Orona Elevator Myanmar

Orona Elevator Myanmar Orona was established since 1964 in Spain. Orona products are 100% European Production. 1 out of every 10 new elevators in Europe is Orona.

Certain Expect Service Co.,Ltd is authorised distributor for Myanmar market.

24/12/2025
🙏🏻 ကရင်နှစ်သစ်ကူး ဆုတောင်း 🙏🏻(𝟏𝟗.𝟏𝟐.𝟐𝟎𝟐𝟓) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ် နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာနိုင်ငံရှိ တိ...
19/12/2025

🙏🏻 ကရင်နှစ်သစ်ကူး ဆုတောင်း 🙏🏻

(𝟏𝟗.𝟏𝟐.𝟐𝟎𝟐𝟓) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ် နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အေးချမ်းသာယာ​ကြပါစေကြောင်း Certain Expect Service Company Limited (CES) မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Certain Expect Service  သို့မဟုတ် ဓါတ်လှေကား လိုအပ်ချက်တိုင်း အတွက် CESမြင့်မားသော အဆောက်အဦများအတွက် ဓါတ်လှေကား တပ်ဆင်ခြ...
26/11/2025

Certain Expect Service သို့မဟုတ်
ဓါတ်လှေကား လိုအပ်ချက်တိုင်း အတွက် CES

မြင့်မားသော အဆောက်အဦများအတွက် ဓါတ်လှေကား တပ်ဆင်ခြင်းနဲ့ ထိန်းသိမ်းခြင်း ဆိုသည်မှာ ထင်သလောက် လွယ်ကူသည့် အလုပ်မဟုတ်ပါဘူး။ အမှန်တကယ် ဘေးကင်းရေးစံချိန်များလိုက်နာရမယ့် နည်းပညာကျွမ်းကျင်သူတွေမှ သေသေချာချာ စစ်ဆေးပြီး တပ်ဆင်ပေးမှအဆင်ပြေချောမွေ့မှု ရှိပါလိမ့်မည်။

မြန်မာနိုင်ငံ ဈေးကွက်အတွက် CES (Certain Expect Service Company) မှ Orona Elevators (Spain) ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Orona သည် ဥရောပ တွင် ထုတ်လုပ်ကာ ဥရောပ၊ အာရှ၊ လက်တင်အမေရိကအထိ နိုင်ငံ ၁၀၀ ကျော် တွင် အသုံးပြုနေသည့် ထင်ရှားသော Elevators & Escalators Brand ဖြစ်ပြီး—

* အရည်အသွေးမြင့် Safety System
* ဂလိုဘယ်အဆင့်မီ Drive Technology
* ECODESIGN နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေသည့် Solutionsများ

စသည့် အချက်တွေကြောင့် ကမ္ဘာ တစ်ဝှမ်းမှာယုံကြည်စိတ်ချမှုအပြည့်အဝ ရရှိထားသည့် Brand တစ်ခုဖြစ်ပါသည်။

CES သည် စပိန်နိုင်ငံတွင် အစအဆုံး ထုတ်လုပ်သော Orona ဓါတ်လှေကား အား မြန်မာနိုင်ငံသို့ စပိန်နိုင်ငံမှ တိုက်ရိုက် တင်သွင်းပေးနေသည့် တစ်ဦးတည်း ကိုယ်စားလှယ် ကုမ္ပဏီ ဖြစ်ပါသည်။

✔ ၁၀၀ % ဥရောပ နည်းပညာ နှင့် အရည်အသွေး
✔ လစဉ် ပြင်ဆင်ထိန်းသိမ်းပေးမည့် ကျွမ်းကျင်သည့် Maintenance Team
✔ အစိတ်အပိုင်းအစစ်အမှန် OEM Parts

Orona ရဲ့ 100% Europe Quality နှင့် CES Expertise ပူးပေါင်းမှုမှသည် မြန်မာဈေးကွက်အတွက် အပြီးသတ်ယုံကြည်စိတ်ချရသော Elevator Solution တစ်ခု ဖြစ်စေပါသည်။

တသက်တာ စိတ်ချမ်းသာစေဖို့ “Quality, Safety, Reliability” ကို တစ်ခါတည်းရစေမဲ့ Brand နဲ့ Company ကိုရွေးချယ်ဖို့ အချိန်ကောင်း ဖြစ်ပါသည်။

လိုအပ်ချက်ရှိပါက ဆက်သွယ်ရန်

Certain Expect Service Co., Ltd.

Yangon:
No(69), Bo Mhuu Ba Htoo Street, 43 Quarter, North Dagon Township, Yangon
Hot Line: 09964449990

Mandalay:
No.71/F, Between 70 & 71 Street, Between 32 & 33 Street,
Yan Myo Lone Quarter, Mandalay
Hot Line: 09 252222096

အဆောက်အဦရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် မြှင့်တင်ခြင်း အကောင်းဆုံး စွမ်းဆောင်ရည်အတွက် စပိန်နိုင်ငံထုတ် ORONA ဓာတ်လှေကား ဖြ...
21/10/2025

အဆောက်အဦရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် မြှင့်တင်ခြင်း

အကောင်းဆုံး စွမ်းဆောင်ရည်အတွက် စပိန်နိုင်ငံထုတ် ORONA ဓာတ်လှေကား ဖြင့် သင့်အဆောက်အဦကို ဥရောပစံနှုန်းအရည်အသွေးဖြင့် အဆင့်မြှင့်တင်လိုက်ပါ။ နှစ်ပေါင်း ၆၀ကျော် အတွေ့အကြုံနှင့် ခိုင်မာသောသမိုင်းကြောင်းကို ပိုင်ဆိုင်ထားသည့် Orona သည် ဥရောပမှ တိုက်ရိုက်ထုတ်လုပ်သော စိတ်ချယုံကြည်ရဆုံး ဓာတ်လှေကားများဖြစ်ပါသည်။

စီးပွားရေး အဆောက်အဦများအတွက် အထူးစွမ်းဆောင်ရည်

- စွမ်းအင်ချွေတာခြင်း (Energy Savings)

- ကြာရှည်ခံပြီး ယုံကြည်စိတ်ချရသော စွမ်းဆောင်ရည် (Maximum Uptime)

- နောက်ဆုံးပေါ် နည်းပညာများ (Technical Edge) တို့ဖြင့် သင့်လုပ်ငန်းအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်စေမှာပါ။

မှန်ကန်သောဓာတ်လှေကားရွေးချယ်မှုဖြင့် သင့်လုပ်ငန်းအောင်မြင်မှုကို မည်သို့တည်ဆောက်နိုင်ပုံကို သိရှိရန် ယခုပဲ ဆက်သွယ်လိုက်ပါ။

ဆက်သွယ်ရန် - Certain Expect Service Co., Ltd.

ရန်ကုန်: အမှတ်(၆၉)၊ ဗိုလ်မှူးဘထူးလမ်း၊ ၄၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ Hot Line: 09 9644449990

မန္တလေး: အမှတ် ၇၁/အက်ဖ်၊ လမ်း ၇၀ နှင့် ၇၁ ကြား၊ လမ်း ၃၂ နှင့် ၃၃ ကြား၊ ရန်မျိုးလုံရပ်ကွက်၊ မန္တလေး။ Hot Line: 09 252222096

#ဓာတ်လှေကား

 #သီတင်းကျွတ်ဆုမွန်လွှာ #ဓါတ်လှေကားအတွက်CESမကြာမီကာလအတွင်း ဝါလကင်းလွတ် သီတင်းကျွတ်ကို ရောက်ရှိတော့မည် ဖြစ်ပါသည်။  ဥပုသ်သ...
01/10/2025

#သီတင်းကျွတ်ဆုမွန်လွှာ

#ဓါတ်လှေကားအတွက်CES

မကြာမီကာလအတွင်း ဝါလကင်းလွတ် သီတင်းကျွတ်ကို ရောက်ရှိတော့မည် ဖြစ်ပါသည်။

ဥပုသ်သီတင်း ဆောက်တည်ကြသော ဝါတွင်းကာလ ကုန်ဆုံးချိန်ဖြစ်၍ သီတင်းကျွတ် ဟု ခေါ်ကြသည်။ မိုးလေကင်းလွတ်သော ကာလဖြစ်သောကြောင့် အလှူမင်္ဂလာပွဲများဖြင့် အထူး စည်ကားသိုက်မြိုက်သော ကာလ ဖြစ်ပါသည်။

ဤကဲ့သို့ ထူးမြတ်လှသော ကာလ သီတင်းကျွတ်အခါသမယတွင် Certain Expect Service Co., Ltd (CES) ၏ မိတ်ဆွေများအားလုံး စီးပွါးရေးလုပ်ငန်းများ ပိုမို အဆင်ပြေကြပါစေကြောင်း နှင့် ကိုယ်ရော စိတ်ပါ ကျန်းမာ ရွှင်လန်းကြပါစေကြောင်း သီတင်းကျွတ် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

Certain Expect Service Co., Ltd

ဓာတ်လှေကား၏ သမိိုင်းကြောင်း ဓာတ်လှေကားများသည် လူ့သမိုင်းတွင် အရေးအကြီးဆုံး တီထွင်မှုတစ်ခုဟု ဆိုနိုင်သည်.။ ၎င်းတို့၏ စွမ်...
27/08/2025

ဓာတ်လှေကား၏ သမိိုင်းကြောင်း

ဓာတ်လှေကားများသည် လူ့သမိုင်းတွင် အရေးအကြီးဆုံး တီထွင်မှုတစ်ခုဟု ဆိုနိုင်သည်.။ ၎င်းတို့၏ စွမ်းအင်တခုခုဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လက်တွေ့ကျသော အဆောက်အဦများ ဖန်တီးရာတွင် အရေးပါလှပါသည်။

ဓာတ်လှေကားသည် ရှေးခေတ်ဂရိနိုင်ငံမှ မူလ တည်ထွင်ထားပြီးဖြစ်သည့် ပူလီ ဘီးစနစ်အား ပထမဆုံး ဓာတ်လှေကားအဖြစ် လိုက်လျောညီထွေတည်ဆောက်ထားခြင်းဖြစ်သည်။ နာမည်ကျော် ပညာရှင် အာခီမီးဒီးက ဘီစီ 236 တွင် ပထမဆုံး ဓာတ်လှေကားကို စတင် တီထွင်ခဲ့သည်ဟု သိရပါသည်။

ဘာအတွက်ပဲ ဖြစ်ဖြစ် ဓါတ်လှေကားအတွက် လိုအပ်ချက် ရှိပါက Certain Expect Service ကို သတိရလိုက်ပါ

ကျွန်တော်များ Certain Expect Service 𝐂𝐨., 𝐋𝐭𝐝 မှ လူကြီးမင်း၏ အဆောက်အဦအတွက် ဓါတ်လှေကား အသစ် တပ်ဆင်လိုသည် ဖြစ်စေ၊ တပ်ဆင်ပြီး ဓါတ်လှေကားကို ပြုပြင်ထိန်းသိမ်းလိုသည်ဖြစ်စေ၊ ဓါတ်လှေကားနှင့် ပတ်သက်သော အခြား Engineer လုပ်ငန်းများအတွက် ဖြစ်စေ အစအဆုံး အကြံဉာဏ်နှင့် ဆွေးနွေးမှုများကို ဝန်ဆောင်မှု ပေးနိုင်ရန် အသင့်ရှိနေပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Certain Expect Service Co., Ltd

Yangon:
No.69, Bohmu Ba Htoo Road, 43rd Quarter, North Dagon, Yangon, Myanmar
Hot Line: 09964449990, 093147 9020

Mandalay:
No.71/F, Between 70 & 71 Street, Between 32 & 33 Street,
Yan Myo Lone Quarter, Mandalay
Hot Line: 09 252222096

 #ဓါတ်လှေကားအတွက်CESကျွန်ုပ်တို့ Certain Expect Service Co., Ltd (CES) သည် မြန်မာနိုင်ငံမှ မိတ်ဆွေများအတွက် ဓါတ်လှေကားနှ...
22/07/2025

#ဓါတ်လှေကားအတွက်CES

ကျွန်ုပ်တို့ Certain Expect Service Co., Ltd (CES) သည် မြန်မာနိုင်ငံမှ မိတ်ဆွေများအတွက် ဓါတ်လှေကားနှင့် ပတ်သက်သော ဝန်ဆောင်မှုများ ပေးခဲ့သည့်မှာ ဆယ်စုနှစ် ကျော်ခဲ့ပြီ ဖြစ်ပါသည်။

CES မှ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချသော ORONA ဓါတ်လှေကားသည် စပိန်နိုင်ငံတွင် အစအဆုံး ထုတ်လုပ်ခြင်း ဖြစ်သောကြောင့် ဥရောပ အရည်အသွေးမြင့် ပစ္စည်းကို သုံးစွဲလိုသူ မိတ်ဆွေများ အထူးနှစ်သက်သည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။

စပိန်နိုင်ငံရှိ ORONA စက်ရုံမှ တိုက်ရိုက် တင်သွင်းသော "လူစီး" ဓါတ်လှေကား၊ "ပစ္စည်းတင်" ဓါတ်လှေကား၊ "မော်တော်ယဥ်တင်" ဓါတ်လှေကား စသော ဝန်တင် ဓါတ်လှေကားများအား တပ်ဆင် မောင်းနှင်ပေးခြင်း၊ upgrade လုပ်ပေးခြင်း နှင့် ထိန်းသိမ်းခြင်း များကို မည်သည့် ဝန်အမျိုးအစားအတွက် ဖြစ်စေ ကျွန်ုပ်တို့ ကုမ္ပဏီမှ အဆင်အပြေဆုံး ဖြစ်အောင် ဝန်ဆောင်မှု ပေးနေပါသည်။

ORONA မှ high-rise အထပ်မြင့် အဆောက်အဦများတွင် လူနှင့် ပစ္စည်းအတင်အချအတွက် အသုံးပြုရန် လုံခြုံမှု သက်တောင့်သက်သာ အရှိဆုံးဖြစ်သော မြန်နှုန်းမြင့် ဓါတ်လှေကားများကို ထုတ်လုပ်ထားပါသည်။

အထပ်မြင့် အဆောက်အဦများအတွက် လိုအပ်သော Capacity နှင့် မြန်နှုန်း ရရှိနိုင်ရန်အတွက် လိုအပ်သော Suspension Machinery နှင့် အခြား Special Equipment များ ထည့်သွင်း ထုတ်လုပ်ထားပါသည်။ အထပ်မြင့် အဆောက်အဦများတွင် အသုံးပြုသည့် Orona ဓါတ်လှေကားသည် တစက္ကန့်ကို ၂.၅ မီတာ နှုန်းဖြင့် ခရီးသည်နှင့် ပစ္စည်းများ အတင်အချ ပြုလုပ်ပေးနိုင်ပါသည်။ Machine Room နှင့် ဖြစ်စေ Machine Room မပါသည့် အမျိုးအစား ဖြစ်စေ ရရှိနိုင်ပြီး အထပ်မြင့် လူနေတိုက်ခန်း၊ ဟိုတယ်၊ ရုံးခန်း၊ ဆေးရုံ စသည့် မည်သည့် အဆောက်အဦ အတွက်မဆို အဆင်ပြေစွာ အသုံးပြုနိုင်ကြောင်း တင်ပြအပ်ပါသည်။

Certain Expect Service Co., Ltd.

Yangon:
No(69), Bo Mhuu Ba Htoo Street, 43 Quarter, North Dagon Township, Yangon
Hot Line: 099644449990

Mandalay:
No.71/F, Between 70 & 71 Street, Between 32 & 33 Street,
Yan Myo Lone Quarter, Mandalay
Hot Line: 09 252222096
hot line: 09 964 449990

Feel free to apply!
11/07/2025

Feel free to apply!

 #ဓါတ်လှေကားမတပ်ဆင်မီဒါတွေကြည့်ပါ #လုံခြုံစိတ်ချရမှုစက်လှေကား ဓါတ်လှေကားများသည် သာမန် စက်ပစ္စည်းတစ်ခု မဟုတ်ပဲ လူအများ အသ...
20/06/2025

#ဓါတ်လှေကားမတပ်ဆင်မီဒါတွေကြည့်ပါ

#လုံခြုံစိတ်ချရမှု

စက်လှေကား ဓါတ်လှေကားများသည် သာမန် စက်ပစ္စည်းတစ်ခု မဟုတ်ပဲ လူအများ အသုံးပြသည့် ပစ္စည်း ဖြစ်သောကြောင့် လုံခြုံစိတ်ချရမှုနှင့် အရည်အသွေးကောင်းမွန်မှု အထူး အရေးကြီးလှပါသည်။ ထို့ကြောင့် တပ်ဆင်မည့် ဓါတ်လှေကား၏ Safety နှင့် အရည်အသွေးကို မတပ်ဆင်မီ လေ့လာသုံးသပ်သင့်ပါသည်။

#ဓါတ်လှေကားCapacity

ဓါတ်လှေကား အသုံးပြုသူ အရေအတွက်ကို မတပ်ဆင်မီ ကြိုတင်၍
လေ့လာသင့်ပါသည်။ အသုံးပြုမည့်သူ အရေအတွက်ထက် ဓါတ်လှေကား capacity  သေးနေမည်ဆိုပါလျှင် အသုံးပြုသူများ ကြာမြင့်စွာ စောင့်ဆိုင်းရမည် ဖြစ်သောကြောင့် အချိန်ကုန်၍ အဆင်မပြေနိုင်သလို ဆိုက်ကြီးကြီး မှာယူတပ်ဆင်လိုက်ပါက ငွေကုန်ကြေးကျ များစေသည်ကို သတိပြုပါ။



အိမ်သုံး ဓါတ်လှေကားဆိုလျှင် အိမ်နှင့် လိုက်ဖက်၍ ကြည့်ကောင်းမည့် ပုံစံ သို့မဟုတ် လှပသော Decoration နဲ့ Design ကို ရွေးချယ်ခြင်း၊ အိမ်ကို ပိုမို လှပစေသည့် မှန်တံခါးနဲ့ ဓါတ်လှေကား ကိုရွေးချယ်ခြင်းသည် အဆင်ပြေသော်လည်း ရုံးအဆောက်အဦနှင့် စူပါမားကက်ကဲ့သို့ လူပေါင်းများစွာ အသုံးပြုမည့်နေရာတွင် Heavy Duty အကြမ်းခံနိုင်သော Design ကို စဥ်းစားသင့်ပါသည်။ ထို့ကြောင့် တပ်ဆင်မည့် အဆောက်အဦအမျိုးအစားအပေါ် မူတည်ပြီး လိုက်ဖက်ညီသည့် Design ကို ကြိုတင်စဥ်းစားသင့်သည်။



အရည်အသွေး မကောင်းသည့် ဓါတ်လှေကားအား စျေးအနည်းငယ် သက်သာသောကြောင့် တပ်ဆင်ပြီး စိတ်ပျက်ရသည်ထက် ဈေးနှုန်း အနည်းငယ် ပိုပေးရပြီး Quality ကောင်းသော ပစ္စည်းကို သုံးလိုက်ခြင်းသည် နောက်ပိုင်း ပိုမို စိတ်ချမ်းသာရနိုင်ပါသည်။ ဈေးကွက်ထဲတွင် နာမည် ဂုဏ်သတင်းရှိသော အမျိုးအစားကို ရွေးချယ်တပ်ဆင်သင့်ပါသည်။



နည်းပညာများ မြင့်မားလာသည့် အချိန်တွင် ဓါတ်လှေကားအတွက် access key card တပ်ရန် လိုအပ်မည် သို့မဟုတ် CCTV စနစ် တပ်ဆင်ရန် လိုအပ်ချက်ရှိမရှိ ကြိုတင်စဥ်းစားသင့်ပါသည်။ ထိုစနစ်များသည် ဓါတ်လှေကား တပ်ဆင်ပြီးအချိန်မှ တပ်ဆင်လျှင် ကုန်ကျစားရိတ်များပါသည်။



မိမိဓါတ်လှေကားရဲ့ Safety ပိုင်းအတွက် အကောင်းဆုံးနည်းလမ်းမှာ ဓါတ်လှေကားကို လစဥ် ပြုပြင်ထိန်းသိမ်းခြင်းဖြစ်သည်။ ကျွမ်းကျင် ပညာရှင်များနှင့် Maintenance Contract ချုပ်ဆိုပြီး အသုံးပြုသည့် အတွက် ပုံမှန် ကုန်ကျစားရိတ် ရှိလာမည်ကို သတိချပ်ရမည် ဖြစ်ပါသည်။

မိတ်ဆွေ၏ ဓါတ်လှေကား လိုအပ်ချက်များအတွက် ဆက်သွယ်ရန်

Certain Expect Service Co., Ltd.

Yangon:
No(69), Bo Mhuu Ba Htoo Street, 43 Quarter, North Dagon Township, Yangon
Hot Line: 099644449990

Mandalay:
No.71/F, Between 70 & 71 Street, Between 32 & 33 Street,
Yan Myo Lone Quarter, Mandalay
Hot Line: 09 252222096

#ဓါတ်လှေကားအတွက်CES

Orona ၏ Ecodesign အကြောင်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ကျွန်ုပ်တို့၏ အဖွဲ့အစည်းဆိုင်ရာ ကတိကဝတ်ကြောင့် O...
09/06/2025

Orona ၏ Ecodesign အကြောင်း

သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ကျွန်ုပ်တို့၏ အဖွဲ့အစည်းဆိုင်ရာ ကတိကဝတ်ကြောင့် Orona သည် ISO 14006 Ecodesign လက်မှတ်ရရှိရန် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဓာတ်လှေကား ကုမ္ပဏီဖြစ်လာခဲ့သည်။

ဤနည်းအားဖြင့် ကျွန်ုပ်တို့ ထုတ်ကုန်များအတွက် ဒီဇိုင်းအဆင့်နှင့် eco-indicators များ အသုံးပြုနေစဉ်အတွင်း ထုတ်ကုန်၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို အလွန် ပြည့်စုံသောပုံစံဖြင့် အကဲဖြတ်ပြီး ဖြစ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ချို့ယွင်းချက်များကို ပြုပြင်ကာ ထုတ်ကုန်၏ life cycle တစ်ခုလုံးကို ထည့်သွင်းစဉ်းစားကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆိုင်ရာ အလုံးစုံတိုးတက်မှုကို အမြဲရှာဖွေနေကြောင်း တင်ပြအပ်ပါသည်။

Certain Expect Service Co., Ltd.

Yangon:
No.69, Bohmu Ba Htoo Road, 43rd Quarter, North Dagon, Yangon, Myanmar
Hot Line: 09964449990

Mandalay:
No.71/F, Between 70 & 71 Street, Between 32 & 33 Street,
Yan Myo Lone Quarter, Mandalay
Hot Line: 09 252222096

ကမ္ဘာမြေနေ့ (Earth Day)ကမ္ဘာမြေနေ့သည် နှစ်စဉ် ဧပြီလ (၂၂)ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပံ့ပိုးကူညီမှုဖြင့...
22/04/2025

ကမ္ဘာမြေနေ့ (Earth Day)

ကမ္ဘာမြေနေ့သည် နှစ်စဉ် ဧပြီလ (၂၂)ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပံ့ပိုးကူညီမှုဖြင့် သရုပ်ပြခြင်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု၏ အရေးပါမှုကို သတိပေးချက်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ရင်ဆိုင်နေရသော အရေးပါသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို သတိပြုမိစေရန်နှင့် ၎င်းတို့အား ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများကို လှုံ့ဆော်ရန်အတွက် Earth Day ကို ကျင်းပပါသည်။

ဧပြီလ 22 ရက် 1970 တွင် ပထမအကြိမ် ကမ္ဘာမြေနေ့ အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း 193 ကျော်ရှိ လူ 1 ဘီလီယံအပါအဝင် Earthday.org မှ ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ပွဲများ စီစဉ်ကျင်းပကြသည်ဟု သိရသည်။

2025 အတွက်တရားဝင်ဆောင်ပုဒ်မှာ " “Our Power, Our Planet,” ဖြစ်သည်။ ကမ္ဘာမြေကြီးကို ရေရှည် တည်တံ့စေရန် ပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် ဖန်လုံအိမ်ဓါတ်ငွေ့များ လျှော့ချနိုင်ရေးအတွက်ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် နျူကလီးယားကဲ့သို့သော အခြားသော အရင်းအမြစ်များကဲ့သို့သော ရုပ်ကြွင်းလောင်စာများမှ ထုတ်လုပ်သည့် အသုံးပြုမှု လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ Renewable စွမ်းအင်ကိုပိုမို အသုံးပြုစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

လူသားမျိုးနွယ်စုနှင့် သတ္တဝါများ အတူတကွ နေထိုင်ကြသော ကမ္ဘာမြေ အစဉ်တည်တန့် သာယာရေးအတွက် ကမ္ဘာသူ ကမ္ဘာသားအားလုံး အထူး အလေးထားကြရန် လိုကြောင်း Orona Elevator မှ နှိုးဆော် တင်ပြလိုက်ရပါသည်။

CES ၏ အတာသင်္ကြန် ဆုမွန်မကြာခင် ရက်များတွင် မြန်မာသက္ကရာဇ် ၁၃၈၆ မှ ၁၃၈၇ သို့ ကူးပြောင်းသော အတာသင်္ကြန်ကာလသို့ ရောက်ရှိလာ...
10/04/2025

CES ၏ အတာသင်္ကြန် ဆုမွန်

မကြာခင် ရက်များတွင် မြန်မာသက္ကရာဇ် ၁၃၈၆ မှ ၁၃၈၇ သို့ ကူးပြောင်းသော အတာသင်္ကြန်ကာလသို့ ရောက်ရှိလာတော့မည် ဖြစ်ပါသည်။

ဤသို့ မင်္ဂလာရှိလှသော အချိန်အခါ သမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဘေးဒုက္ခအန္တရာယ်အသွယ်သွယ်မှ လွတ်မြောက်ကြပါစေကြောင်း Certain Expect Service ကုမ္ပဏီ မိသားစုမှ နှစ်သစ်ကူးဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

Certain Expect Service Co., Ltd.
Orona Myanmar

Address

No. 69, Bohmu Ba Htoo Road, 43rd Quarter, North Dagon
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959964449990

Alerts

Be the first to know and let us send you an email when Orona Elevator Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Orona Elevator Myanmar:

Share