗨𝗽𝗱𝗮𝘁𝗲 နှင့် 𝗟𝗶𝘀𝘁 များကို ရယူနိုင်ပါပြီ 📥📥📥

🌟သံထည်ပစ္စည်းများ အတွက်
🌟စိတ်အချရဆုံး 𝐌𝐄𝐆𝐀 𝐒𝐓𝐄𝐄𝐋

စက်ရုံလိပ်စာ 👇👇👇
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤 : https://goo.gl/maps/pCSwefWparCAkJiNA

စျေးနှုန်း 𝐔𝐩𝐝𝐚𝐭𝐞 လေးတွေ သိနိုင်ရန် 👇👇👇
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 : https://invite.viber.com/...

📱 Viber : 09750750754; 09750750752; 095150995
☎️ Phone : 09750750754; 09750750752

🏢စက်ရုံလိပ်စာ : အမှတ်(၅၂၉/၃,၄),ပင်လုံလမ်း,စက်မှုဇုန်(၁), တောင်ဒဂုံမြို့နယ်, ရန်ကုန်မြို့။
🏢တောင်ဒဂုံဝေးတဲ့သူတွေ အတွက် 𝐒𝐁𝐆𝐆 လိပ်စာ : အဆောင် (၁၀၃)၊ အခန်း (၄၊၅၊၆)၊ ရွှေဝါလမ်း၊ စော်ဘွားကြီးကုန်း။
🏢နယ်ဝေး 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် ဇေကမ္ဘာလိပ်စာ : အမှတ် (၇၀), ဇေကမ္ဘာ (၇) လမ်း, ဇေကမ္ဘာဝန်း, ရန်ကုန်မြို့။
🏢ပိုမို လွယ်ကူစေရန် မန္တလေးလိပ်စာ : အမှတ်(၉/၈၂), သခင်ဖိုးလှကြီးနှင့် ရောမင်းကြီးလမ်းကြား၊ ၆၂လမ်း, ဇုံ (၁), မန္တလေးမြို့။









တောင်သူလယ်သမားနေ့ (Peasants' Day) 🌾🚜💪 တိုင်းပြည်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ တောင်သူဦးကြီးများရဲ့ လုပ်အားနဲ့ စိတ်ဓာတ်ဟာ သံ...
02/03/2026

တောင်သူလယ်သမားနေ့ (Peasants' Day) 🌾🚜

💪 တိုင်းပြည်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ တောင်သူဦးကြီးများရဲ့ လုပ်အားနဲ့ စိတ်ဓာတ်ဟာ သံမဏိထက်ပင် ပိုမို ခိုင်မာပါတယ်...

နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာကို ပံ့ပိုးပေးနေတဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်... 🌾🚜

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595150995

Alerts

Be the first to know and let us send you an email when Mega Steel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mega Steel:

Share